သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ဂိုလီးယားရောက် ပုပ်ရဟန်းမင်းကြီးကို တရုတ်ခရစ်ယာန်တွေ လာရောက်ကြိုဆို


Pope Francis attends a welcome ceremony, Sept. 2, 2023, in front of the Saaral Ordon Government Building in Sukhbaatar Square in Ulaanbaatar, Mongolia.
Pope Francis attends a welcome ceremony, Sept. 2, 2023, in front of the Saaral Ordon Government Building in Sukhbaatar Square in Ulaanbaatar, Mongolia.

မွန်ဂိုလီးယားနိုင်ငံ မြို့တော် အူလန်ဘာတော (Ulaanbaatar)ကို ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်ကို တရားဝင်ကြိုဆိုတဲ့ အခမ်းအနားတခု စနေနေ့က ကျင်းပရာမှာ တရုတ်နိုင်ငံအလံ ဝှေ့ယမ်းပြီး ကြိုဆိုခဲ့ကြတဲ့ တရုတ်နိင်ငံကလာတဲ့ ကက်သလစ်ဘာသာဝင် အနည်းငယ်ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

မွန်ဂိုလီးယားရောက် ပုပ်ရဟန်းမင်းကြီးကို တရုတ်ခရစ်ယာန်တွေ လာရောက်ကြိုဆို

မွန်ဂိုလီးယားနိုင်ငံ မြို့တော် အူလန်ဘာတော (Ulaanbaatar) ကိုရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်ကို တရားဝင်ကြိုဆိုတဲ့ အခမ်းအနားတခု စနေနေ့က ကျင်းပရာမှာ တရုတ်နိုင်ငံအလံဝှေ့ယမ်းပြီး ကြိုဆိုခဲ့ကြတဲ့ တရုတ်နိင်ငံကလာတဲ့ ကက်သလစ်ဘာသာဝင် အနည်းငယ်ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

တရုတ်ပြည်မကြီးက လာသူတွေက ပုပ်ရဟန်းမင်းကြီးကို ဖူးတွေ့ရလို့ ဝမ်းမြောက်ကြောင်း ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဗာတီကန်နန်းတော်က တရုတ်ပြည်မကြီးနဲ့ သံတမန် အဆက်အသွယ်မရှိဘဲ ထိုင်ဝမ်ကိုပဲ အသိအမှတ်ပြုထားတာပါ။ တရုတ်ပြည်မှာလည်း အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ တရားဝင် ဘုရားကျောင်းတွေနဲ့ ပုပ်ရဟန်းမင်းကို သစ္စာခံတဲ့ မြေအောက် လျှို့ဝှက်လှုပ်ရှားကြတဲ့ ဘာသာဝင်တွေ ကွဲပြားနေပါတယ်။

လူဦးရေ ၃.၃ သန်းပဲရှိတဲ့ မွန်ဂိုလီးယားမှာ ကက်သလစ် ဘာသာဝင် ၁,၄၅၀ ယောက်ပဲ ရှိပေမယ့် တရုတ်နိုင်ငံနဲ့ ကပ်လျက်ရှိနေလို့ အဲဒီက သန်းနဲ့ချီတဲ့ ဘာသာဝင်တွေရဲ့ အခွင့်အရေး ကာကွယ်ပေးဖို့ လိုလားနေတဲ့ ရိုမန်ကက်သလစ် ကျောင်းတော်အတွက် မွန်ဂိုလီးယားက မဟာဗျူဟာအရ အရေးပါနေပါတယ်။

သက်တော် (၈၆) နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်ဟာ မွန်ဂိုလီးယားကို သောကြာနေ့က ရောက်ရှိနေတာပါ။ ကမ္ဘာ့ ကက်သလစ် ခရစ်ယာန်ဘာသာဝင် (၁.၃) ဘီလျီရဲ့ အကြီးအမှူးဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ တရုတ်နိုင်ငံအပါအဝင် ခရီးစဉ်တလျှောက် လေယာဉ်ပျံသန်းလာတဲ့ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကို နှုတ်ခွန်းဆက်စကားတွေ ပေးပို့ရာမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုလည်း သဝဏ်လွှာပါးခဲ့ပါတယ်။ အဲဒီမှာ တရုတ်ပြည်ကြီး သာယာဝပြောဖို့နဲ့ တရုတ်ပြည်သူအားလုံးအတွက် ဆုမွန်ကောင်း တောင်းပေးကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG