သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအလယ်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

ဂါဇာဒေသဘက် မီးခိုးလုံးများကို တွေ့ရစဉ် (ဩဂုတ် ၂၃၊ ၂၀၂၄)
ဂါဇာဒေသဘက် မီးခိုးလုံးများကို တွေ့ရစဉ် (ဩဂုတ် ၂၃၊ ၂၀၂၄)

အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြား အပစ်အခတ်ရပ်ရေး သဘောတူညီမှုရဖို့ အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတွေက တွန်းအားပေးကြိုးစားနေပေမဲ့ ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းမှာ ဒီနေ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

Deir alBalah မြို့ အရှေ့ပိုင်းမှာ မနက်အစောပိုင်းက လက်နက်ကြီး ပစ်ခတ်သံတွေ စက်သေနတ်သံတွေကို AP သတင်းဌာနက ရိုက်ကူးတဲ့ ဗီဒီယိုမှာ ကြားနေရပါတယ်။ ဂါဇာတောင်ပိုင်းက Khan Younis မြို့မှာတော့ အစောပိုင်း လေကြောင်းတိုက်ခိုက်မှုအတွင်း ၄ ယောက်သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အရပ်သားကာကွယ်ရေးဆိုင်ရာ ပြောခွင့်ရ Mahmoud Bassal ကပြောပါတယ်။ သူတို့စီးလာတဲ့ကားအပေါ် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ ကြာသပတေးနေ့က တိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ဒါဇင်နဲ့ချီ သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ သောကြာနေ့ အစောပိုင်းမှာ ပြောကြားပါတယ်။ Khan Younis မြို့မှာတော့ အစ္စရေးတောင်ပိုင်းကို ဒုံးတွေနဲ့ လှမ်းပစ်နေတဲ့ နေရာတွေအပါအဝင် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဂါဇာအလယ်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG