သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဗာတီကန်မှာ ခိုလှုံဖို့ ပုပ်ရဟန်းမင်းကြီးကမ်းလှမ်း


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံနေစဉ် (နိုဝင်ဘာ ၂၈၊ ၂၀၁၇)
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံနေစဉ် (နိုဝင်ဘာ ၂၈၊ ၂၀၁၇)

ကက်သလစ်အသင်းတော်ရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး Francis က အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်နိုင်ငံမှာ ခိုလှုံခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒီလဆန်းပိုင်းက ပုပ်ရဟန်းမင်းကြီး အာရှကို ခရီးသွားခဲ့တုန်းက အာရှက Jesuits ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တဲ့ မှတ်တမ်းတွေကို အီတလီသတင်းစာမှာ ကောက်နှုတ်ဖော်ပြခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနဲ့ အီတလီနိုင်ငံ ရောမမြို့တော်မှာ တွေ့ဆုံခဲ့စဉ်ကလည်း ဗာတီကန်မှာ လာရောက်ခိုလှုံမယ်ဆိုရင် လက်ခံမယ့်လို့ ကမ်းလှမ်းခဲ့ကြောင်းတွေကို အာရှက Jesuits ခရိယာန်ဘုန်းတော်ကြီးတွေကို ပြောပြခဲ့တယ်လို့ ခရီးစဉ် မှတ်တမ်းတွေအရ သိရပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ အာရှက ခရစ်ယာန်ဘုန်းတော်ကြီးတွေ သီးခြားတွေ့ဆုံပွဲတွေတုန်းက ပြောကြားခဲ့တဲ့ ကောက်နှုတ်ချက်တချို့ကို အီတလီဘုန်းတော်ကြီး Antonio Spadaro က The Corriere della Sera နေ့စဉ်ထုတ် သတင်းစာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအခြေအနေကို ဒီအတိုင်း နှုတ်ပိတ်ကြည့်နေလို့ မရကြောင်းနဲ့ တခုခု လုပ်ရမှာဖြစ်ကြောင်းလည်း အာရှကခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့တယ်လို့ ဆောင်းပါးထဲမှာ ရေးထားပါတယ်။
မြန်မာနိုင်ငံဟာ လူတိုင်းရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကိုလေးစားမှုအပေါ်အခြေခံတဲ့ ငြိမ်းချမ်းတဲ့နိုင်ငံဖြစ်သင့်သလို၊ လူတိုင်းအတွက် တန်းတူအကျိုးခံစားနိုင်မယ့် ဒီမိုကရေစီစနစ်ကို လေးစားတဲ့နိုင်ငံဖြစ်သင့်ပါတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက စက်တင်ဘာ ၂ ရက်ကနေ ၁၃ ရက်နေ့အထိ အင်ဒိုနီးရှား၊ အရှေ့တီမောနဲ့ စင်္ကာပူနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေမှာ ပြောကြားခဲ့ပါတယ်။

ကက်သလစ်အသင်းတော်ချုပ်အခြေစိုက်တဲ့ ဗာတီကန်ဟာ ကမ္ဘာမှာ သီးခြားလွတ်လပ်စွာ ရပ်တည်နေတဲ့ ကမ္ဘာ့နိုင်ငံတခု ဖြစ်ပြီး အီတလီနိုင်ငံ ရောမမြို့တော်နားမှာ တည်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG