သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လက္နက္ကိုင္ပဋိပကၡၾကားက ေဘးဒဏ္သင့္ အရပ္သားေတြ ကူကယ္ရာ ရပါဦးမလား


တိုက္ပြဲျဖစ္ပြါးရာ ခ်ိန္ခါလီေက်းရြာမွ ပိတ္မိသူ သက္ၾကီးရြယ္အိုမ်ားကို ကယ္ထုတ္စဥ္။ (ဓါတ္ပုံ -MP Oung Thaung Shwe)

(Zawgyi/Unicode)
ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕နယ္မွာ အရပ္သားေတြ ထိခိုက္ ေသဆံုး ဒဏ္ရာရခဲ့တဲ့အေပၚ ေဒသခံေတြက ကန္႔ကြက္ဆႏၵျပခဲ့ၾကပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာေတာ့ လက္နက္ကိုင္ပဋိပကၡ အရွိန္ျမင့္တက္ေနဆဲျဖစ္ၿပီး အရပ္သားေတြ ဖမ္းဆီးခံရတာ၊ ထိခိုက္ ဒဏ္ရာရ ေသဆံုးတာေတြအျပင္ အဓမၼျပဳက်င့္ခံရလို႔ဆိုၿပီး ေဒသခံအမ်ဳိးသမီးတဦးက ရဲစခန္းမွာ ကိုယ္တိုင္သြားၿပီး အမႈဖြင့္ခဲ့တာေတာင္မွ ရွိထားပါတယ္။

လက္နက္ကိုင္ပဋိပကၡေတြအတြင္း အရပ္သားေတြ ေဘးဒဏ္သင့္ရတာေတြအေပၚ အမွန္တရားနဲ႔ တရားမ ွ်တမႈ ရေအာင္ လုပ္ေဆာင္ႏုိင္ေျခ ရွိပါေသးရဲ႕လား၊ လက္နက္ကုိင္ပဋိပကၡေတြ ေလ်ာ့ပါးၿပီး ေအးခ်မ္းတဲ့အေျခအေန ျပန္တည္ေဆာက္ႏုိင္မယ့္ အလားအလာေရာ ရွိပါေသးရဲ႕လား၊ ၂၀၂၀ ေရြးေကာက္ပြဲအလြန္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ပိုၿပီး တိုးတက္လာႏိုင္မယ့္ အလားအလာကေရာ ဘယ္လိုရွိပါသလဲ စတာေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးထားတာကို နားဆင္ရပါမယ္။

အေမရိကန္ျပည္ေထာင္စု၊ ကာလီဖိုးနီးယားျပည္နယ္ အေျခစိုက္ ရွမ္း စာေပနဲ႔ ယဥ္ေက်းမႈအသင္းဥကၠ႒ ေဒါက္တာစိုင္းေထြးေမာင္၊ အိုင္အိုဝါျပည္နယ္အေျခစိုက္ အေမရိကန္-ရခိုင္ လူမႈအဖြဲ႔အစည္း ဒုတိယဥကၠ႒ ဦးသိန္းထြန္းဇံတို႔ ပါဝင္ေဆြးေႏြးထားၾကပါတယ္။

---------------------

(Unicode)
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှာ အရပ်သားတွေ ထိခိုက် သေဆုံး ဒဏ်ရာရခဲ့တဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ လက်နက်ကိုင်ပဋိပက္ခ အရှိန်မြင့်တက်နေဆဲဖြစ်ပြီး အရပ်သားတွေ ဖမ်းဆီးခံရတာ၊ ထိခိုက် ဒဏ်ရာရ သေဆုံးတာတွေအပြင် အဓမ္မပြုကျင့်ခံရလို့ဆိုပြီး ဒေသခံအမျိုးသမီးတဦးက ရဲစခန်းမှာ ကိုယ်တိုင်သွားပြီး အမှုဖွင့်ခဲ့တာတောင်မှ ရှိထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အရပ်သားတွေ ဘေးဒဏ်သင့်ရတာတွေအပေါ် အမှန်တရားနဲ့ တရားမ ျှတမှု ရအောင် လုပ်ဆောင်နိုင်ခြေ ရှိပါသေးရဲ့လား၊ လက်နက်ကိုင်ပဋိပက္ခတွေ လျော့ပါးပြီး အေးချမ်းတဲ့အခြေအနေ ပြန်တည်ဆောက်နိုင်မယ့် အလားအလာရော ရှိပါသေးရဲ့လား၊ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုပြီး တိုးတက်လာနိုင်မယ့် အလားအလာကရော ဘယ်လိုရှိပါသလဲ စတာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးထားတာကို နားဆင်ရပါမယ်။

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ် အခြေစိုက် ရှမ်း စာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဒေါက်တာစိုင်းထွေးမောင်၊ အိုင်အိုဝါပြည်နယ်အခြေစိုက် အမေရိကန်-ရခိုင် လူမှုအဖွဲ့အစည်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းဇံတို့ ပါဝင်ဆွေးနွေးထားကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG