သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အလွဴအတန္းေတြအေပၚ မွီခုိေနရတဲ့ ျမန္မာႏုိင္ငံက ဆင္းရဲသားမ်ားဘဝ


ရန္ကုန္ၿမိဳ႕အမိႈက္ပုံအနီးေနထိုင္လုပ္ကိုင္ၾကသူမိသားစုမ်ားျမင္ကြင္း

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ပထမဆုံးအႀကိမ္ အတည္ျပဳခဲ့တဲ့ ဒီႏွစ္ဆန္းပုိင္းကစလုိ႔ စားဝတ္ေနေရး အခက္အခဲႀကံဳေနရတဲ့ ဆင္းရဲႏြမ္းပါးသူေတြကုိ ေစတနာရွင္ေတြက တပုိင္တႏုိင္လွဴဒါန္းေနၾကပါတယ္။ ဒါေပမဲ့လည္း ကပ္ေရာဂါကူးစက္မႈေတြ တုိးလာရာက သြားလာလႈပ္ရွားမႈေတြ ပုိမုိတင္းၾကပ္လာၿပီး ကန္႔သတ္ခ်က္ေတြ ၾကာလာတာနဲ႔အမွ် အခက္အခဲေတြ ပုိမ်ားလာေနသလုိ၊ ပုဂၢလိကအလွဴရွင္ေတြလည္း နည္းပါးလာတဲ့ အေျခအေနနဲ႔ ႀကံဳေနရပါတယ္။ ကပ္ေရာဂါကာလ စားဝတ္ေနေရး အခက္အခဲႀကံဳေနရခ်ိန္မွာ ေစတနာရွင္ေတြရဲ႕ အလႉအတန္းေတြကို အားထားေနရတဲ့ ရန္ကုန္ၿမိဳ႕က ေဒသခံတခ်ိဳ႕ရဲ႕ အေျခအေနကုိေတာ့ ဗြီအုိေအသတင္းေထာက္ ကုိေဇာ္ထက္က တင္ျပထားပါတယ္။

ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ ပထမဆုံးအႀကိမ္ စတင္အတည္ျပဳခဲ့တဲ့ မတ္လကစလုိ႔ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္လာခဲ့တာ အခုဆုိရင္ ရန္ကုန္တုိင္းမွာ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားတဲ့ အထိပါ။ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြၾကားမွာ စားဝတ္ေနေရး အၾကပ္အတည္း ႀကံဳရသူေတြထဲက ရန္ကုန္ၿမိဳ႕ဆင္ေျခဖုံးအရပ္က ႏြမ္းပါးသူေတြကေတာ့ အလွဴရွင္ေတြကုိ အားထားေနရပါတယ္။

အမိႈက္ပုံကေန ပစၥည္းရွာေဖြလုပ္ကိုင္စားေသာက္ရသည့္မိသားစုမ်ား ကိုဗစ္ေၾကာင့္ခက္ခဲ
အမိႈက္ပုံကေန ပစၥည္းရွာေဖြလုပ္ကိုင္စားေသာက္ရသည့္မိသားစုမ်ား ကိုဗစ္ေၾကာင့္ခက္ခဲ

ရန္ကုန္တုိင္း ေျမာက္ဒဂုံၿမိဳ႕နယ္၊ ထားဝယ္ေခ်ာင္ အရပ္က လူဦးေရ ၂၀၀ ေလာက္ရွိတဲ့ ရပ္ကြက္မွာ ဆုိရင္လည္း စား၀တ္ေနေရး ၾကပ္တည္းေနတာေၾကာင့္ ပရဟိတအဖဲြ႔တခုက လွဴဒါန္းေပးေနပါတယ္။ ကပ္ေရာဂါကာလ မတုိင္ခင္မွာတုန္းက အမႈိက္ပုံကရတဲ့ ပစၥည္းေတြကုိ ေရာင္းခ်ၿပီး က်ပ္ ၅ ေထာင္ေလာက္ ေန႔စဥ္၀င္ေငြရေနေပမဲ့ အခုအခ်ိန္မွာေတာ့ ေစတနာရွင္ေတြရဲ႕ အလွဴအတန္းေတြကုိသာ အားကုိးေနရတယ္လုိ႔လည္း ေဒသခံတေယာက္ျဖစ္တဲ့ ေဒၚေအးေအးသြယ္က ေျပာပါတယ္။

