သုံးရလွယ်ကူစေသည့် Link များ

တော်လှန်ရေးအစိုးရ ဖွဲ့စည်းဖို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး ခြိမ်းခြောက်


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဒူတာတေးက သူ့ကို ရာထူးကထုတ်ပယ်ဖို့ ကြိုးစားမှုတွေ ရှိနေတယ်ဆိုတဲ့ကိစ္စကို ဟန့်တားတဲ့အနေနဲ့ တော်လှန်ရေး အစိုးရတရပ် ထူထောင်ဖို့ ခြိမ်းခြောက်လိုက်တာကြောင့်အာဏာရှင်စနစ် ပေါ်ထွန်းလာမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ကြီးထွားလာနေပါတယ်။

လူတွေထောင်နဲ့ချီ သေဆုံးခဲ့ရပြီး လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဖြစ်နိုင် တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေ စွပ်စွဲချင်နေကြတဲ့ သူ့ရဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲကိုဝေဖန်ကြတဲ့ သတင်းဌာနတွေ၊ ဥရောပ ပါလီမန်အမတ်တွေကို ဆန့်ကျင်ပြီး ပြောကြားခဲ့တဲ့ သောကြာနေ့က ရုပ်သံမိန့်ခွန်းထဲမှာ ဒူတာတေးက ခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့အုပ်ချုပ်ရေးကို သတင်းစာဆရာတွေနဲ့ တခြား ဆန့်ကျင်သူတွေက မတည်မငြိမ် ဖြစ်အောင် လုပ်ဖို့ ကြိုးပမ်းကြမယ်ဆိုရင် သူ့အနေနဲ့ ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ပြဌာန်းရတဲ့ စစ်အုပ်ချုပ်ရေး မဟုတ်သော တော်လှန်ရေးအစိုးရတရပ် ဖွဲ့စည်းသွားမယ်လို့ သမ္မတ ဒူတာတေးက ပြောကြားခဲ့တာပါ ။

သမ္မတ ဒူတာတေးက သူ့အစိုးရကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တဲ့အထဲမှာ CIA ခေါ် အမေရိကန် ဗဟိုထောက်လှမ်းရေး အဖွဲ့လည်း တစိတ်တဒေသ ပါဝင်နေတယ်လို့ စွပ်စွဲလိုက်ပြီး သူ့ကို ဆန့်ကျင်သူတွေ အားလုံးနဲ့ ကွန်မြူနစ် ခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချ ပစ်မယ်လို့လဲ သတိပေးလိုက်ပါတယ်။

XS
SM
MD
LG