သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ချက်စတာ ဒါဘီပွဲ ယူနိုက်တက် အနိုင်ရ


မန်ယူအတွက် ဒုတိယဂိုး သွင်းယူနေသည့် Anthony Martial (ယာမှ ဒုတိယ) (ဒီဇင်ဘာ ၇၊ ၂၀၁၉)
မန်ယူအတွက် ဒုတိယဂိုး သွင်းယူနေသည့် Anthony Martial (ယာမှ ဒုတိယ) (ဒီဇင်ဘာ ၇၊ ၂၀၁၉)

(Zawgyi/Unicode)

စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ မှာ ထိပ်ဆုံးငါးသင်းထဲက လေးသင်း ကန်ရပြီး သုံးသင်းအနိုင်ရပါတယ်။

မြန်မာပရိသတ်အများစု စိတ်ဝင်စားတဲ့ မန်ချက်စတာဒါဘီပွဲမှာ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်အသင်းက အိမ်ရှင် မန်စီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

အဲဗာတန်က အိမ်ကွင်းမှာ ချယ်လ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး လီဗာပူးလ်ကတော့ အဝေးကွင်းမှာ ဘုန်းန်မောက်သ်ကို ၃ ဂိုးပြတ်နဲ့ နိုင်ပါတယ်။

နောက်နှစ်ပွဲမှာ တော်တမ်ဟမ်က ဘန်လေကို ၅ ဂိုးပြတ်နဲ့နိုင်ပြီး ဝတ်တ်ဖို့ဒ်နဲ့ ခရစ္စတယ်လ် ပဲလေ့စ်တို့ကတော့ ဂိုးမရှိ သရေကျပါ တယ်။

တနင်္ဂနွေနေ့မှာ အက်စ်တွန် ဗီလာနဲ့ လက်စတာ စီးတီး၊ နယူးကက်ဆယ်လ်နဲ့ ဆောက်သမ်တန်၊ နော်ဝစ်ချ် စီးတီးနဲ့ ရှက်ဖီး ယူနိုက်တက်၊ ဘရိုက်တန်နဲ့ ဝို့လ်ဗ်စ်တို့ ကန်ဖို့ရှိပြီး ဝက်စ်ဟမ်းနဲ့ အာဆင်နယ်လ်ကတော့ တနင်္လာနေ့မှာ ကန်ပါမယ်။

လက်ရှိအချိန်ထိ ကစားပြီးသမျှ လီဗာပူးလ်က ၄၆ မှတ်နဲ့ ဒုတိယနေရာက တပွဲလျော့ လက်စတာ စီးတီးကို ၁၁ မှတ်ဖြတ်ပြီး ထိပ်မှာဆက်ရှိနေပါတယ်။

မန်စီးတီးက ၃၂ မှတ်နဲ့ အဆင့် ၃၊ ချယ်လ်ဆီးက ၂၉ မှတ်နဲ့ အဆင့် ၄၊ မန်ယူက ၂၄ မှတ်နဲ့ အဆင့် ၅ အသီးသီး ရှိနေကြပါတယ်။

---------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG