သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်တွေ အသတ်ခံရတာ ဖိလစ်ပိုင်သမ္မတသစ် ကျေနပ်


ဖိလစ်ပိုင်သမ္မတသစ် Rodrigo Duterte သတင်းမီဒီယာနဲ့တွေ့ဆုံစဉ် ။ (မေ ၉၊ ၂၀၁၆)
ဖိလစ်ပိုင်သမ္မတသစ် Rodrigo Duterte သတင်းမီဒီယာနဲ့တွေ့ဆုံစဉ် ။ (မေ ၉၊ ၂၀၁၆)

ဖိလစ်ပိုင်မှာ အသစ်တက်မယ့် သမ္မတသစ်ဟာ မကြာခင်က ပစိဖိတ်ကျွန်းစုနိုင်ငံမှာ သတင်းသမားတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စကို မှတ်ချက်ပြု ပြောစကားတွေနဲ့ ပက်သက်လို့ နိုင်ငံတကာ မီဒီယာ အဖွဲ့တွေက ပြစ်တင် ရှုံ့ချခဲ့ပါတယ်။

ဖိလစ်ပိုင် သမ္မတအဖြစ်ရွေးကောက်ခံရတဲ Rodrigo Duterte ဟာ သတင်းထောက်တွေဟာ အကျင့်ပျက်လို့ အသတ်ခံရတာဖြစ်တယ်လို့ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပြီး၊ ကျန်တဲ့သတင်းထောက်တွေလဲ အသုံးမကျရင် အသတ်ခံရလိမ့်မယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်စုအတွင်း သတင်းထောက် ၂၀၀ကျော်အထိ သတ်ဖြတ်ခံခဲ့ရပြီး၊ ကမ္ဘာပေါ်မှာ သတင်းသမားတွေအတွက် အန္တရာယ် အရှိဆုံး နေရာတစ်ခုဖြစ်နေပါတယ်။

Duterte ရဲ့ မှတ်ချက် စကားဟာ တရားစီရင်မှုမရှိပဲ သတ်ဖြတ်မှုတွေကို ခွင့်လွှတ်တဲ့ သဘောသက်ရောက်နေပြီး ဖိလစ်ပိုင်နိုင်ငံကို သတင်းထောက်တွေအတွက် လူသတ်ကွင်းတစ်ခု အဖြစ် ပြောင်းလဲသွားအောင်လုပ်ဖို့ ခြိမ်းခြောက်နေတယ် လို့ သတင်းသမားများ ကာကွယ်ရေး ကော်မတီက ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သတင်းထောက်တွေ အသတ်ခံရတာ ဖိလစ်ပိုင်သမ္မတသစ် ကျေနပ်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG