သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္လြတ္လပ္ေရးေန႔ ပစ္ခတ္မႈမွာ ေသဆုံးသူ ၇ ေယာက္အထိတိုး


(Zawgyi / Unicode)

အေမရိကန္ ခ်ီကာဂိုၿမိဳ႕ ဆင္ေျခဖံုးက Highland Park ရပ္ကြက္မွာ ဇူလိုင္ ၄ ရက္ လြတ္လပ္ေရးေန႔ အခမ္းအနားက ပစ္ခတ္မႈမွာ ေသနတ္သမားဟာ အခ်က္ အခ်က္ ၇၀ ေက်ာ္ ပစ္ခတ္ခဲ့ၿပီး၊ ထိတ္လန္႔တၾကား ထြက္ေျပးသူေတြထဲမွာ အမ်ိဳးသမီးလို ဝတ္ဆင္ၿပီး ထြက္ေျပးခဲ့ေၾကာင္း အဂၤါေန႔မွာ ရဲက ေျပာပါတယ္။ တိုက္ခိုက္ေရးသုံး AR -15 ပုံစံ ေသနတ္နဲ႔ ပစ္ခတ္မႈေၾကာင့္ ၇ ဦးေသ၊ ၃၀ ေက်ာ္ ဒဏ္ရာရခဲ့ေၾကာင္းလည္း ေျပာပါတယ္။ ေသနတ္သမားဟာ တိုက္ခိုက္ဖို႔ သီတင္းပတ္နဲ႔ခ်ီ စီစဥ္ခဲ့ပုံရတယ္လို႔လည္း ရဲကယူဆထားပါတယ္။

ပစ္ခတ္မႈအတြက္ သံသယရွိသူူ အသက္ ၂၁ ႏွစ္အရြယ္ Robert Crimo III ကိုေတာ့ အခင္းျဖစ္ၿပီး နာရီပိုင္းအၾကာမွာပဲ ကားေမာင္းေနတာကို ရဲကေတြ႕ရွိၿပီး ဖမ္းဆီးမိခဲ့တာပါ။ လြတ္လပ္ေရးေန႔ စီတန္းလွည့္လည္သူေတြကို အနီးအနားက အေဆာက္အဦး ေခါင္းမိုးေပၚကေန ပစ္ခတ္ခဲ့တာလို႔လည္း ရဲကစြပ္စဲြထားပါတယ္။ အာဏာပိုင္ေတြက သံသယရွိသူကို ရာဇ၀တ္ေၾကာင္းနဲ႔ အေရးယူထားတာေတာ့ မရွိေသးပါဘူး။

အေမရိကန္ ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို (FBI) နဲ႔ ေဒသခံရဲတပ္ဖဲြ႕ကေတာ့ အခင္းျဖစ္ရာ ေနရာမွာ အဂၤါေန႔က ေနာက္ထပ္ အေထာက္အထားေတြ ရဖို႔ ဆက္လက္ရွာေဖြခဲ့ၾကပါတယ္။ ေသနတ္သမားအျဖစ္ မသကၤာသူကို စစ္ေဆးေမးျမန္းမႈေတြနဲ႔ လူမႈကြန္ရက္ စာမ်က္ႏွာေတြမွာ စစ္ေဆးတာေတြ ရွိေပမဲ့ ပစ္ခတ္တဲ့ အေၾကာင္းရင္းကို မသိရေသးဘူးလို႔လည္း ေဒသခံမႈခင္းတပ္ဖဲြ႕ ေျပာခြင့္ရက သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆိုထားပါတယ္။ ဘာသာေရး၊ လူမ်ဳိးေရး စတဲ့ တခုခုကို ပစ္မွတ္ထားတဲ့ လကၡဏာမ်ဳိးလည္း မေတြ႕ရေၾကာင္း ရဲတပ္ဖဲြ႕က ေျပာပါတယ္။

အေမရိကန္ႏိုင္ငံမွာ ဒီ Highland Park တိုက္ခိုက္မႈမတိုင္ခင္က နယူးေရာက္ Baffalo ၿမိဳ႕ေစ်းဆိုင္တန္း၊ တက္ဆက္စ္ Uvalde မူလတန္းေက်ာင္းနဲ႔ အိုကလာဟိုးမား က Tulsa ေဆးရံုဝင္း ေတြမွာ ဆယ္ေက်ာ္သက္ေတြရဲ႕ ေသနတ္နဲ႔ ပစ္ခတ္ သတ္ျဖတ္မႈေတြ ျဖစ္ပြါးခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အခု ပစ္ခတ္မႈဟာ ေသနတ္ကိုင္ေဆာင္မႈ ထိန္းခ်ဳပ္ေရးဆိုင္ရာ ဥပေဒတရပ္ကို ပါတီႀကီး ၂ ရပ္စလံုးက ေထာက္ခံၿပီး သမၼတဂ်ိဳးဘိုင္ဒန္ အတည္ျပဳလက္မွတ္ေရးထိုးၿပီး တပတ္အေက်ာ္မွာပဲ ျဖစ္ပြါးခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အမေရိကန်လွတ်လပ်ရေးနေ့ ပစ်ခတ်မှုမှာ သေဆုံးသူ ၇ ယောက်အထိတိုး

အမေရိကန် ချီကာဂိုမြို့ ဆင်ခြေဖုံးက Highland Park ရပ်ကွက်မှာ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ အခမ်းအနားက ပစ်ခတ်မှုမှာ သေနတ်သမားဟာ အချက် အချက် ၇၀ ကျော် ပစ်ခတ်ခဲ့ပြီး၊ ထိတ်လန့်တကြား ထွက်ပြေးသူတွေထဲမှာ အမျိုးသမီးလို ဝတ်ဆင်ပြီး ထွက်ပြေးခဲ့ကြောင်း အင်္ဂါနေ့မှာ ရဲက ပြောပါတယ်။ တိုက်ခိုက်ရေးသုံး AR -15 ပုံစံ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ၇ ဦးသေ၊ ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်းလည်း ပြောပါတယ်။ သေနတ်သမားဟာ တိုက်ခိုက်ဖို့ သီတင်းပတ်နဲ့ချီ စီစဉ်ခဲ့ပုံရတယ်လို့လည်း ရဲကယူဆထားပါတယ်။

ပစ်ခတ်မှုအတွက် သံသယရှိသူူ အသက် ၂၁ နှစ်အရွယ် Robert Crimo III ကိုတော့ အခင်းဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ ကားမောင်းနေတာကို ရဲကတွေ့ရှိပြီး ဖမ်းဆီးမိခဲ့တာပါ။ လွတ်လပ်ရေးနေ့ စီတန်းလှည့်လည်သူတွေကို အနီးအနားက အဆောက်အဦး ခေါင်းမိုးပေါ်ကနေ ပစ်ခတ်ခဲ့တာလို့လည်း ရဲကစွပ်စွဲထားပါတယ်။ အာဏာပိုင်တွေက သံသယရှိသူကို ရာဇဝတ်ကြောင်းနဲ့ အရေးယူထားတာတော့ မရှိသေးပါဘူး။

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) နဲ့ ဒေသခံရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်ရာ နေရာမှာ အင်္ဂါနေ့က နောက်ထပ် အထောက်အထားတွေ ရဖို့ ဆက်လက်ရှာဖွေခဲ့ကြပါတယ်။ သေနတ်သမားအဖြစ် မသင်္ကာသူကို စစ်ဆေးမေးမြန်းမှုတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ စစ်ဆေးတာတွေ ရှိပေမဲ့ ပစ်ခတ်တဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့လည်း ဒေသခံမှုခင်းတပ်ဖွဲ့ ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ ဘာသာရေး၊ လူမျိုးရေး စတဲ့ တခုခုကို ပစ်မှတ်ထားတဲ့ လက္ခဏာမျိုးလည်း မတွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီ Highland Park တိုက်ခိုက်မှုမတိုင်ခင်က နယူးရောက် Baffalo မြို့ဈေးဆိုင်တန်း၊ တက်ဆက်စ် Uvalde မူလတန်းကျောင်းနဲ့ အိုကလာဟိုးမား က Tulsa ဆေးရုံဝင်း တွေမှာ ဆယ်ကျော်သက်တွေရဲ့ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေ ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခု ပစ်ခတ်မှုဟာ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေတရပ်ကို ပါတီကြီး ၂ ရပ်စလုံးက ထောက်ခံပြီး သမ္မတဂျိုးဘိုင်ဒန် အတည်ပြုလက်မှတ်ရေးထိုးပြီး တပတ်အကျော်မှာပဲ ဖြစ်ပွါးခဲ့တာပါ။

XS
SM
MD
LG