“ အခုကေတာ့ အလႉအတန္းကေလးေတြနဲ႔ပဲ ထိန္းၿပီး စားေနရတာေပါ့၊ အမႈိက္ကုန္းကလည္း ကိုဗစ္ကာလဆိုေတာ့ မတက္ခိုင္းဘူးေလ။ ကိုဗစ္ၿပီးေတာ့မွပဲ တက္ရမယ္တဲ့ ဆိုၿပီး၊ အိမ္ထဲက အိမ္ျပင္မထြက္ရဘူးေပါ့။ အဲလိုမ်ိဳးနဲ႔ပဲ ထိန္းၿပီး စားေသာက္ေနရတာေပါ့။”

အမိႈက္ပုံကေန ပစၥည္းရွာေဖြလုပ္ကိုင္စားေသာက္ရသည့္မိသားစုမ်ား ကိုဗစ္ေၾကာင့္ခက္ခဲ
အမိႈက္ပုံကေန ပစၥည္းရွာေဖြလုပ္ကိုင္စားေသာက္ရသည့္မိသားစုမ်ား ကိုဗစ္ေၾကာင့္ခက္ခဲ

ထား၀ယ္ေခ်ာင္အရပ္မွာ ႏွစ္ေပါင္းမ်ားစြာေနထုိင္လာတဲ့ ေဒၚခင္သန္းဦးကေတာ့ သူတို႔ဇနီးေမာင္ႏွံအတြက္ စားဝတ္ေနေရး စိုးရိမ္စရာမရွိေပမဲ့ မိသားစုမ်ားတဲ့ သူေတြကေတာ့ အလႉရွင္ေတြပဲ အားကိုးေနရေၾကာင္း ေျပာပါတယ္။

“ ဒီပစၥည္းေတြဆို ဘယ္ဝယ္စားႏိုင္ၾကမလဲ ဒီနားက ကေလးေတြမွာ။ အလႉရွင္ေတြ လာပါေစလို႔ ဆုေတာင္းေနရတယ္၊ ခုနက အထုပ္ကေလးေတြေဝေတာ့ ဝမ္းသာလိုက္တာ၊ မ်က္ရည္ေတာင္ က်မိတယ္။ ဪ ဒီနားက ကေလးေတြ ျပည့္စုံသြားၿပီလို႔။"

ရန္ကုန္တုိင္း အပါ၀င္ ကပ္ေရာဂါေၾကာင့္ အိမ္ျပင္မထြက္ဖုိ႔ ကန႔္သတ္ထားတဲ့ ေနရာေတြက လက္လုပ္လက္စား အေျခခံလူတန္းစားေတြအတြက္ အစုိးရက မိသားစုတခုကို က်ပ္ေငြ ၄၀၀၀၀ အထိေထာက္ပံ့တာ အပါအ၀င္ အကူအညီေပးေရး အစီအစဥ္ေတြ ရွိေနေပမဲ့လည္း လုိအပ္ခ်က္ေတြလည္း ရွိေနဆဲ ျဖစ္ပါတယ္။ စတုတၳအႀကိမ္ အကူအညီေပးေရး အစီအစဥ္စတင္ခဲ့ၿပီးေနာက္ လြန္ခဲ့တဲ့ သီတင္းပတ္ အနည္းငယ္အတြင္းမွာပဲ မေက်နပ္ခ်က္ေတြကုိ တိုင္ၾကားစာစုစုေပါင္း ၂၀၀၀၀၀ ( ႏွစ္သိန္း) ေက်ာ္ လက္ခံရရွိခဲ့တယ္လို႔လည္း တာ၀န္ရွိသူေတြက သတင္းထုတ္ျပန္ထားပါတယ္။ ဒါကိုအဆင့္ဆင့္ စစ္ေဆးၾကည့္တဲ့အခါမွာ တိုင္ၾကားစာ ၉၇ ရာခိုင္ႏႈန္းေက်ာ္က မွန္ကန္မႈရွိတာ ေတြ႕ရတာပါ။ အစိုးရက ကူညီေထာက္ပံ့ေနတယ္ ဆုိေပမဲ့ စားဝတ္ေနေရးအတြက္ လုံေလာက္မႈ မရွိေၾကာင္း ရန္ကုန္တိုင္း၊ ဒလၿမိဳ႕နယ္ က်န္စစ္သားရပ္ကြက္မွာေနတဲ့ ေဒၚေငြေၾကာ့က ေျပာပါတယ္။

“ က်မေယာက်္ားက အခုလို ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ အခုလို ေလျဖတ္သြားေတာ့ ပိုၿပီးေတာ့ ဒုကၡေရာက္ပါတယ္။ ေဝျခမ္းေရးကလည္း ပထမ ၄၀၀၀၀ တခါ၊ ၂၀၀၀၀ တခါ၊ ေနာက္ ၁၅၀၀၀ တခါ အဲဒါပဲရဖူးပါတယ္။ ဟိုလူေပး၊ ဒီလူေပး အဲဒါေလးနဲ႔ ေဆးလည္းကုတယ္၊ စားလည္းစားရတယ္၊ အခု ဒုကၡကေတာ့ အေတာ္ေရာက္ေနပါတယ္။”

အမိႈက္ပုံကေန ပစၥည္းရွာေဖြလုပ္ကိုင္စားေသာက္ရသည့္မိသားစုမ်ား ကိုဗစ္ေၾကာင့္ခက္ခဲ
အမိႈက္ပုံကေန ပစၥည္းရွာေဖြလုပ္ကိုင္စားေသာက္ရသည့္မိသားစုမ်ား ကိုဗစ္ေၾကာင့္ခက္ခဲ

ဒလၿမိဳ႕နယ္ထဲက ႏြမ္းပါးသူေတြအမ်ားဆုံးရွိေနတဲ့ ဒီ က်န္စစ္သားရပ္ကြက္ထဲက ရပ္ကြက္လွည့္ေစ်းေရာင္းခ်တဲ့ ေဒၚၾကည္ျမင့္ကလည္း သူ႔မိသားစု အေျခအေနကို အခုလိုရင္ဖြင့္ပါတယ္။

“ ေစ်းေရာင္းတဲ့ အခ်ိန္တုန္းကေတာ့ ဟိုတုန္းက မုန႔္ဖုတ္ေရာင္းတဲ့အခါက၊ အေဒၚနားတာ ဝူဟန္ေတြ ျဖစ္ၿပီးမွ နားလိုက္တာ။ ဟိုတုန္းကေတာ့ ေရာင္းေကာင္းပါတယ္ ဝူဟန္ေတြ မျဖစ္ခင္က။ ေလးငါးေျခာက္ေထာင္ေလာက္ ျမတ္ပါတယ္။ တေန႔တေန႔ လုပ္ကိုင္စားတာ အသက္ရႈႏိုင္တာေပါ့။ အခု စားသုံးသူေတြက သိပ္မစားႏိုင္ၾကေတာ့ အလုပ္အကိုင္ေတြ မရွိၾကေတာ့။ အဲဒါမို႔ ငါးပိရွိ ငါးပိနဲ႔စား၊ ဆားရွိ ဆားနဲ႔စား ဒါပဲရွိေတာ့တယ္ေလ။ ဝင္ေငြမွ မရွိေတာ့တာ၊ တေယာက္တည္းလုပ္စာနဲ႔ စားရတာ။”

ပရဟိတအဖြဲ႔ေတြနဲ႔ ပုဂၢလိကေစတနာရွင္ေတြ အေနနဲ႔လည္း ကပ္ေရာဂါကာလ ၾကာရွည္လာတာနဲ႔အမွ် ရန္ပုံေငြအခက္အခဲ ႀကံဳေနရတာေၾကာင့္ အကူအညီေပးေရး အစီအစဥ္ေတြလည္း ေလ်ာ့က်လာေနတယ္လို႔ ေျပာၾကပါတယ္။ ျမန္မာႏုိင္ငံမွာ မၾကာေသးခင္ လေတြအတြင္းမွာပဲ ကပ္ေရာဂါ တေက်ာ့ျပန္ ကူးစက္မႈေတြေၾကာင့္ ေသဆုံးသူ ၂ ေထာင္ေက်ာ္နဲ႔ ကူးစက္မႈေပါင္း ၁ သိန္းေက်ာ္အထိ ရွိလာခဲ့ရာက ကုိဗစ္ကပ္ေရာဂါ ပထမဆုံးအႀကိမ္ စတင္ကူးစက္ပ်ံ႔ႏံွ႔ခဲ့တဲ့ တ႐ုတ္ႏုိင္ငံထက္ေတာင္ ကူးစက္သူ အေရအတြက္ ေက်ာ္လြန္ခဲ့တဲ့အထိ ျဖစ္ပါတယ္ခင္ဗ်ာ။

