[Zawgyi/Unicode]
ဖိလစ္ပိုင္ႏိုင္ငံမွာ တရားမဝင္ ၾကက္တိုက္ ေလာင္းကစားဝိုင္းတခုကို ဝင္ေရာက္ဖမ္းဆီးခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ေယာက္ ၾကက္အတက္မွာ တပ္ထားတဲ့ ဘလိတ္ဓားနဲ႔ ထိခိုက္မိတာေၾကာင့္ ေသဆုံးသြားခဲ့ရပါတယ္။
Samar ေျမာက္ပိုင္းျပည္နယ္က San Jose ရဲဌာနအႀကီးအကဲ Christian Bolok က တိုက္ၾကက္ကို ဖမ္းဖို႔ ႀကိဳးစားတုန္း ၾကက္အတက္မွာ တပ္ထားတဲ့ ဘလိတ္ဓားအသြားက သူ႔ရဲ႕ ေပါင္ၿခံရင္းက ေသြးေၾကာမႀကီးကို ျပတ္ရွမိတာေၾကာင့္ ေသြးထြက္လြန္ ေသဆုံးသြားခဲ့တာပါ။ ရဲတပ္ဖြဲ႕က စီးနင္းမႈထဲ ၾကက္ပြဲ စီစဥ္သူ ၃ ဦး ဖမ္းဆီးခံရၿပီး တိုက္ၾကက္ေတာ္ေတာ္မ်ားမ်ားကိုလည္း သိမ္းဆည္းမိခဲ့ပါတယ္။
ၾကက္ပြဲေတြက ဖိလစ္ပိုင္ ေက်းလက္ေဒသေတြမွာ လူႀကိဳက္မ်ားသလို ၾကက္တိုက္ ေလာင္းကစားပြဲေတြ လုပ္ေလ့ရွိတဲ့ေနရာလည္း ျဖစ္ပါတယ္။
ဒါေပမဲ့ ဖိလစ္ပိုင္ တစ္ႏိုင္ငံလုံးမွာ ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ဖို႔ ၾကက္ပြဲေတြ၊ တျခား အားကစားနဲ႔ ယဥ္ေက်းမႈဆိုင္ရာ ပြဲလမ္းသဘင္ေတြကို ပိတ္ပင္ထားတာပါ။
ဖိလစ္ပိုင္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၇,၁၁၄ ဦး အပါအဝင္ ကူးစက္သူ ၃၇၅,၀၀၀ ေက်ာ္ရွိတယ္လို႔ Johns Hopkins ကို႐ိုနာ ဗိုင္းရပ္စ္ သတင္းရင္းျမစ္ဌာနက ထုတ္ျပန္ထားပါတယ္။
[Unicode Version]
ဖိလစ်ပိုင်မှာ ကြက်တိုက်ပွဲဝင်ဖမ်းတဲ့ ရဲအရာရှိ ဒဏ်ရာရသေဆုံး
ဖိလစ်ပိုင်နိုင်ငံမှာ တရားမဝင် ကြက်တိုက် လောင်းကစားဝိုင်းတခုကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက် ကြက်အတက်မှာ တပ်ထားတဲ့ ဘလိတ်ဓားနဲ့ ထိခိုက်မိတာကြောင့် သေဆုံးသွားခဲ့ရပါတယ်။
Samar မြောက်ပိုင်းပြည်နယ်က San Jose ရဲဌာနအကြီးအကဲ Christian Bolok က တိုက်ကြက်ကို ဖမ်းဖို့ ကြိုးစားတုန်း ကြက်အတက်မှာ တပ်ထားတဲ့ ဘလိတ်ဓားအသွားက သူ့ရဲ့ ပေါင်ခြံရင်းက သွေးကြောမကြီးကို ပြတ်ရှမိတာကြောင့် သွေးထွက်လွန် သေဆုံးသွားခဲ့တာပါ။ ရဲတပ်ဖွဲ့က စီးနင်းမှုထဲ ကြက်ပွဲ စီစဉ်သူ ၃ ဦး ဖမ်းဆီးခံရပြီး တိုက်ကြက်တော်တော်များများကိုလည်း သိမ်းဆည်းမိခဲ့ပါတယ်။
ကြက်ပွဲတွေက ဖိလစ်ပိုင် ကျေးလက်ဒေသတွေမှာ လူကြိုက်များသလို ကြက်တိုက် လောင်းကစားပွဲတွေ လုပ်လေ့ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဖိလစ်ပိုင် တစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ဖို့ ကြက်ပွဲတွေ၊ တခြား အားကစားနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းသဘင်တွေကို ပိတ်ပင်ထားတာပါ။
ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇,၁၁၄ ဦး အပါအဝင် ကူးစက်သူ ၃၇၅,၀၀၀ ကျော်ရှိတယ်လို့ Johns Hopkins ကိုရိုနာ ဗိုင်းရပ်စ် သတင်းရင်းမြစ်ဌာနက ထုတ်ပြန်ထားပါတယ်။