သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာတလွှား စစ်မြေပြင်တွေမှာ ခရစ္စမတ်အမီအပစ်ရပ်ကြဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း 


ဗာတီကန် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲမှာ မြန်မာအပါအဝင် စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ ခရစ္စမတ်မတိုင်ခင် အပစ်ရပ်ဖို့ ပုပ်ရဟန်းမင်းတိုက်တွန်း။ (ဒီဇင်ဘာ ၈၊ ၂၀၂၄)
ဗာတီကန် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲမှာ မြန်မာအပါအဝင် စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ ခရစ္စမတ်မတိုင်ခင် အပစ်ရပ်ဖို့ ပုပ်ရဟန်းမင်းတိုက်တွန်း။ (ဒီဇင်ဘာ ၈၊ ၂၀၂၄)

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားက စစ်ဖြစ်နေတဲ့နေရာတွေမှာ ခရစ္စမတ်ကာလမတိုင်ခင် အပစ်အခတ်ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။

"ငြိမ်းချမ်းရေးနဲ့ ယူကရိန်း၊ အရှေ့အလယ်ပိုင်း၊ ပါလက်စတိုင်း၊ အစ္စရေး၊ လက်ဘနွန်၊ အခုနောက်ဆုံး ဆီးရီးယား၊ မြန်မာ၊တောင်ဆူဒန်တို့အပြင် စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေဒဏ် ခံစားနေရသူတွေအတွက် ဆက်ပြီးဆုတောင်းကြရအောင်ပါ။စစ်မျက်နှာအားလုံးမှာလည်း ခရစ္စမတ် အားလပ်ရက်ကာလ မတိုင်ခင် အပစ်အခတ်ရပ်စဲကြဖို့ ခေါင်းဆောင်တွေနဲ့နိုင်ငံတကာ အသိုက်အဝန်းကို ပန်ကြားလိုပါတယ်။" လို့ ပုပ်ရဟန်းမင်းကြီး Francis က ဗာတီကန်ကျောင်းတော် St. Peter ရင်ပြင်မှာ အပတ်စဉ်ကျင်းပတဲ့ တနင်္ဂနွေနေ့ ဆုတောင်းပွဲမှာ မိန့်ကြားခဲ့တာပါ။

မနေ့တုန်းက ဆုတောင်းပွဲမှာပဲ အမေရိကန်နိုင်ငံမှာ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့လည်း ပုပ်ရဟန်းမင်းကြီးကတောင်းဆိုခဲ့ပါတယ်။ တခြားအမေရိကန် ကက်သလစ်အဖွဲ့အစည်းတချို့ကလည်း သမ္မတJoe Biden တာဝန်က အနားမယူခင် ကျန်နေတဲ့ ရာထူးသက်တမ်းအတွင်း ဖယ်ဒရယ်အဆင့် စီရင်ချက်တွေကို လျှော့ပေါ့ပေးဖို့ တောင်းဆိုထားတာပါ။ အမေရိကန်မှာ ဖက်ဒရယ်အဆင့် ပြစ်မှုတွေနဲ့ သေဒဏ်ကျခံရသူ ၄၀ လောက်အပါအဝင် သေဒဏ်ကျ အကျဉ်းသား၂,၂၅၀ လောက် ရှိတယ်လို့လည်း ပရဟိတ အဖွဲ့အစည်းတခုဖြစ်တဲ့ သေဒဏ်ကျအကျဉ်းသား သတင်းအချက်အလက်စုဆောင်းရေးအဖွဲ့ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG