(Zawgyi/Unicode)
စေနေန႔ကကစားတဲ့ ပရီးယားမီးယားလိဂ္ ပြဲစဥ္ ၁၈ ေဘာလံုးပြဲေတြထဲ အမွတ္ေပးဇယား ထိပ္ဆံုးငါးသင္းထဲက အသင္း ႏွစ္သင္း ျဖစ္တဲ့ မန္စီးတီးႏွင့္ လက္စတာ စီးတီးပြဲမွာ မန္စီးတီးက ၃ ဂိုး ၁ ဂိုးနဲ႔ အႏုိင္ရသြားပါတယ္။ ဒါေၾကာင့္ ဒီအသင္းႏွစ္သင္းၾကားမွာ ၁ မွတ္အကြာနဲ႔ အဆင့္ ၂ ေနရာအတြက္ အႀကိတ္အနယ္ျဖစ္သြားပါၿပီ။
တျခားပြဲေတြမွာေတာ့ နယူးကက္ဆယ္လ္က ခရစၥတယ္လ္ ပဲေလ့စ္ကို ၁ ဂိုး ဂိုးမရွိ၊ ေဆာက္သမ္ပ္တန္က ဗီလာကို ၃ ဂိုး ၁ ဂိုး၊ ဝို႔လ္ဗ္စ္က ေနာ္ဝစ္ခ်္ကိ ု၂ ဂိုး ၁ ဂိုး၊ ရွက္ဖီးက ဘ႐ိုက္တန္ကို ၁ ဂိုး ဂိုးမရွိိ၊ ဘန္ေလက ဘုန္းန္ေမာက္သ္ကို ၁ ဂိုး ဂိုးမရွိနဲ႔ အသီးသီးအႏုိင္ရပါတယ္။ အဲဗာတန္နဲ႔ အာဆင္နယ္လ္ပြဲကေတာ့ ဂိုးမရွိ သေရက်သြားပါတယ္။
လီဗာပူးလ္က ဝက္စ္ဟမ္းမ္နဲ႔ အေဝးကြင္းမွာကန္ဖို႔ စီစဥ္ထားေပမယ့္ ပြဲမျဖစ္ဘဲ ေရႊ႕ဆိုင္းထားပါတယ္။
တနဂၤေႏြေန႔မွာ ဝတ္တ္ဖို႔ဒ္နဲ႔ မန္ခ်က္စတာ ယူႏုိက္တက္၊ စပါးနဲ႔ ခ်ယ္လ္ဆီးတို႔ ကစားၾကဖို႔ရွိပါတယ္။
လက္ရွိအခ်ိန္ထိ ကစားၿပီးသမွ် လီဗာပူးလ္က ဒုတိယေနရာက လက္စ္တာ စီးတီးထက္ ၁၀ မွတ္သာ တပြဲေလ်ာ့နဲ႔ အမွတ္ျပတ္ ဆက္ၿပီး ဦးေဆာင္ေနဆဲပါ။
အဆင့္ ၃ မွာရွိတဲ့ မန္စီးတီးကလည္း အဆင့္ ၄ က ခ်ယ္လ္ဆီးထက္ တပြဲပိုကစားၿပီးျဖစ္ေပမယ့္ ရမွတ္ ၉ မွတ္ ျဖတ္ထားႏုိင္ဆဲပါ။
ပြဲစဥ္ ၁၈ မကန္ရေသးတဲ့ ခ်ယ္လ္ဆီးက ၂၉ မွတ္နဲ႔ အဆင့္ ၄၊ ရွက္ဖီးက ၁၈ ပြဲကစားၿပီးတဲ့ေနာက္ ၂၈ မွတ္နဲ႔ အဆင့္ ၅ အသီးသီးရွိေနၾကပါတယ္။
--------------------------------------
(Unicode)
စနေနေ့ကကစားတဲ့ ပရီးယားမီးယားလိဂ် ပွဲစဉ် ၁၈ ဘောလုံးပွဲတွေထဲ အမှတ်ပေးဇယား ထိပ်ဆုံးငါးသင်းထဲက အသင်း နှစ်သင်း ဖြစ်တဲ့ မန်စီးတီးနှင့် လက်စတာ စီးတီးပွဲမှာ မန်စီးတီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒါကြောင့် ဒီအသင်းနှစ်သင်းကြားမှာ ၁ မှတ်အကွာနဲ့ အဆင့် ၂ နေရာအတွက် အကျိတ်အနယ်ဖြစ်သွားပါပြီ။
တခြားပွဲတွေမှာတော့ နယူးကက်ဆယ်လ်က ခရစ္စတယ်လ် ပဲလေ့စ်ကို ၁ ဂိုး ဂိုးမရှိ၊ ဆောက်သမ်ပ်တန်က ဗီလာကို ၃ ဂိုး ၁ ဂိုး၊ ဝို့လ်ဗ်စ်က နော်ဝစ်ချ်ကိ ု၂ ဂိုး ၁ ဂိုး၊ ရှက်ဖီးက ဘရိုက်တန်ကို ၁ ဂိုး ဂိုးမရှိိ၊ ဘန်လေက ဘုန်းန်မောက်သ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီးအနိုင်ရပါတယ်။ အဲဗာတန်နဲ့ အာဆင်နယ်လ်ပွဲကတော့ ဂိုးမရှိ သရေကျသွားပါတယ်။
လီဗာပူးလ်က ဝက်စ်ဟမ်းမ်နဲ့ အဝေးကွင်းမှာကန်ဖို့ စီစဉ်ထားပေမယ့် ပွဲမဖြစ်ဘဲ ရွှေ့ဆိုင်းထားပါတယ်။
တနင်္ဂနွေနေ့မှာ ဝတ်တ်ဖို့ဒ်နဲ့ မန်ချက်စတာ ယူနိုက်တက်၊ စပါးနဲ့ ချယ်လ်ဆီးတို့ ကစားကြဖို့ရှိပါတယ်။
လက်ရှိအချိန်ထိ ကစားပြီးသမျှ လီဗာပူးလ်က ဒုတိယနေရာက လက်စ်တာ စီးတီးထက် ၁၀ မှတ်သာ တပွဲလျော့နဲ့ အမှတ်ပြတ် ဆက်ပြီး ဦးဆောင်နေဆဲပါ။
အဆင့် ၃ မှာရှိတဲ့ မန်စီးတီးကလည်း အဆင့် ၄ က ချယ်လ်ဆီးထက် တပွဲပိုကစားပြီးဖြစ်ပေမယ့် ရမှတ် ၉ မှတ် ဖြတ်ထားနိုင်ဆဲပါ။
ပွဲစဉ် ၁၈ မကန်ရသေးတဲ့ ချယ်လ်ဆီးက ၂၉ မှတ်နဲ့ အဆင့် ၄၊ ရှက်ဖီးက ၁၈ ပွဲကစားပြီးတဲ့နောက် ၂၈ မှတ်နဲ့ အဆင့် ၅ အသီးသီးရှိနေကြပါတယ်။