သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပရီးမီးယားလိဂ် ဇယားထိပ်မှာ လီဗာပူးလ် အမှတ်ပြတ် ဆက်ဦးဆောင်


လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးသွင်းအပြီး အသင်းဖော် များနှင့်အတူ အောင်ပွဲခံနေသည့် Mohamed Salah ။ ဒီဇင်ဘာ ၁၄ ၂၀၁၉။
လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးသွင်းအပြီး အသင်းဖော် များနှင့်အတူ အောင်ပွဲခံနေသည့် Mohamed Salah ။ ဒီဇင်ဘာ ၁၄ ၂၀၁၉။

(Zawgyi/Unicode)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ကို စနေနေ့ကကစားကြတဲ့ အသင်းတွေထဲမှာ အမှတ်ပေးဇယား ထိပ်ငါးသင်းထဲက သုံးသင်းကန်တဲ့ထဲ လီဗာပူးလ်တသင်းပဲ အနိုင်ရပါတယ်။

လီဗာပူးလ်ဟာ အိမ်ကွင်းမှာ ဝတ်တ်ဖို့ဒ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရတာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးအဆင့်ကို ဆက်ထိန်းထား နိုင်သလို ဒုတိယနေရာက လက်စ်တာ စီးတီးက အိမ်ကွင်းမှာ နော်ဝစ်ချ် စီးတီးနဲ့ ၁ ဂိုးစီ သရေကျတဲ့အတွက် အမှတ်ကွာခြားချက် ကလည်း ၁၀ မှတ်ထိ ဖြစ်သွားပါပြီ။

ချယ်လ်ဆီးအသင်းကတော့ အောက်ဆုံးငါးသင်းထဲမှာ တက်လိုက်ကျလိုက်ဖြစ်နေတဲ့ ဘုန်းန်မောက်သ်ကို အိမ်ကွင်းမှာ ၁ ဂိုး ဂိုး မရှိနဲ့ အရေးနိမ့်သွားပြီး ၂၉ မှတ်နဲ့ အဆင့် ၄ နေရာမှာရှိပါတယ်။

ရှက်ဖီး ယူနိုက်တက်က အိမ်ကွင်းမှာ အက်စ်တွန် ဗီလာကို ၂ ဂိုးပြတ်နဲ့နိုင်ပြီး တပွဲလျော့ မန်ချက်စတာ ယူနိုက်တက်အသင်း ထက် ၁ မှတ်ပဲအသာနဲ့ လက်ရှိ အဆင့် ၅ မှာရှိနေပါတယ်။

တခြားပွဲနှစ်ပွဲမှာ ဘန်လေက နယူးကက်ဆယ်လ်ကို ၁ ဂိုး ဂိုးမရှိ၊ ဝက်စ် ဟမ်းမ်က ဆောက်သမ်ပ်တန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရကြပါတယ်။

တနင်္ဂနွေနေ့မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန်၊ ဝို့လ်ဗ်စ်နဲ့ စပါး၊ အာဆင်နယ်လ်နဲ့ မန်စီးတီးတို့ ကစားဖို့ရှိပြီး ခရစ္စတယ်လ် ပဲလေ့စ်နဲ့ ဘရိုက်တန်ကတော့ တနင်္လာနေ့မှာ ကစားကြမှာဖြစ်ပါတယ်။

---------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG