သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂလိပ် ပရီမီယာလိဂ် ဘောလုံးပွဲတွေ ဗုဒ္ဓဟူးနေ့မှာ ပြန်စ


မန်စီးတီးအတွက် ဒုတိယဂိုးသွင်းယူနေသည့် Sergio Aguero (ဝဲစွဉ်) (ဇန်နဝါရီ ၁၈၊ ၂၀၂၀)
မန်စီးတီးအတွက် ဒုတိယဂိုးသွင်းယူနေသည့် Sergio Aguero (ဝဲစွဉ်) (ဇန်နဝါရီ ၁၈၊ ၂၀၂၀)

Zawgyi/Unicode

COVID 19 ကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကာလအရှည်ကြာဆုံး ရပ်နားထားခဲ့ရတဲ့ Premier League ပြိုင်ပွဲတွေ ဇွန်လ ၁၇ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။ COVID 19 ကြောင့် ရက်ပေါင်း ၁၀၀ ရပ်နားခဲ့ပြီတဲ့နောက် ပထမဆုံး ကစားတဲ့ ပွဲကတော့ အာစတွန် ဗီလာနဲ့ ရှက်ဖီး ယူနိုက်တက်တို့ရဲ့ပွဲပဲ ဖြစ်ပါတယ်။ အာစတွန်ဗီလာကွင်း ဗီလာ Park မှာ ပရိသတ် မရှိဘဲ ကစားခဲ့တာ ဖြစ်ပြီး မကစားခင် မှာ ကွင်းထဲရှိတဲ့သူအားလုံးက ကပ်ရောဂါကြောင့် သေဆုံးခဲ့ရသူတွေအတွက် တမိနစ်ကြာ ငြိမ်သက် ဆုတောင်း ခဲ့ကြပါတယ်။

ဒါ့အပြင် ကစားသမားတွေက ပွဲမစခင်မှာ အားလုံး ဒူးထောက်ပြီး အမေရိကန်မှာ ရဲလက်ထဲ သေဆုံးခဲ့ရတဲ့ လူမည်းအမျိုးသား George Floyd ကို ဂုဏ်ပြုခဲ့ကြပါတယ်။

ကစားချိန် ပထမပိုင်းမှာ အာစတွန်ဗီလာဂိုးသမား Orjan Nyland လက်ထဲဖမ်းမိထားတဲ့ ဘောလုံးနဲ့ ဂိုးစည်းကျော်သွားခဲ့ပေမဲ့ ဒိုင်လူကြီးက ဂိုးမပေးခဲ့တာကြောင့် ရှက်ဖီး ယူနိုင်တက်အတွက် ဂိုး ၁ဂိုး နစ်နာခဲ့ရ ပါတယ်။ ပွဲပြီးချိန်မှာတော့ နှစ်ဖက် ဂိုးမရှိ သရေကျခဲ့ ပါတယ်။

Premier League နဲ့အပြိုင် Serie A ပွဲတွေလည်း ဇွန်လ ၂၀ ရက်နေ့မှာ စတင်ကစားတော့မှာ ဖြစ်ပါတယ်။

အင်္ဂလိပ် ပရီမီယာလိဂ် ဘောလုံးပွဲတွေ ဗုဒ္ဓဟူးနေ့မှာ ပြန်စ
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်


[Unicode]






XS
SM
MD
LG