.....................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ပထမဆုံးအကြိမ် အတည်ပြုခဲ့တဲ့ ဒီနှစ်ဆန်းပိုင်းကစလို့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ဆင်းရဲနွမ်းပါးသူတွေကို စေတနာရှင်တွေက တပိုင်တနိုင်လှူဒါန်းနေကြပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကူးစက်မှုတွေ တိုးလာရာက သွားလာလှုပ်ရှားမှုတွေ ပိုမိုတင်းကြပ်လာပြီး ကန့်သတ်ချက်တွေ ကြာလာတာနဲ့အမျှ အခက်အခဲတွေ ပိုများလာနေသလို၊ ပုဂ္ဂလိကအလှူရှင်တွေလည်း နည်းပါးလာတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ ကပ်ရောဂါကာလ စားဝတ်နေရေး အခက်အခဲကြုံနေရချိန်မှာ စေတနာရှင်တွေရဲ့ အလှူအတန်းတွေကို အားထားနေရတဲ့ ရန်ကုန်မြို့က ဒေသခံတချို့ရဲ့ အခြေအနေကိုတော့ ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က တင်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ပထမဆုံးအကြိမ် စတင်အတည်ပြုခဲ့တဲ့ မတ်လကစလို့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်လာခဲ့တာ အခုဆိုရင် ရန်ကုန်တိုင်းမှာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ အထိပါ။ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြားမှာ စားဝတ်နေရေး အကြပ်အတည်း ကြုံရသူတွေထဲက ရန်ကုန်မြို့ဆင်ခြေဖုံးအရပ်က နွမ်းပါးသူတွေကတော့ အလှူရှင်တွေကို အားထားနေရပါတယ်။

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင် အရပ်က လူဦးရေ ၂၀၀ လောက်ရှိတဲ့ ရပ်ကွက်မှာ ဆိုရင်လည်း စားဝတ်နေရေး ကြပ်တည်းနေတာကြောင့် ပရဟိတအဖွဲ့တခုက လှူဒါန်းပေးနေပါတယ်။ ကပ်ရောဂါကာလ မတိုင်ခင်မှာတုန်းက အမှိုက်ပုံကရတဲ့ ပစ္စည်းတွေကို ရောင်းချပြီး ကျပ် ၅ ထောင်လောက် နေ့စဉ်ဝင်ငွေရနေပေမဲ့ အခုအချိန်မှာတော့ စေတနာရှင်တွေရဲ့ အလှူအတန်းတွေကိုသာ အားကိုးနေရတယ်လို့လည်း ဒေသခံတယောက်ဖြစ်တဲ့ ဒေါ်အေးအေးသွယ်က ပြောပါတယ်။

“ အခုကတော့ အလှူအတန်းကလေးတွေနဲ့ပဲ ထိန်းပြီး စားနေရတာပေါ့၊ အမှိုက်ကုန်းကလည်း ကိုဗစ်ကာလဆိုတော့ မတက်ခိုင်းဘူးလေ။ ကိုဗစ်ပြီးတော့မှပဲ တက်ရမယ်တဲ့ ဆိုပြီး၊ အိမ်ထဲက အိမ်ပြင်မထွက်ရဘူးပေါ့။ အဲလိုမျိုးနဲ့ပဲ ထိန်းပြီး စားသောက်နေရတာပေါ့။”

ထားဝယ်ချောင်အရပ်မှာ နှစ်ပေါင်းများစွာနေထိုင်လာတဲ့ ဒေါ်ခင်သန်းဦးကတော့ သူတို့ဇနီးမောင်နှံအတွက် စားဝတ်နေရေး စိုးရိမ်စရာမရှိပေမဲ့ မိသားစုများတဲ့ သူတွေကတော့ အလှူရှင်တွေပဲ အားကိုးနေရကြောင်း ပြောပါတယ်။

“ ဒီပစ္စည်းတွေဆို ဘယ်ဝယ်စားနိုင်ကြမလဲ ဒီနားက ကလေးတွေမှာ။ အလှူရှင်တွေ လာပါစေလို့ ဆုတောင်းနေရတယ်၊ ခုနက အထုပ်ကလေးတွေဝေတော့ ဝမ်းသာလိုက်တာ၊ မျက်ရည်တောင် ကျမိတယ်။ ဪ ဒီနားက ကလေးတွေ ပြည့်စုံသွားပြီလို့။"

ရန်ကုန်တိုင်း အပါဝင် ကပ်ရောဂါကြောင့် အိမ်ပြင်မထွက်ဖို့ ကန့်သတ်ထားတဲ့ နေရာတွေက လက်လုပ်လက်စား အခြေခံလူတန်းစားတွေအတွက် အစိုးရက မိသားစုတခုကို ကျပ်ငွေ ၄၀၀၀၀ အထိထောက်ပံ့တာ အပါအဝင် အကူအညီပေးရေး အစီအစဉ်တွေ ရှိနေပေမဲ့လည်း လိုအပ်ချက်တွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ စတုတ္ထအကြိမ် အကူအညီပေးရေး အစီအစဉ်စတင်ခဲ့ပြီးနောက် လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ မကျေနပ်ချက်တွေကို တိုင်ကြားစာစုစုပေါင်း ၂၀၀၀၀၀ ( နှစ်သိန်း) ကျော် လက်ခံရရှိခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။ ဒါကိုအဆင့်ဆင့် စစ်ဆေးကြည့်တဲ့အခါမှာ တိုင်ကြားစာ ၉၇ ရာခိုင်နှုန်းကျော်က မှန်ကန်မှုရှိတာ တွေ့ရတာပါ။ အစိုးရက ကူညီထောက်ပံ့နေတယ် ဆိုပေမဲ့ စားဝတ်နေရေးအတွက် လုံလောက်မှု မရှိကြောင်း ရန်ကုန်တိုင်း၊ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်မှာနေတဲ့ ဒေါ်ငွေကြော့က ပြောပါတယ်။

“ ကျမယောကျ်ားက အခုလို ဒုက္ခရောက်နေတဲ့အချိန်မှာ အခုလို လေဖြတ်သွားတော့ ပိုပြီးတော့ ဒုက္ခရောက်ပါတယ်။ ဝေခြမ်းရေးကလည်း ပထမ ၄၀၀၀၀ တခါ၊ ၂၀၀၀၀ တခါ၊ နောက် ၁၅၀၀၀ တခါ အဲဒါပဲရဖူးပါတယ်။ ဟိုလူပေး၊ ဒီလူပေး အဲဒါလေးနဲ့ ဆေးလည်းကုတယ်၊ စားလည်းစားရတယ်၊ အခု ဒုက္ခကတော့ အတော်ရောက်နေပါတယ်။”

ဒလမြို့နယ်ထဲက နွမ်းပါးသူတွေအများဆုံးရှိနေတဲ့ ဒီ ကျန်စစ်သားရပ်ကွက်ထဲက ရပ်ကွက်လှည့်ဈေးရောင်းချတဲ့ ဒေါ်ကြည်မြင့်ကလည်း သူ့မိသားစု အခြေအနေကို အခုလိုရင်ဖွင့်ပါတယ်။

“ ဈေးရောင်းတဲ့ အချိန်တုန်းကတော့ ဟိုတုန်းက မုန့်ဖုတ်ရောင်းတဲ့အခါက၊ အဒေါ်နားတာ ဝူဟန်တွေ ဖြစ်ပြီးမှ နားလိုက်တာ။ ဟိုတုန်းကတော့ ရောင်းကောင်းပါတယ် ဝူဟန်တွေ မဖြစ်ခင်က။ လေးငါးခြောက်ထောင်လောက် မြတ်ပါတယ်။ တနေ့တနေ့ လုပ်ကိုင်စားတာ အသက်ရှုနိုင်တာပေါ့။ အခု စားသုံးသူတွေက သိပ်မစားနိုင်ကြတော့ အလုပ်အကိုင်တွေ မရှိကြတော့။ အဲဒါမို့ ငါးပိရှိ ငါးပိနဲ့စား၊ ဆားရှိ ဆားနဲ့စား ဒါပဲရှိတော့တယ်လေ။ ဝင်ငွေမှ မရှိတော့တာ၊ တယောက်တည်းလုပ်စာနဲ့ စားရတာ။”

ပရဟိတအဖွဲ့တွေနဲ့ ပုဂ္ဂလိကစေတနာရှင်တွေ အနေနဲ့လည်း ကပ်ရောဂါကာလ ကြာရှည်လာတာနဲ့အမျှ ရန်ပုံငွေအခက်အခဲ ကြုံနေရတာကြောင့် အကူအညီပေးရေး အစီအစဉ်တွေလည်း လျော့ကျလာနေတယ်လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင် လတွေအတွင်းမှာပဲ ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေကြောင့် သေဆုံးသူ ၂ ထောင်ကျော်နဲ့ ကူးစက်မှုပေါင်း ၁ သိန်းကျော်အထိ ရှိလာခဲ့ရာက ကိုဗစ်ကပ်ရောဂါ ပထမဆုံးအကြိမ် စတင်ကူးစက်ပျံ့နံှ့ခဲ့တဲ့ တရုတ်နိုင်ငံထက်တောင် ကူးစက်သူ အရေအတွက် ကျော်လွန်ခဲ့တဲ့အထိ ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG