သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ဒုသမ္မတကို အရေးယူဖို့ အောက်လွှတ်တော်ဆုံးဖြတ်


ဖိလစ်ပိုင်နိုင်ငံ၊ ဒုသမ္မတလည်းဖြစ်၊ သမ္မတဟောင်း ရိုဒရီကို ဒူတာတေးရဲ့သမီးလည်းဖြစ်တဲ့ Sara Duterte ကို မနီလာမြို့တော်က သတင်းစာရှင်းလင်းပွဲတခုမှာ တွေ့ရစဥ်။ (ဒီဇင်ဘာ ၁၁၊ ၂၀၂၄)
ဖိလစ်ပိုင်နိုင်ငံ၊ ဒုသမ္မတလည်းဖြစ်၊ သမ္မတဟောင်း ရိုဒရီကို ဒူတာတေးရဲ့သမီးလည်းဖြစ်တဲ့ Sara Duterte ကို မနီလာမြို့တော်က သတင်းစာရှင်းလင်းပွဲတခုမှာ တွေ့ရစဥ်။ (ဒီဇင်ဘာ ၁၁၊ ၂၀၂၄)

ဖိလစ်ပိုင်ဒုတိယသမ္မတ Sara Duterte ကို အရေးယူဖို့ ဖိလစ်ပိုင်အောက်လွှတ်တော်က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် သမ္မတနဲ့ သဘောထားကွဲပြားမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့တဲ့ ဒုသမ္မတကို ရာထူးကဖယ်ရှားဖို့အထိဖြစ်လာမယ့် အထက်လွှတ်တော် ကြားနာစစ်ဆေးမှု တွေဖြစ်လာဖို့ လမ်းကြောင်းပွင့်သွားပြီ ဖြစ်ပါတယ်။

အချက်အလက်အသေးစိတ်ကိုမသိရသေးပေမဲ့ သမ္မတ Ferdinand Marcos ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှု၊ ပြည်သူပိုင်ဘဏ္ဍာငွေ ဒေါ်လာသန်းနဲ့ချီ အလွဲသုံးစားလုပ်ခဲ့မှုအပါအဝင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ က စွပ်စွဲချက် ၃ ခုနဲ့ တိုင်ကြားခဲ့ပြီးနောက် အခုလို အောက်လွှတ်တော်က မဲခွဲ ဆုံးဖြတ်လိုက်တာပါ။

အောက်လွှတ်တော်အမတ် ၂၁၅ ယောက်ရှိတဲ့အထဲက ၃ ပုံ ၁ ပုံက တင်သွင်းလာတဲ့အတွက် ဒုသမ္မတကိုတရားစွဲမယ့်အဆိုကို အတည်ပြုကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ Martin Romualdez က လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။

အရင် ဖိလစ်ပိုင်သမ္မတဟောင်း Rodrigo Duterte ရဲ့သမီးလည်းဖြစ်တဲ့ ဒုသမ္မတရဲ့ကံကြမ္မာ ဘယ်လို ဖြစ်လာမလဲဆိုတာကတော့ အခုချိန်မှာ အထက်လွှတ်တော်အမတ် ၂၄ ဦးအပေါ် မူတည်နေပါတယ်။ သူမကို ရာထူးကဖယ်ရှားပြီး အနာဂတ်မှာ အစိုးရတာဝန်ထမ်းဆောင်ခွင့် ရှိမရှိဆိုတာ အတည်ဖြစ်နိုင်ဖို့ အထက်လွှတ်တော်အမတ် ၃ ပုံ ၂ ပုံရဲ့ ထောက်ခံမဲရရှိဖို့ လိုအပ်ပါတယ်။ အထက်လွှတ်တော် ကြားနာ စစ်ဆေးမှုတွေ ဘယ်နေ့မှာလုပ်မယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

မကြာခင်ကျင်းပမယ့် ကြားကာလရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုမစခင်တရက်အလို မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အောက်လွှတ်တော်က ဒုသမ္မတကိစ္စကို မဲခွဲ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒီ ကြားကာလရွေးကောက်ပွဲက ၂၀၂၈ ခုနှစ်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲ ဘယ်သူနိုင်မယ် ဆိုတာကို ကြိုတင် ဟောကိန်းထုတ်မယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG