အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် တပ်ဖွဲ့တွေ အပေါ် အီရန်ရဲ့ ခြိမ်းခြောက်မှု ဆိုင်ရာ ရှင်းလင်းပြတ်သားတဲ့ အချက်အလက်သစ်တွေကို အမေရိကန် စစ်တပ်က ရရှိထားပါတယ်။
အီရန်နဲ့ အီရန်ရဲ့ အကျိုးဆောင် ကိုယ်ပွား တပ်ဖွဲ့တွေက ဒေသတွင်းက အမေရိကန် တပ်ဖွဲပတွေ အပေါ် တိုက်ခိုက်ဖို့ ဖြစ်နိုင်ခြေ ရှိတဲ့ ပြင်ဆင်မှုတွေ လုပ်နေပုံ ရပါတယ်။ ဒီထဲမှာဆိုရင် မြေပြင်မှာရော ပင်လယ်ပြင်မှာရော ခြိမ်းခြောက်မှုတွေ ပါဝင်တယ်လို့ အမေရိကန် ကာကွယ်ရေးဌာနရဲ့ ဗဟိုကွပ်ကွဲမှု ဌာန ပြောခွင့် ရေတပ် ဗိုလ်မှူးကြီး William Urban က ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Mike Pompeo လည်း ဂျာမနီကို သွားဖို့ စီစဉ်ထားတဲ့ ခရီးကို အင်္ဂါနေ့မှာ ဖျက်လိုက်ပြီး အီရန်ရဲ့ စိုးရိမ်ဖွယ် လှုပ်ရှားမှုတွေ တိုးလာတာနဲ့ ပတ်သက်ပြီး အီရတ် ၀န်ကြီးချုပ် Adel Abdul-Mahdi နဲ့ ဆွေးနွေးဖို့ ဘဂ္ဂဒက်ကို ကြိုတင် မကြေညာဘဲ သွားရောက်ခဲ့ပါတယ်။
အမေရိကန် လေယာဉ်တင် သဘောင်္ USS Abraham Lincoln နဲ့ တိုက်ခိုက်ရေး အဖွဲ့ကိုလည်း ဥရောပ ပင်လယ်ပြင်ကနေ အာရေဗျ ပင်လယ်ဘက်ကို အမေရိကန် တာဝန်ရှိသူတွေက ခုတ်မောင်းထားရှိထားပါတယ်။ ဒါ့အပြင် အီရန်ရဲ့ အလားအလာ ရှိနေတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ရေး အတွက် B-52 ဗုံးကျဲတိုက်ခိုက်ရေး အဖွဲ့ကိုလည်း တပ်ချထားပါတယ်။