သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာလူနည်းစုအပေါ်ဆက်ဆံမှု ပုပ်ရဟန်းမင်းကြီး ဝေဖန်


ပုပ်ရဟန်းမင်းကြီးFrancis
ပုပ်ရဟန်းမင်းကြီးFrancis

မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်လူနည်းစုတွေကို ရက်ရက်စက်စက် ပြုမူနေတယ် လို့ ဆိုတာတွေအပေါ် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်က ဒီကနေ့ အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ မွတ်စလင် ယုံကြည်ချက်အတိုင်း နေထိုင်ချင်ကြ တာသက်သက်ကြောင့် နှိပ်စက်ညှဉ်းပန်းခံရ၊ အသတ်ခံနေကြရတဲ့အတွက် သူတို့အတွက် ဝိုင်းဝန်း ဆုတောင်းပေးကြပါစို့လို့ ပုပ်ရဟန်းမင်းကြီးကမိန့်ပါတယ်။

“ကျနော်တို့ရဲ့ ရိုဟင်ဂျာ ညီအကိုမောင်နှမတွေအတွက် ဒီကနေ့ အထူးနည်းလမ်း တခုနဲ့ အတူတကွ ဆုတောင်းပေးချင်ပါ တယ်။ သူတို့ဟာ မြန်မာနိုင်ငံ ကနေ နှင်ထုတ်ခံရ၊ ဘယ်သူကမှ လက်မခံချင်တဲ့အတွက် တနေရာကနေ တနေရာ ရွှေ့ပြောင်း သွားလာနေကြရပါတယ်။ ဒါပေမဲ့ သူတို့ဟာ ငြိမ်းချမ်းတဲ့ လူကောင်းတွေပါ၊ သူတို့ဟာ ခရစ်ယာန်ဘာသာဝင်တွေ မဟုတ်ပါဘူး၊ သူတို့ဟာ လူကောင်းတွေပါ၊ သူတို့ဟာ ကျနော်တို့ရဲ့ ညီအကိုမောင်နှမတွေပါ။” လို့ ပုပ်ရဟန်းမင်းက မိန့်ပါတယ်။

ဗာတီကန်နန်းတော်မှာ စုဝေးရောက်ရှိနေသူတွေနဲ့အတူ ဒီကနေ့လုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲအတွင်း ပုပ်ရဟန်းမင်းက အဲဒီလို မိန့်ကြားသွားတာပါ။ အဲဒီ ရခိုင်ပြည်နယ်က မွတ်စလင်လူနည်းစုတွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ သုံးနှုန်းပြောဆိုသလို နိုင်ငံ တကာကလဲ အဲဒီလိုခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အရင် ဦးသိန်းစိန်အစိုးရလက်ထက်က ဘင်္ဂါလီလို့ ခေါ်ဝေါ် သုံးစွဲပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကတော့ ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်းလို့ ပြောဆို သုံးနှုန်းပါတယ်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်တွေက ရိုဟင်ဂျာမွတ်စလင်တွေကို သတ်ဖြတ်တာ၊ လူစုလူဝေးနဲ့ မုဒိန်းကျင့်တာ၊ ရွာတွေကို မီးရှို့ တာတွေကို လုပ်ခဲ့ကြတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ထုတ်ပြန်တဲ့ ကုလသမဂ္ဂက အစီရင်ခံစာ တခုထဲမှာ ဖော်ပြခဲ့ပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးက ကြိုတင်ပြင်ဆင်မထားဘဲ ဒီကနေ့ မိန့်ကြား ဆုတောင်းပေးတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG