သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ဆက်မပြိုင်ဖို့ တောင်းဆိုသံတွေ သမ္မတဘိုင်ဒန် လက်မခံ


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာကျင်းပတဲ့ ၇၅ နှစ်မြောက် မြောက်အတ္တလန္တိတ်စစ်ရေးမဟာမိတ် NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိပ်သီး ဆွေးနွေးပွဲအပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန် သတင်းစာရှင်းလင်းပွဲ (ဇူလိုင် ၁၁၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာကျင်းပတဲ့ ၇၅ နှစ်မြောက် မြောက်အတ္တလန္တိတ်စစ်ရေးမဟာမိတ် NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိပ်သီး ဆွေးနွေးပွဲအပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန် သတင်းစာရှင်းလင်းပွဲ (ဇူလိုင် ၁၁၊ ၂၀၂၄)

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတနေရာ ဆက်မပြိုင်ဖို့ တောင်းဆိုသံတွေကို ငြင်းပယ်လိုက်ပါတယ်။ သမ္မတဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီ အမတ်တချို့အပြင်၊ ဟောလိဝုဒ် မင်းသားကြီး George Clooney အပါအဝင် ပါတီရဲ့ ထိပ်တန်း မဲဆွယ်ရန်ပုံငွေ ထည့်ဝင်သူတချို့ကပါ သမ္မတဘိုင်ဒန်ကို ရွေးကောက်ပွဲ ဆက်မပြိုင်ဖို့ တောင်းဆိုကြပေမဲ့ သမ္မတကတော့ သူနောက်ဆုတ်မှာ မဟုတ်ကြောင်းနဲ့ အနိုင်ရဖို့ ယုံကြည်ကြောင်း ပြောပါတယ်။

“သမ္မတနေရာ ဝင်ပြိုင်ဖို့အတွက် ကျနော်သာ အရည်အချင်း အပြည့်မီဆုံး ပုဂ္ဂိုလ်လို့ ထင်ပါတယ်။ သူ့ (ဒေါ်နယ်ထရမ့်) ကို အရင်တခေါက် နိုင်ပြီးပြီလေ။ အခုလည်း ထပ်နိုင်မှာပါ” လို့ သမ္မတဘိုင်ဒန်က မနေ့က နေတိုး ထိပ်သီး ဆွေးနွေးပွဲ အဆုံးသတ် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက အကြီးအကျယ် ဝိုင်းဝန်းမေးမြန်းကြချိန် ပြောသွားခဲ့တာပါ။ သိပ်မကြာခင်က သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) နဲ့ စကားစစ်ထိုးပွဲမှာ ထိရောက်အောင် မပြောနိုင်တဲ့အတွက် သမ္မတဘိုင်ဒန်ကို ရွေးကောက်ပွဲမှာ ဆက်မဝင်ဖို့ တောင်းဆိုတာတွေ တိုးလာနေတာပါ။

မြောက်အတ္တလန္တိတ်စစ်ရေးမဟာမိတ် နေတိုးအဖွဲ့ကြီးရဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး မနေ့က ဝါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ယူကရိန်းအရေးနဲ့ နေတိုးအဖွဲ့ရဲ့ အရေးပါမှုတွေကိုလည်း သမ္မတက အဓိက ပြောကြားခဲ့ပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ဟာ အရင်ကထက်ပိုပြီး အားကောင်းလာတဲ့ အကြောင်းနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်း သမ္မတက အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG