သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ပစ္ခတ္မႈ တုန႔္ျပန္ေရးမူေဘာင္ ကန္ အထက္လႊတ္ေတာ္ ပါတီႏွစ္ရပ္ သေဘာတူ


ေသနတ္ကိုင္ေဆာင္မႈ ထိန္းခ်ဳပ္ေရး ဝါရွင္တန္ဒီစီျမဳိ႕က ဆႏၵျပပဲြ။

[[ ZAWGYI / UNICODE ]]

အၾကမ္းဖက္ပစ္ခတ္မႈ တုန႔္ျပန္ေရးမူေဘာင္ ကန္ အထက္လႊတ္ေတာ္ ပါတီႏွစ္ရပ္ သေဘာတူ

ၿပီးခဲ့တဲ့လက နယူးေယာက္နဲ႔ တကၠဆက္ျပည္နယ္တို႔မွာ ျဖစ္ပြားခဲ့တဲ့ အစုလိုက္အၿပဳံလိုက္ ပစ္ခတ္ သတ္ျဖတ္မႈကို တုန႔္ျပန္တဲ့ မူေဘာင္တရပ္ကို အေမရိကန္ အထက္လႊတ္ေတာ္ ညႇိႏႈိင္းေရး သမားေတြက ေၾကညာလိုက္ပါတယ္။ ဒါဟာ ေသနတ္ ထိန္းခ်ဳပ္ေရး ၊ ေက်ာင္းလုံၿခဳံမႈ တိုးျမႇင့္ေရးနဲ႔ စိတ္ဓါတ္က်န္းမာေရး အစီအစဥ္ေတြကို ခ်င့္ခ်င့္ခ်ိန္ခ်ိန္နဲ႔ အေတာ္အသင့္ လုပ္ေဆာင္ႏိုင္မယ့္ သေဘာတူညီမႈ ျဖစ္ပါတယ္။

ဒီ အဆိုျပဳခ်က္ဟာ သမၼတ ဂ်ိဳးဘိုင္ဒင္နဲ႔ ဒီမိုကရက္အမ်ားစုတို႔ ကာလရွည္ၾကာ ႀကိဳးပမ္းလာတဲ့ ထိေရာက္ေသာ ေသနတ္ထိန္းခ်ဳပ္ေရး အဆင့္ထိ မေရာက္ေသးေပမဲ့ ဒီသေဘာတူညီခ်က္ဟာ လႊတ္ေတာ္က အတည္ျပဳတဲ့ ဥပေဒတရပ္ ျဖစ္လာရင္၊ ကြန္ဂရက္ လႊတ္ေတာ္မွာ ႏွစ္ေပါင္းမ်ားစြာ ေရွ႕မတိုးႏိုင္ျဖစ္ေနတဲ့ ကိစၥအတြက္ အထူး အခ်ိဳးအေကြ႕တရပ္ ျဖစ္သြားႏိုင္ပါတယ္။

အထက္လႊတ္ေတာ္မွာ ပါတီႏွစ္ရပ္ရဲ႕ အမတ္ဦးေရ ၅၀-၅၀ အညီအမွ် ျဖစ္ေနတာက အႀကီးမားဆုံး အတားအဆီးတရပ္ ျဖစ္ေနၿပီး ၊ ဥပေဒ အတည္ျပဳႏိုင္ဖို႔အတြက္ ေထာက္ခံမဲ ၆၀ ရရွိရမွာ ျဖစ္ပါတယ္။ ေခါင္းေဆာင္ေတြကေတာ့ ဒီ သေဘာတူညီမႈ ေတြကေန ဥပေဒ ျဖစ္လာေစေရးအတြက္ နယူးေယာက္ျပည္နယ္ ဘတ္ဖဲလိုးနဲ႔ တကၠဆက္ျပည္နယ္ ယူဗားလ္ဒီးၿမိဳ႕က ပစ္ခတ္မႈေၾကာင့္ ျဖစ္ထြန္းေနတဲ့ ႏိုင္ငံေရးအရွိန္အဟုန္ ေမွးမွိန္ မသြားခင္ ဒီလအတြင္းမွာပဲ သေဘာတူညီမႈ ရႏိုင္ဖို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

ဒီသေဘာတူညီမႈ ရရွိဖို႔အတြက္ ရီပတ္ဘလစ္ကင္ (၁၀)ဦး ပါဝင္တဲ့ အထက္လႊတ္ေတာ္အမတ္ (၂၀)တို႔က ေဆာင္႐ြက္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီသေဘာတူညီခ်က္ကို ဥပေဒ အသုံးအႏႈန္းနဲ႔ အေသးစိတ္ေရးသားဖို႔အတြက္ လာမယ့္ ရက္ေတြအတြင္းမွာ လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔လည္း ေစ့စပ္ညႇိႏႈိင္းသူေတြက ေျပာေနၾကပါတယ္။

============================

{{ UNICODE }}

အကြမ်းဖက်ပစ်ခတ်မှု တုန့်ပြန်ရေးမူဘောင် ကန် အထက်လွှတ်တော် ပါတီနှစ်ရပ် သဘောတူ

ပြီးခဲ့တဲ့လက နယူးယောက်နဲ့ တက္ကဆက်ပြည်နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ် သတ်ဖြတ်မှုကို တုန့်ပြန်တဲ့ မူဘောင်တရပ်ကို အမေရိကန် အထက်လွှတ်တော် ညှိနှိုင်းရေး သမားတွေက ကြေညာလိုက်ပါတယ်။ ဒါဟာ သေနတ် ထိန်းချုပ်ရေး ၊ ကျောင်းလုံခြုံမှု တိုးမြှင့်ရေးနဲ့ စိတ်ဓါတ်ကျန်းမာရေး အစီအစဉ်တွေကို ချင့်ချင့်ချိန်ချိန်နဲ့ အတော်အသင့် လုပ်ဆောင်နိုင်မယ့် သဘောတူညီမှု ဖြစ်ပါတယ်။

ဒီ အဆိုပြုချက်ဟာ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဒီမိုကရက်အများစုတို့ ကာလရှည်ကြာ ကြိုးပမ်းလာတဲ့ ထိရောက်သော သေနတ်ထိန်းချုပ်ရေး အဆင့်ထိ မရောက်သေးပေမဲ့ ဒီသဘောတူညီချက်ဟာ လွှတ်တော်က အတည်ပြုတဲ့ ဥပဒေတရပ် ဖြစ်လာရင်၊ ကွန်ဂရက် လွှတ်တော်မှာ နှစ်ပေါင်းများစွာ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ ကိစ္စအတွက် အထူး အချိုးအကွေ့တရပ် ဖြစ်သွားနိုင်ပါတယ်။

အထက်လွှတ်တော်မှာ ပါတီနှစ်ရပ်ရဲ့ အမတ်ဦးရေ ၅၀-၅၀ အညီအမျှ ဖြစ်နေတာက အကြီးမားဆုံး အတားအဆီးတရပ် ဖြစ်နေပြီး ၊ ဥပဒေ အတည်ပြုနိုင်ဖို့အတွက် ထောက်ခံမဲ ၆၀ ရရှိရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေကတော့ ဒီ သဘောတူညီမှု တွေကနေ ဥပဒေ ဖြစ်လာစေရေးအတွက် နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးနဲ့ တက္ကဆက်ပြည်နယ် ယူဗားလ်ဒီးမြို့က ပစ်ခတ်မှုကြောင့် ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးအရှိန်အဟုန် မှေးမှိန် မသွားခင် ဒီလအတွင်းမှာပဲ သဘောတူညီမှု ရနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

ဒီသဘောတူညီမှု ရရှိဖို့အတွက် ရီပတ်ဘလစ်ကင် (၁၀)ဦး ပါဝင်တဲ့ အထက်လွှတ်တော်အမတ် (၂၀)တို့က ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကို ဥပဒေ အသုံးအနှုန်းနဲ့ အသေးစိတ်ရေးသားဖို့အတွက် လာမယ့် ရက်တွေအတွင်းမှာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း စေ့စပ်ညှိနှိုင်းသူတွေက ပြောနေကြပါတယ်။

XS
SM
MD
LG