သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမန် Bundesliga ဘောလုံးပွဲစဉ်တွေ အခုလကုန်ပိုင်း ပြန်စနိုင်


 Germany Bundesliga မှာပါဝင်မယ့်ဘောလုံးသမားများ
Germany Bundesliga မှာပါဝင်မယ့်ဘောလုံးသမားများ

Zawgyi/Unicode

ဂျာမနီနိုင်ငံရဲ့ Bundesliga ဘောလုံး ပွဲစဉ်တွေ ဒီလ နှောင်းပိုင်းမှာ ပြန်လည် စတင်နိုင်တယ်လို့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာပဲ ပြည်နယ် ၁၆ ပြည်နယ်က အုပ်ချုပ်ရေးမှူးတွေနဲ့ အစည်းအဝေး ကျင်းပပြီးတဲ့နောက်မှာ Covid-19 ကြောင့်၂ လကြာ ရပ်ဆိုင်းထားတဲ့ ဂျာမန် ဘောလုံးပွဲစဉ်တွေ ပြန်လည် ကစားနိုင်တော့မှာဖြစ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ် Merkel ပြောတာပါ။

ဂျာမနီနိုင်ငံမှာ ကူးစက်မှုနှုန်း လျော့ကျလာတာနဲ့အမျှ ကန့်သတ်ချက်တွေ လျှော့ပေါ့ပေးဖို့ ဖိအားပေး တောင်းဆိုမှုတွေ များလာနေတာလည်း ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ ပြန်ကစားနိုင်မှာဖြစ်ပေမဲ့ ပရိသတ်မပါတဲ့ပွဲတွေ ကျင်းပရမှာ ဖြစ်သလို ဘောလုံးအသင်းတွေကိုလည်း မကစားခင် သီးခြား ခွဲထားဖို့ဆိုတဲ့ ကျန်းမာရေး စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာရမယ်လို့လည်း သူက ပြောပါတယ်။

စပိန်နိုင်ငံမှာတော့ ဘောလုံးသမားတွေ ကွင်းထဲဆင်းပြီး ပြန်လေ့ကျင့်နေကြပြီ ဖြစ်ပါတယ်။ ဘာဆီလိုနာ၊ ရီရယ် မက်ဒရစ်၊ အက်တလီကို မက်ဒရစ်နဲ့ တခြား ကလပ်အသင်းတွေက ဘောလုံးသမားတွေ ဒီတစ်ပတ် လေ့ကျင့်ကွင်းထဲ ပြန်ရောက်လာပါတယ်။

ဘာဆီလိုနာက မက်ဆီ၊ ပီကေးနဲ့ ဆွာရက်စ်တို့ လေ့ကျင့်ကွင်းထဲ နှခေါင်းစည်း မပါဘဲ ရောက်လာကြသလို Griezmann ၊ Arturo Vidal နဲ့ Ivan Rakitic တို့ နှာခေါင်းစည်းတပ်ပြီး ရောက်လာတာပါ။ Gareth Bale နဲ့ Luka Moderic တို့အပါအဝင် ရီရယ် မက်ဒရစ်ကစားသမား အများစုကတော့ နှာခေါင်းစည်းတွေတပ်ပြီး ရောက်လာတာပါ။

လေ့ကျင်းကွင်းမှာရှိတဲ့ ကစားသမားတွေအပြင် နည်းပြအဖွဲ့နဲ့ တခြား အမှုထမ်းတွေအားလုံး ဗိုင်းရပ်ပိုး ရှိမရှိ စမ်းသပ် စစ်ဆေးရမှာ ဖြစ်ပါတယ်။

စပိန် ဘောလုံး အဖွဲ့ချုပ်ကတော့ ကစားသမားအားလုံး လေ့ကျင့်ကွင်း ဆင်းပြီတဲ့နောက် နေ့တိုင်း ဗိုင်းရပ်ပိုး ရှိမရှိ စမ်းသပ် စစ်ဆေးရဖို့ လိုလားနေပါတယ်။ စပိန် Laliga ပွဲစဉ်တွေကိုတော့ ဇွန်လထဲ ပရိသတ်မပါပဲ ပြန်စမယ်လို့ ခန့်မှန်းရပါတယ် ခင်ဗျား။

[Unicode]







တိုက်ရိုက် လင့်ခ်



XS
SM
MD
LG