သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ညႇဥ္းပန္းႏွိပ္စက္မႈ ဆန႔္က်င္ေရး ႏိုင္ငံတကာသေဘာတူစာခ်ဳပ္ ျမန္မာလက္မွတ္ေရးထိုးျခင္း မရွိေသး


ညႇဥ္းပန္းႏွိပ္စက္ခံရသူမ်ားကို ကူညီေထာက္ပံ့ ေရး ႏိုင္ငံတကာေန႔ က်င္းပစဥ္ (ဇြန္လ ၂၆ ရက္၊၂၀၁၇ )

(Zawgyi/Unicode)

ဇြန္လ ၂၆ ရက္ေန႔ဟာ ညႇဥ္းပန္းႏွိပ္စက္ခံရသူမ်ားကို ကူညီေထာက္ပံ့ ေရး ႏိုင္ငံတကာေန႔ျဖစ္ပါတယ္။ ဒီေန႔မွာပဲ ျမန္မာမွာ ညႇဥ္းပန္းႏွိပ္စက္ခံရသူေတြအတြက္ တရားမွ်တမႈ လုပ္ငန္းစဥ္ေတြ ေဖာ္ေဆာင္ေပးဖို႔ အစိုးရကို အရပ္ဖက္အဖြဲ႕အစည္းေတြက ေတာင္းဆိုလိုက္တဲ့ အေၾကာင္းကို မအိမ့္သႏၲာထြန္း ေျပာျပမွာပါ။

ျမန္မာႏိုင္ငံတြင္း အဓိက အားျဖင့္ ပဋိပကၡျဖစ္ပြားရာ ေဒသေတြမွာ ညႇဥ္းပန္းႏွိပ္စက္မႈျဖစ္စဥ္ေတြ က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ပြားေနဆဲျဖစ္တယ္လို႔ ဒီေန႔ထုတ္ျပန္တဲ့ အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ ပူးတြဲေၾကညာခ်က္က ေဖာ္ျပထားပါတယ္။

ျမန္မာတပ္မေတာ္အေနနဲ႔ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာထားေပမယ့္လို႔ တႏိုင္ငံလုံး အသြင္မေဆာင္ပဲ ရခိုင္ေဒသအပါအဝင္ တိုင္းရင္းသားေဒသေတြတခ်ိဳ႕မွာ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနတုန္းပါ။ အရပ္သားေတြကို တပ္မေတာ္ဖက္ကေရာ အျခားလက္နက္ကိုင္ေတြကပါ မသကၤာမႈနဲ႔ ဖမ္းဆီးစစ္ေဆးတာေတြ၊ ညႇဥ္းပန္းႏွိပ္စက္တာေတြ ႏွင့္ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ အရပ္သားေတြ အစုလိုက္အၿပဳံလိုက္ ေသဆုံးမႈေတြ ရွိေနပါတယ္။

လက္နက္ကိုင္အဖြဲ႕နဲ႔ ပတ္သက္တယ္လို႔ သံသယနဲ႔ဖမ္းခံထားရတဲ့ ရခိုင္ အရပ္သား ၅ ဦးကို စစ္ေမာ္ေတာ္ေပၚမွာ ညႇဥ္းပန္းႏွိပ္စက္ စစ္ေဆးတာေတြ လုပ္ေနတဲ့ ဗီြဒီယိုဖိုင္တစ္ခု တက္လာခဲ့တာေၾကာင့္ ေဝဖန္မႈေတြရွိခဲ့ၿပီး၊ အဲဒီေနာက္ ျမန္မာတပ္မေတာ္အေနနဲ႔ ညႇဥ္းပန္းႏွိပ္စက္ဝန္ခံခဲ့ရပါတယ္။ တာဝန္ရွိသူေတြကို စုံစမ္း အေရးယူသြားမယ္လို႔ လည္းတပ္မေတာ္ဘက္က ေျပာပါတယ္။ ဒီဟာနဲ႔ ပတ္သက္ၿပီး စစ္ဘက္တရား႐ုံးက စစ္ေဆးေနတယ္လို႔သာ သိထားရၿပီး ဘယ္လိုပုံစံနဲ႔ စစ္ေဆးသလဲ ဘယ္လို အေရးယူေဆာင္႐ြက္ မလဲဆိုတာကိုေတာ့ ျပည္သူေတြကို ပြင့္လင္းျမင္သာ အသိေပးတာ မရွိပါဘူး။ ဒါေပမယ့္ လူသိရွင္ၾကား မဟုတ္တဲ့ အလားတူျဖစ္ရပ္မ်ိဳးေတြ တိုင္းရင္းသားေေဒသေတြမွာ အေတာ္မ်ားမ်ားရွိေနတယ္လို႔ အရပ္ဖက္အဖြဲ႕ေတြက ေျပာပါတယ္။

ဒီအေျခအေနေတြေအေပၚ အစိုးရရဲ႕ ေျဖရွင္းမႈေတြနဲ႔ ပတ္သက္လို႔ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ WLB က မေလြးပိုးငယ္က ခုလိုေျပာပါတယ္။

“လြတ္ေတာ္ထဲမွာေတာ့ ညႇဥ္းပန္းႏွိပ္စက္္မႈ ဆန႔္က်င္ေရး သေဘာတူစာခ်ဳပ္ေပ့ါေလ ကမာၻ႔ကုလသမဂၢ ရဲ႕ ထုတ္ထားတဲ့ စာခ်ဳပ္ကိုေတာ့ တင္ျပခဲ့တယ္။ ၿပီးလို႔ရွိရင္ လက္မွတ္ထိုးဖို႔ သေဘာတူတဲ့ မဲေတာ့ ရခဲ့ၾကတယ္၊ ဒါေပမယ့္ လက္ေတြ႕မွာ ဒီဟာကို အေကာင္အထည္မေဖာ္ဘူး။ ဆက္ၿပီးေတာ့မွ NLD အစိုးရလည္းပဲ ဒါကို အကာင္အထည္ေဖာ္ဖို႔ Verify လို႔ ေခၚတဲ့ အတည္ျပဳလက္မွတ္ထိုးၿပီးေတာ့မွ ကိုယ္ႏိုင္ငံတြင္းထဲမွာ အဲ့ဒီ သတ္မွတ္ထားတဲ့ ကမာၻကုလသမၼဂၢရဲ႕ သေဘာတူစာခ်ဳပ္ကို အေကာင္အထည္ေဖာ္ဖို႔ကေတာ့ အရမ္းအားနည္းေနေသးတဲ့ဟာကို ေတြ႕ရတယ္။ ေနာက္တစ္ခုက တပ္မေတာ္က က်ဴးလြန္တဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့မွ တပ္မေတာ္က က်ဴးလြန္တဲ့ ျပစ္မႈေတြ ရာဇ၀တ္မႈေတြကို လြတ္ေတာ္ထဲမွာ ေဆြးေႏြးတာလည္း မေတြ႕သလို အုပ္ခ်ဳပ္ေရးပိုင္းမွာ တာဝန္ယူၿပီး ေျဖရွင္းတာမ်ိဳးကိုလည္း ယေန႔အခ်ိန္ထိ မေတြ႕ရဘူးေပါ့ေလ၊ ဆိုေတာ့ ဒီတာဝန္ယူမႈ တာဝန္ခံမႈ ကေတာ့ အခုအခ်ိန္အထိ အရမ္းကို အားနည္းေနေသးပါတယ္လို႔ ကြၽန္မကေတာ့ ေျပာခ်င္ပါတယ္။”

လက္ရွိျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္ေၾကာင့္ အရပ္သားညႇဥ္းပန္းႏွိပ္စက္ခံရမႈေတြ အမ်ားႀကီးရွိေနၿပီး ေတာ့ ရွမ္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္ဟာ ညႇဥ္းပန္းႏွိပ္စက္ခံရမႈ အမ်ားဆုံး ေဒသေတြျဖစ္တယ္လို႔ WLB အဖြဲ႕က ေျပာပါတယ္။ တေအာင္းပေလာင္ေဒသမွာ ဒီ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလကေန ဇြန္လအထိ ညႇဥ္းပႏ္ုးႏွိပ္စက္ခံရသူအေရအတြက္က ၅၀ နီးပါး ရွိသလို ညႇဥ္းပန္းႏွိပ္စက္္မႈေၾကာင့္ ေသဆုံးရသူက ၁၄ ဦး ရွိသြားၿပီလို႔ မေလြးပိုးငယ္က ဆိုပါတယ္။

တပ္မေတာ္က လုပ္တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ဌာနတြင္း အေရးယူမႈေတြေလာက္ပဲ လုပ္တာက ညႇဥ္းပန္းႏွိပ္စက္ခံရသူေတြရဲ႕ တရားမွ်တမႈအတြက္ ေမးခြန္းထုတ္စရာျဖစ္လာတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ကိုေအာင္မ်ိဳးေက်ာ္က ေျပာပါတယ္။

“အခုလိုမ်ိဳး ညႇဥ္းပန္းႏွိပ္စက္မႈ က်ဴးလြန္တဲ့သူေတြကို သိလ်က္နဲ႔ အစိုးရကိုယ္တိုင္က ဌာနတြင္း အေရးယူမႈေတြကိုပဲ မ်က္စိစုံမွိတ္ၿပီးေတာ့လက္ခံထားတယ္။ အစိုးရကိုယ္တိုင္က ဒီက်ဴးလြန္တဲ့ သူေတြကို ထိထိေရာက္ေရာက္ အျပစ္ေပးတာေတြမလုပ္ဘူးဆိုရင္ ဒီညႇဥ္းပန္းႏွိပ္စက္တာေတြက အစိုးရရဲ႕ ေပၚလစီတစ္ရပ္ ျဖစ္သြားလိမ့္မယ္ေႏွာ္။ ဒါေၾကာင့္မို႔ အစိုးရအေနနဲ႔လည္း ဒီညႇဥ္းပန္းႏွိပ္စက္မႈေတြက်ဴးလြန္တဲ့ မတရားမႈေတြ က်ဴးလြန္တဲ့ ကိစၥကို ျပင္းျပင္းထန္ထန္အေရးယူ အျပစ္ေပးဖို႔အတြက္ လိုအပ္တယ္၊ အေရးႀကီးတယ္။ ခုလက္ရွိျဖစ္ေနတဲ့ ပုံစံမ်ိဳးနဲ႔ ျပစ္ထားလို႔ မရဘူး။ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ေခတ္အဆက္ဆက္ ဒီလို ညႇဥ္းပန္းႏွိပ္စက္မႈေတြ က်ဴးလြန္လာတာ ခံခဲ့ၾကရတဲ့ သူေတြက ယေန႔အခ်ိန္ထိ ဘာတရားမွ်တမႈမွ ျပန္ရခဲ့ၾကတာမရွိဘူးေပါ့ေႏွာ္။ ဥပမာ ကြၽန္ေတာ္တို႔ ႏိုင္ငံေရး အက်ဥ္းသားေဟာင္းေတြကိုပဲၾကည့္ ႏိုင္ငံေရး အက်ဥ္းသားေဟာင္းေတြ မတရား ဖမ္းဆီးခံရတယ္။ စစ္ေၾကာေရးစခန္းေတြ အက်ဥ္းေထာင္ေတြမွာ ညႇဥ္းပန္းႏွိပ္စက္ခံရတယ္၊ ဒါေပမယ့္ ဒီေန႔အခ်ိန္ထိ အဲ့တာေတြနဲ႔ ပတ္သက္တဲ့ တရားမွ်တမႈဆိုတာ ကြၽန္ေတာ္တို႔မရဘူး။”

ရခိုင္မွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈေတြ ညႇဥ္းပန္းႏွိပ္စက္ရမႈေတြက ေန႔စဥ္နဲ႔အမွ် ရွိေနၿပီးေတာ့ ရခိုင္နဲ႔ ပလက္ဝေဒသမွာ အင္တာနက္ျဖတ္ေတာက္ခံထားရတာက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ညႇဥ္းပန္းႏွိပ္စက္မႈေတြကို ပိုၿပီး လုပ္လာႏိုင္တယ္လို႔ ရခိုင္လူငယ္မ်ိဳးဆက္သစ္ ကြန္ယက္ရဲ႕ ဒါ႐ိုက္တာ ဦးသန္းလွက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ ဒီရခိုင္ေဒသနဲ႔ ပလက္ဝေဒသမွာက အင္တာနက္ျဖတ္ေတာက္ထားတာက တစ္ႏွစ္ေက်ာ္ၿပီ ျဖစ္တာေပါ့ေလ။ အဲ့ဒီလို အင္တာနက္ျဖတ္ေတာက္ထားတယ္ဆိုတာကလည္း လက္ရွိ ကြၽန္ေတာ္တို႔ဒီ သတင္းရယူမႈ အဲ့ဒီလို အခ်က္အလက္ေတြကို အခ်ိန္နဲ႔တေျပးညီ သတင္းေတြကို တင္ႏိုင္ဖို႔ ရရွိဖို႔ဆိုတာကလည္း တပ္မေတာ္ရဲ႕ မဟာဗ်ဴဟာက်က် ဒါကို လုပ္ေဆာင္ထားတာမ်ိဳးျဖစ္ေနတယ္။ အင္တာနက္ ျဖတ္ေတာက္တဲ့ အခါမွာ သတင္းေတြက တက္မလာဘူး။ တက္မလာတဲ့အခါမွာ သတင္းမတက္လာတဲ့ အတြက္ကို တပ္မေတာ္ကေနၿပီးေတာ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ပိုၿပီေတာ့ လုပ္ဖို႔အတြက္ကို အဆင္ေျပတယ္ေပါ့ေလ။ သူတို႔လုပ္ႏိုင္တယ္ ဆိုတာမ်ိဳးကလည္း လက္ရွိအခ်ိန္မွာ အမ်ားႀကီးရွိပါတယ္ ခင္ဗ်။”

ညႇဥ္းပန္းႏွိပ္စက္မႈကို အဆုံးသတ္ဖို႔နဲ႔ အသက္ရွင္လြတ္ေျမာက္လာသူေတြ အားလုံးအတြက္ လြမ္းၿခဳံႏိုင္တဲ့ ျပန္လည္အစားထိုးကုသျခင္း လုပ္ငန္းစဥ္ေတြႏွင့္ တရားမွ်တမႈလုပ္ငန္းစဥ္ေတြကို ေဖာ္ေဆာင္ေပးဖို႔ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ WLB ႏွင့္ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီ ေစာင့္ေရွာက္ေရး အသင္းတို႔ အပါအဝင္ အရပ္ဖက္ အဖြဲ႕အစည္း စုစုေပါင္း ၁၀၆ ဖြဲ႕တို႔က ထုန္ျပန္ခ်က္ေတြထုတ္ၿပီး ေတာင္းဆိုထားၾကပါတယ္။

တိုင္းရင္းသားေဒသေတြမွာ တိုးခ်ဲ႕ထားတဲ့ တပ္မေတာ္ရဲ႕ တပ္ရင္းေတြကို ႐ုပ္သိမ္းေပးၿပီး လက္နက္ကိုင္ပဋိပကၡေတြကို ရပ္တန႔္ဖို႔၊ အရပ္သားေတြအေပၚလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊ ညႇဥ္းပန္း ႏွိပ္စက္မႈနဲ႔ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္သူေတြကို အစိုးရက ထိထိေရာက္ေရာက္ အျပစ္ေပးဖို႔ႏွင့္ ႏိုင္ငံေရးအက်ဥ္းသားေတြကို ခြၽင္းခ်က္မရွိလြတ္ေပးဖို႔၊ တက္ႂကြလႈပ္ရွားသူေတြကို ေနာက္ထပ္ ဖမ္းဆီးတာေတြမလုပ္ဖို႔ စတဲ့ အခ်က္ေတြကို ေတာင္းဆိုခဲ့ၾကတာပါ။

တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

ဇွန်လ ၂၆ ရက်နေ့ဟာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ ရေး နိုင်ငံတကာနေ့ဖြစ်ပါတယ်။ ဒီနေ့မှာပဲ မြန်မာမှာ ညှဉ်းပန်းနှိပ်စက်ခံရသူတွေအတွက် တရားမျှတမှု လုပ်ငန်းစဉ်တွေ ဖော်ဆောင်ပေးဖို့ အစိုးရကို အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်တဲ့ အကြောင်းကို မအိမ့်သန္တာထွန်း ပြောပြမှာပါ။

မြန်မာနိုင်ငံတွင်း အဓိက အားဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ညှဉ်းပန်းနှိပ်စက်မှုဖြစ်စဉ်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ပူးတွဲကြေညာချက်က ဖော်ပြထားပါတယ်။

မြန်မာတပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပေမယ့်လို့ တနိုင်ငံလုံး အသွင်မဆောင်ပဲ ရခိုင်ဒေသအပါအဝင် တိုင်းရင်းသားဒေသတွေတချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတုန်းပါ။ အရပ်သားတွေကို တပ်မတော်ဖက်ကရော အခြားလက်နက်ကိုင်တွေကပါ မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးတာတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေ နှင့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ရှိနေပါတယ်။

လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်တယ်လို့ သံသယနဲ့ဖမ်းခံထားရတဲ့ ရခိုင် အရပ်သား ၅ ဦးကို စစ်မော်တော်ပေါ်မှာ ညှဉ်းပန်းနှိပ်စက် စစ်ဆေးတာတွေ လုပ်နေတဲ့ ဗွီဒီယိုဖိုင်တစ်ခု တက်လာခဲ့တာကြောင့် ဝေဖန်မှုတွေရှိခဲ့ပြီး၊ အဲဒီနောက် မြန်မာတပ်မတော်အနေနဲ့ ညှဉ်းပန်းနှိပ်စက်ဝန်ခံခဲ့ရပါတယ်။ တာဝန်ရှိသူတွေကို စုံစမ်း အရေးယူသွားမယ်လို့ လည်းတပ်မတော်ဘက်က ပြောပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး စစ်ဘက်တရားရုံးက စစ်ဆေးနေတယ်လို့သာ သိထားရပြီး ဘယ်လိုပုံစံနဲ့ စစ်ဆေးသလဲ ဘယ်လို အရေးယူဆောင်ရွက် မလဲဆိုတာကိုတော့ ပြည်သူတွေကို ပွင့်လင်းမြင်သာ အသိပေးတာ မရှိပါဘူး။ ဒါပေမယ့် လူသိရှင်ကြား မဟုတ်တဲ့ အလားတူဖြစ်ရပ်မျိုးတွေ တိုင်းရင်းသားေဒေသတွေမှာ အတော်များများရှိနေတယ်လို့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။

ဒီအခြေအနေတွေအေပေါ် အစိုးရရဲ့ ဖြေရှင်းမှုတွေနဲ့ ပတ်သက်လို့ အမျိုးသမီးများအဖွဲ့ချုပ် WLB က မလွေးပိုးငယ်က ခုလိုပြောပါတယ်။

“လွတ်တော်ထဲမှာတော့ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ်ပေ့ါလေ ကမ္ဘာ့ကုလသမဂ္ဂ ရဲ့ ထုတ်ထားတဲ့ စာချုပ်ကိုတော့ တင်ပြခဲ့တယ်။ ပြီးလို့ရှိရင် လက်မှတ်ထိုးဖို့ သဘောတူတဲ့ မဲတော့ ရခဲ့ကြတယ်၊ ဒါပေမယ့် လက်တွေ့မှာ ဒီဟာကို အကောင်အထည်မဖော်ဘူး။ ဆက်ပြီးတော့မှ NLD အစိုးရလည်းပဲ ဒါကို အကာင်အထည်ဖော်ဖို့ Verify လို့ ခေါ်တဲ့ အတည်ပြုလက်မှတ်ထိုးပြီးတော့မှ ကိုယ်နိုင်ငံတွင်းထဲမှာ အဲ့ဒီ သတ်မှတ်ထားတဲ့ ကမ္ဘာကုလသမ္မဂ္ဂရဲ့ သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဖို့ကတော့ အရမ်းအားနည်းနေသေးတဲ့ဟာကို တွေ့ရတယ်။ နောက်တစ်ခုက တပ်မတော်က ကျူးလွန်တဲ့ အမှုတွေနဲ့ ပတ်သက်ပြီးတော့မှ တပ်မတော်က ကျူးလွန်တဲ့ ပြစ်မှုတွေ ရာဇဝတ်မှုတွေကို လွတ်တော်ထဲမှာ ဆွေးနွေးတာလည်း မတွေ့သလို အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူပြီး ဖြေရှင်းတာမျိုးကိုလည်း ယနေ့အချိန်ထိ မတွေ့ရဘူးပေါ့လေ၊ ဆိုတော့ ဒီတာဝန်ယူမှု တာဝန်ခံမှု ကတော့ အခုအချိန်အထိ အရမ်းကို အားနည်းနေသေးပါတယ်လို့ ကျွန်မကတော့ ပြောချင်ပါတယ်။”

လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် အရပ်သားညှဉ်းပန်းနှိပ်စက်ခံရမှုတွေ အများကြီးရှိနေပြီး တော့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဟာ ညှဉ်းပန်းနှိပ်စက်ခံရမှု အများဆုံး ဒေသတွေဖြစ်တယ်လို့ WLB အဖွဲ့က ပြောပါတယ်။ တအောင်းပလောင်ဒေသမှာ ဒီ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ညှဉ်းပန်ုးနှိပ်စက်ခံရသူအရေအတွက်က ၅၀ နီးပါး ရှိသလို ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရသူက ၁၄ ဦး ရှိသွားပြီလို့ မလွေးပိုးငယ်က ဆိုပါတယ်။

တပ်မတော်က လုပ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဌာနတွင်း အရေးယူမှုတွေလောက်ပဲ လုပ်တာက ညှဉ်းပန်းနှိပ်စက်ခံရသူတွေရဲ့ တရားမျှတမှုအတွက် မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကိုအောင်မျိုးကျော်က ပြောပါတယ်။

“အခုလိုမျိုး ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်တဲ့သူတွေကို သိလျက်နဲ့ အစိုးရကိုယ်တိုင်က ဌာနတွင်း အရေးယူမှုတွေကိုပဲ မျက်စိစုံမှိတ်ပြီးတော့လက်ခံထားတယ်။ အစိုးရကိုယ်တိုင်က ဒီကျူးလွန်တဲ့ သူတွေကို ထိထိရောက်ရောက် အပြစ်ပေးတာတွေမလုပ်ဘူးဆိုရင် ဒီညှဉ်းပန်းနှိပ်စက်တာတွေက အစိုးရရဲ့ ပေါ်လစီတစ်ရပ် ဖြစ်သွားလိမ့်မယ်နှော်။ ဒါကြောင့်မို့ အစိုးရအနေနဲ့လည်း ဒီညှဉ်းပန်းနှိပ်စက်မှုတွေကျူးလွန်တဲ့ မတရားမှုတွေ ကျူးလွန်တဲ့ ကိစ္စကို ပြင်းပြင်းထန်ထန်အရေးယူ အပြစ်ပေးဖို့အတွက် လိုအပ်တယ်၊ အရေးကြီးတယ်။ ခုလက်ရှိဖြစ်နေတဲ့ ပုံစံမျိုးနဲ့ ပြစ်ထားလို့ မရဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ခေတ်အဆက်ဆက် ဒီလို ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်လာတာ ခံခဲ့ကြရတဲ့ သူတွေက ယနေ့အချိန်ထိ ဘာတရားမျှတမှုမှ ပြန်ရခဲ့ကြတာမရှိဘူးပေါ့နှော်။ ဥပမာ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကိုပဲကြည့် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ မတရား ဖမ်းဆီးခံရတယ်။ စစ်ကြောရေးစခန်းတွေ အကျဉ်းထောင်တွေမှာ ညှဉ်းပန်းနှိပ်စက်ခံရတယ်၊ ဒါပေမယ့် ဒီနေ့အချိန်ထိ အဲ့တာတွေနဲ့ ပတ်သက်တဲ့ တရားမျှတမှုဆိုတာ ကျွန်တော်တို့မရဘူး။”

ရခိုင်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ညှဉ်းပန်းနှိပ်စက်ရမှုတွေက နေ့စဉ်နဲ့အမျှ ရှိနေပြီးတော့ ရခိုင်နဲ့ ပလက်ဝဒေသမှာ အင်တာနက်ဖြတ်တောက်ခံထားရတာက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ပိုပြီး လုပ်လာနိုင်တယ်လို့ ရခိုင်လူငယ်မျိုးဆက်သစ် ကွန်ယက်ရဲ့ ဒါရိုက်တာ ဦးသန်းလှက ပြောပါတယ်။

“ကျွန်တော်တို့ ဒီရခိုင်ဒေသနဲ့ ပလက်ဝဒေသမှာက အင်တာနက်ဖြတ်တောက်ထားတာက တစ်နှစ်ကျော်ပြီ ဖြစ်တာပေါ့လေ။ အဲ့ဒီလို အင်တာနက်ဖြတ်တောက်ထားတယ်ဆိုတာကလည်း လက်ရှိ ကျွန်တော်တို့ဒီ သတင်းရယူမှု အဲ့ဒီလို အချက်အလက်တွေကို အချိန်နဲ့တပြေးညီ သတင်းတွေကို တင်နိုင်ဖို့ ရရှိဖို့ဆိုတာကလည်း တပ်မတော်ရဲ့ မဟာဗျူဟာကျကျ ဒါကို လုပ်ဆောင်ထားတာမျိုးဖြစ်နေတယ်။ အင်တာနက် ဖြတ်တောက်တဲ့ အခါမှာ သတင်းတွေက တက်မလာဘူး။ တက်မလာတဲ့အခါမှာ သတင်းမတက်လာတဲ့ အတွက်ကို တပ်မတော်ကနေပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုပြီတော့ လုပ်ဖို့အတွက်ကို အဆင်ပြေတယ်ပေါ့လေ။ သူတို့လုပ်နိုင်တယ် ဆိုတာမျိုးကလည်း လက်ရှိအချိန်မှာ အများကြီးရှိပါတယ် ခင်ဗျ။”

ညှဉ်းပန်းနှိပ်စက်မှုကို အဆုံးသတ်ဖို့နဲ့ အသက်ရှင်လွတ်မြောက်လာသူတွေ အားလုံးအတွက် လွမ်းခြုံနိုင်တဲ့ ပြန်လည်အစားထိုးကုသခြင်း လုပ်ငန်းစဉ်တွေနှင့် တရားမျှတမှုလုပ်ငန်းစဉ်တွေကို ဖော်ဆောင်ပေးဖို့ အမျိုးသမီးများအဖွဲ့ချုပ် WLB နှင့် နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်းတို့ အပါအဝင် အရပ်ဖက် အဖွဲ့အစည်း စုစုပေါင်း ၁၀၆ ဖွဲ့တို့က ထုန်ပြန်ချက်တွေထုတ်ပြီး တောင်းဆိုထားကြပါတယ်။

တိုင်းရင်းသားဒေသတွေမှာ တိုးချဲ့ထားတဲ့ တပ်မတော်ရဲ့ တပ်ရင်းတွေကို ရုပ်သိမ်းပေးပြီး လက်နက်ကိုင်ပဋိပက္ခတွေကို ရပ်တန့်ဖို့၊ အရပ်သားတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်မှု၊ ညှဉ်းပန်း နှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေကို အစိုးရက ထိထိရောက်ရောက် အပြစ်ပေးဖို့နှင့် နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိလွတ်ပေးဖို့၊ တက်ကြွလှုပ်ရှားသူတွေကို နောက်ထပ် ဖမ်းဆီးတာတွေမလုပ်ဖို့ စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG