သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပဘောလုံးပွဲတွေမှာ နာမည်ကြီးအသင်းများ သရေကျ


တော့တင်ဟမ်ဘက်ကို ထိုးဖောက်ဂိုးသွင်းဖို့ ကြိုးစားနေတဲ့ မန်ယူတိုက်စစ်မှူး Rashford. (ဇွန် ၁၉၊ ၂၀၂၀)
တော့တင်ဟမ်ဘက်ကို ထိုးဖောက်ဂိုးသွင်းဖို့ ကြိုးစားနေတဲ့ မန်ယူတိုက်စစ်မှူး Rashford. (ဇွန် ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

ဥရောပမှာ မနေ့က ကစားသွားတဲ့ အမှတ်ပေးဘောလုံးပွဲ တချို့မှာတော့ နာမည်ကြီးအသင်းတွေ သရေကျသွားခဲ့ပါတယ်။

အင်္ဂလန်မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ကစားခဲ့ကြပြီး ၁ ဂိုးစီ သရေကျသွားပါတယ်။ လန်ဒန်မှာ မနေ့က ကစားခဲ့ကြတာမှာ မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် တော့တင်ဟမ်ဘက်က Steven Bergwijn က ၂၇ မိနစ်မှာ မန်ယူနောက်တန်းတွေကို ကျော်ဖြတ်ပြီး ကန်သွင်းခဲ့လို့ အဖွင့်ဂိုး ရခဲ့ပါတယ်။

မန်ယူအတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်း ၈၁ မိနစ်မှာ Bruno Fernandes က ပယ်နယ်တီကနေတဆင့် သွင်းခဲ့တာပါ။

အဲဒီနောက် ဒိုင်က မန်ယူအသင်းကို ပယ်နယ်တီ နောက်တလုံး ပေးခဲ့ပေမယ့် အငြင်းပွားစရာ ဖြစ်နေတာကြောင့် VAR နဲ့ ပြန်ကြည့်တာမှာ ပယ်နယ်တီ မဟုတ်ဘူးလို့ ပြန်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ဘဲ ၁ ဂိုးစီ သရေဖြစ်သွားခဲ့ပါတယ်။

မနေ့က အစောပိုင်းပွဲမှာတော့ ဆောက်သမ်တန်က နောဝစ်ချ်စီးတီးကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

စပိန်လာလီဂါမှာတော့ ဇယားထိပ်ကပြေးနေတဲ့ ဘာစီလိုနာနဲ့ တတိယနေရာက ဆီဗီလာတို့ ကစားခဲ့ကြတာမှာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေ ဖြစ်သွားပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းအတွက် ၂ မှတ် နစ်နာသွားခဲ့ပြီး အခုဆိုရင် ရီးရဲလ်မက်ဒရစ်ထက် ၃ မှတ် အသာရနေပေမယ့် ၁ ပွဲ ပိုကစားထားတာကြောင့် ရီးရဲလ်အနေနဲ့ မနက်ဖြန်မှာ ဆိုစီဒက်ကို အနိုင်ရရင် ဘာစီလိုနာနဲ့ အမှတ်တူသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာနောက်တန်းလူ ပီကေးကတော့ သူတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံဖြစ်ဖို့ အသာစီးရအောင် အခွင့်အရေး ပေးလိုက်မိတယ်လို့ ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)









XS
SM
MD
LG