သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလီယိုဆေးတိုက်ကျွေးနိုင်ရေး ယာယီအပစ်ရပ်ဖို့ အစ္စရေးသဘောတူ


ပိုလီယိုရောဂါ စစ်ဆေးကုသခံနေတဲ့ ဂါဇာဒေသခံ ကလေးငယ်တဦး (ဩဂုတ် ၁၈၊ ၂၀၂၄)
ပိုလီယိုရောဂါ စစ်ဆေးကုသခံနေတဲ့ ဂါဇာဒေသခံ ကလေးငယ်တဦး (ဩဂုတ် ၁၈၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသမှာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေး ၃ ရက်စီ အပစ်ရပ်ဖို့ အစ္စရေးက သဘောတူလိုက်ပြီလို့ WHO က ပြောပါတယ်။ ဂါဇာဒေသအသီးသီးမှာ ကလေးငယ်တွေကို ကာကွယ်ဆေးတိုက်ကျွေးခွင့်ပြုရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အသုတ်လိုက် အပစ်ရပ်ဖို့ အစ္စရေးက သဘောတူထားပြီးပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရာရှိတွေက ပြောကြားလိုက်တာပါ။

ကာကွယ်ဆေးတိုက်ကျွေးဖို့ ဆွေးနွေးသဘောတူထားချက်အရ၊ ပထမ အသုတ် ၃ ရက် အပစ်ရပ်တာကို သန်ဘက်ခါ စက်တင်ဘာ ၁ ရက်နေ့ ဂါဇာအလယ်ပိုင်းမှာ စတင်မှာဖြစ်တယ်လို့၊ ပါလက်စတိုင်းဒေသဆိုင်ရာ WHO အရာရှိ Rik Peeperkorn က AFP ကို ပြောပါတယ်။

ဂါဇာ တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာလည်း နောက်ထပ် ၃ ရက်စီ အသုတ်လိုက် ဒီကာကွယ်ဆေးတိုက်ကျွေးဖို့ အစ္စရေးနဲ့ စီစဉ်ထားတာမှာ၊ လိုအပ်ရင် ရက်ထပ်တိုးဖို့လည်း သဘောတူထားပါတယ်လို့ Peeperkorn ကပြောခဲ့ပါတယ်။

ဂါဇာဒေသမှာ ကာကွယ်ဆေးတိုက်ကျွေးမယ့် အစီအစဉ်အရ အသက် ၁၀ နှစ်အောက် ကလေးငယ် စုစုပေါင်း ၆ သိန်း ၄ သောင်းကျော်ကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနိုင်မယ်လို့ WHO က ခန့်မှန်းထားပါတယ်။ ပေးထားတဲ့ကတိကို ၂ ဘက်လုံး လိုက်ကြဖို့ WHO ဒုညွှန်ချုပ် Michael Ryan ကတိုက်တွန်းပါတယ်။ သတ်မှတ်နေရာမှာ အနည်းဆုံး ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေး တိုက်ကျွေးနိုင်ဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG