သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္သမၼတအေရွ႕အလယ္ပိုင္းခရီးစဥ္ ေရနံထုတ္လုပ္ေရးတြန္းအားေပးမည္


အေမရိကန္သမၼၱတ ဂ်ဳိးဘုိင္ဒန္ အေရွ႕အလယ္ပိုင္းခရီး မစတင္ခင္ေလးမွာ အေမရိကန္စစ္တပ္ ဟယ္လီေကာ့ပတာေတြကို အစၥေရး ႏိုင္ငံ တယ္လ္အဗစ္ၿမိဳ႕အနီး Ben Gurion ေလဆိပ္မွာ ေတြ႔ရစဥ္။ (ဇူလိုင္ ၁၂၊ ၂၀၂၂)


[[Zawgyi/Unicode]]

ဓာတ္ဆီေဈးခ်ဖို႔ OPEC (ေခၚ) ေရနံ ထုတ္လုပ္တင္ပို႔တဲ့အဖြဲ႕ဝင္ႏိုင္ငံမ်ားက ေရနံပိုမိုထုတ္ေအာင္ အေမရိကန္ သမၼတဘိုင္ဒန္က ဒီအပတ္ ေဆာ္ဒီ အာေရဗ် ေခါင္းေဆာင္ေတြနဲ႔ေတြ႕တဲ့အခါ တိုက္တြန္းဖို႔ ရွိတယ္လို႔ အိမ္ျဖဴေတာ္ အမ်ိဳးသား လုံၿခဳံေရးအႀကံေပး Jake Sullivan က တနလၤာေန႔က ေျပာပါတယ္။

အေမရိကန္ သမၼတဘိုင္ဒန္ဟာ အေရွ႕အလယ္ပိုင္းေဒသကို အေမရိကန္ စံေတာ္ ခ်ိန္ အဂၤါေန႔ညမွာ ခရီးထြက္မွာ ျဖစ္ၿပီး အစၥေရး၊ အေနာက္ကမ္းနဲ႔ ေဆာ္ဒီအာေရဗ် တို႔ကို သြားေရာက္မွာ ျဖစ္ပါတယ္။ ဓာတ္ဆီေဈးေတြတက္လာတာနဲ႔အတူ သမၼတ ဘိုင္ဒန္အေပၚ ေထာက္ခံမႈက လူထုအျမင္ စစ္တမ္းေတြမွာ က်ဆင္းလာတဲ့အခ်ိန္မွာ ဒီခရီးစဥ္က ျဖစ္လာတာပါ။

“ကမာၻ႔စီးပြါးေရးနဲ႔ အေမရိကန္စားသုံးသူေတြကို ကာကြယ္ဖို႔၊ ကမာၻ႔ေဈးကြက္ မွာ ေရနံအေရာင္း လုံလုံေလာက္ေလာက္ ရွိဖို႔လိုအပ္တာကို က်ေနာ္တို႔ ယုံၾကည္ တဲ့အေၾကာင္း ေျပာမွာပါ” လို႔ မစၥတာ Sullivan က ေျပာပါတယ္။

၂၀၁၈ ခုႏွစ္တုန္းက ဝါရွင္တန္ပို႔စ္ သတင္းစာရဲ႕ သတင္းစာဆရာ Jamal Khashoggi အသတ္ခံရမႈနဲ႔ ပတ္သက္ၿပီး လူ႔အခြင့္အေရးအဖြဲ႕ေတြက ဖိအားေပးေနတာေတြကိုလည္း သမၼတဘိုင္ဒန္ ရင္ဆိုင္ေနရပါတယ္။ ဒီအမႈ ေနာက္ကြယ္မွာ ေဆာ္ဒီအာေရဗ် ႏိုင္ငံရဲ႕ အိမ္ေရွ႕မင္းသား Mohammed bin Salman ရွိေနတယ္လို႔ အေမရိကန္ ေထာက္လွမ္းေရး အသိုက္အဝန္းက ေကာက္ခ်က္ခ်ထားၾကပါတယ္။ ဒါနဲ႔ဆက္ႏြယ္ၿပီး ေဆာ္ဒီအာေရဗ်ႏိုင္ငံကို အပယ္ခံႏိုင္ငံအျဖစ္ သမၼတဘိုင္ဒန္က အရင္တုန္းက ေျပာခဲ့တာေတြနဲ႔ ပတ္သက္ၿပီး ေနာင္တမရပါဘူးလို႔လည္း မစၥတာ ဆူလီဗန္က သတင္းေထာက္ေတြကို ေျပာပါတယ္။

လူ႔အခြင့္အေရးနဲ႔ ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈေတြကို အမ်ားျပည္သူေရွ႕မွာေရာ၊ သီးသန႔္အေနနဲ႔ေရာ ေျပာဆိုဖို႔က သမၼတဘိုင္ဒင္ရဲ႕ ဒီခရီးရည္႐ြယ္ခ်က္ တခ်က္ ျဖစ္ပါတယ္လို႔ မစၥတာဆူလီဗန္က ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================


[[Unicode]]

ကန်သမ္မတအရှေ့အလယ်ပိုင်းခရီးစဉ် ရေနံထုတ်လုပ်ရေးတွန်းအားပေးမည်

ဓာတ်ဆီဈေးချဖို့ OPEC (ခေါ်) ရေနံ ထုတ်လုပ်တင်ပို့တဲ့အဖွဲ့ဝင်နိုင်ငံများက ရေနံပိုမိုထုတ်အောင် အမေရိကန် သမ္မတဘိုင်ဒန်က ဒီအပတ် ဆော်ဒီ အာရေဗျ ခေါင်းဆောင်တွေနဲ့တွေ့တဲ့အခါ တိုက်တွန်းဖို့ ရှိတယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan က တနင်္လာနေ့က ပြောပါတယ်။

အမေရိကန် သမ္မတဘိုင်ဒန်ဟာ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန် စံတော် ချိန် အင်္ဂါနေ့ညမှာ ခရီးထွက်မှာ ဖြစ်ပြီး အစ္စရေး၊ အနောက်ကမ်းနဲ့ ဆော်ဒီအာရေဗျ တို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဓာတ်ဆီဈေးတွေတက်လာတာနဲ့အတူ သမ္မတ ဘိုင်ဒန်အပေါ် ထောက်ခံမှုက လူထုအမြင် စစ်တမ်းတွေမှာ ကျဆင်းလာတဲ့အချိန်မှာ ဒီခရီးစဉ်က ဖြစ်လာတာပါ။

“ကမ္ဘာ့စီးပွါးရေးနဲ့ အမေရိကန်စားသုံးသူတွေကို ကာကွယ်ဖို့၊ ကမ္ဘာ့ဈေးကွက် မှာ ရေနံအရောင်း လုံလုံလောက်လောက် ရှိဖို့လိုအပ်တာကို ကျနော်တို့ ယုံကြည် တဲ့အကြောင်း ပြောမှာပါ” လို့ မစ္စတာ Sullivan က ပြောပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ဝါရှင်တန်ပို့စ် သတင်းစာရဲ့ သတင်းစာဆရာ Jamal Khashoggi အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးနေတာတွေကိုလည်း သမ္မတဘိုင်ဒန် ရင်ဆိုင်နေရပါတယ်။ ဒီအမှု နောက်ကွယ်မှာ ဆော်ဒီအာရေဗျ နိုင်ငံရဲ့ အိမ်ရှေ့မင်းသား Mohammed bin Salman ရှိနေတယ်လို့ အမေရိကန် ထောက်လှမ်းရေး အသိုက်အဝန်းက ကောက်ချက်ချထားကြပါတယ်။ ဒါနဲ့ဆက်နွယ်ပြီး ဆော်ဒီအာရေဗျနိုင်ငံကို အပယ်ခံနိုင်ငံအဖြစ် သမ္မတဘိုင်ဒန်က အရင်တုန်းက ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး နောင်တမရပါဘူးလို့လည်း မစ္စတာ ဆူလီဗန်က သတင်းထောက်တွေကို ပြောပါတယ်။

လူ့အခွင့်အရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အများပြည်သူရှေ့မှာရော၊ သီးသန့်အနေနဲ့ရော ပြောဆိုဖို့က သမ္မတဘိုင်ဒင်ရဲ့ ဒီခရီးရည်ရွယ်ချက် တချက် ဖြစ်ပါတယ်လို့ မစ္စတာဆူလီဗန်က ဆိုပါတယ်။

XS
SM
MD
LG