[ Zawgyi / Unicode ]
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတာေတြ အဆုံးသတ္သြားေစဖို႔ ၿဗိတိန္၊ နယ္သာလန္နဲ႔ အေမရိကန္ ျပည္ေထာင္စုတို႔မွာ ျမန္မာေတြက ပုံသ႑န္မ်ိဳးစုံနဲ႔ တနဂၤေႏြေန႔တုန္းက လႈပ္ရွားခဲ့ၾကတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က ေျပာျပထားပါတယ္။
ေဖေဖၚဝါရီ(၁)ရက္ေန႔ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း စစ္တပ္နဲ႔ရဲရဲ႕ ပစ္ခတ္ ႏွိမ္နင္းမႈအတြင္း ေန႔စဥ္နီးပါး လူေတြ ေသဆုံးလာခဲ့တာ ရာဂဏန္းနဲ႔ခ်ီ ရွိေနၿပီျဖစ္ပါတယ္။
ဒါေၾကာင့္ ၿဗိတိန္ႏိုင္ငံက ျပဌာန္းထားတဲ့ ဥပေဒအရ ျမန္မာစစ္ေကာင္စီကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ၿပီး ျပင္းထန္တဲ့ ပိတ္ဆို႔ အေရးယူမႈလုပ္ဖို႔ ျမန္မာေက်ာင္းသားမ်ားသမဂၢအဖြဲ႕ ( ၿဗိတိန္နဲ႔အိုင္ယာလန္) က လန္ဒန္ၿမိဳ႕ Westminster တံတားေပၚမွာ စေနေန႔ကစလို႔ အစာငတ္ခံ ဆႏၵျပရင္း ၿဗိတိန္အစိုးရကို ေတာင္းဆိုေနေၾကာင္း သမဂၢဥကၠဌ ကိုေက်ာ္မင္းဟန္က VOA ကို ေျပာပါတယ္။
" UK အစိုးရကိုေပါ့ေနာ္ က်ေနာ္တို႔ ေတာင္းဆိုေနတာက Terrorism Act 2000 အရ စစ္ေကာင္စီကို အၾကမ္းဖက္ အဖြဲ႕အစည္းအျဖစ္ ေၾကညာေပးဖို႔ က်ေနာ္တို႔ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။ အဲဒါကို ေၾကညာမွ သူတို႔ရဲ႕ Access (ပိုင္ဆိုင္မႈ အခြင့္အလမ္း)ေတြကို ပိတ္သိမ္းႏိုင္မွာ ျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က ေတာင္းဆိုေနရျခင္း ျဖစ္ပါတယ္။ ဒုတိယ ေတာင္းဆိုခ်က္ တခုက ဒီ ယူေကမွာ ေရာက္ေနတဲ့ ျမန္မာျပည္သူေတြ ၊ ႏိုင္ငံေရး အေျခအေနေၾကာင့္ လုံၿခဳံမႈမရွိပဲ ျပန္လို႔မရ ျဖစ္ေနတဲ့ ျမန္မာျပည္သူေတြကိုေပါ့ေနာ္ ။ Protection Visa ေပးဖို႔ကို က်ေနာ္တို႔ ေတာင္းဆိုေနတာ ျဖစ္ပါတယ္။ "
(၇၂)နာရီၾကာမယ့္ ဒီ အစာငတ္ခံဆႏၵျပပြဲကို ဧၿပီ(၂၄) မနက္(၉)နာရီက စတင္ခဲ့တာျဖစ္ၿပီး ဧၿပီ(၂၇) မနက္မွာ ၿပီးဆုံးမွာ ျဖစ္ပါတယ္။
နယ္သာလန္ႏိုင္ငံမွာေတာ့ ျမန္မာ့အေရး နယ္သာလန္ႏိုင္ငံသားေတြ ပိုသိလာေအာင္နဲ႔ NUG အစိုးရကို ေထာက္ခံေၾကာင္း ျပသတဲ့အေနနဲ႔ (Noorl Wigk, lisse , Hergon) ေနာ့ဗိုက္ၿမိဳ႕ ၊ လစၥလီၿမိဳ႕နဲ႔ ဟဲလီဂြန္ ၿမိဳ႕ေတြမွာရွိတဲ့ က်ဴးလစ္ပန္းခင္း လြင္ျပင္ၾကားမွာ ျမန္မာမိသားစုေတြက ဆႏၵထုတ္ေဖၚခဲ့ၾကပါတယ္။
" CRPH ကေန ဖြဲ႕စည္းထားတဲ့ NUG အစိုးရကို နယ္သာလန္ေရာက္ ျမန္မာႏိုင္ငံသားေတြက ျမန္မာျပည္သူေတြ အားလုံးနဲ႔အတူ ထပ္တူထပ္မွ် ေထာက္ခံပါတယ္။ "
" က်မတို႔ နယ္သာလန္ေရာက္ ျမန္မာအားလုံးက အမ်ိဳးသားညီၫြတ္ေရး အစိုးရကို ေထာက္ခံေၾကာင္း ျပသဖို႔ ဒီေန႔ ဆႏၵေဖၚထုတ္ေနၾကတာ ျဖစ္ပါတယ္။ "
မေဆြေဆြေအးနဲ႔ မေမျမတ္ေမာ္တို႔ ေျပာသြားၾကတာပါ။
အလားတူ အေမရိကန္ႏိုင္ငံ ပန္ဆယ္ေဗးနီးယားျပည္နယ္ Allentown ၿမိဳ႕က ပါခ်ဳပ္ဆရာေတာ္ႀကီး တည္ေထာင္ထားတဲ့ အနႏၲသစၥာ ဘုန္းႀကီးေက်ာင္းမွာ ျမန္မာမိသားစုေတြက CRPH နဲ႔ CDM ေတြအတြက္ ရံပုံေငြရွာတဲ့ ေဈးေရာင္းပြဲတခု လုပ္ေနေၾကာင္း ဆူရွီလုပ္ငန္းရွင္ ကိုႏူးႏူးက ေျပာပါတယ္။
" က်ေနာ္တို႔ ေႏြဦးေတာ္လွန္ေရးအတြက္ ေစ်းေရာင္းပဲြ လုပ္ေနပါတယ္။ ရာသီဥတုကလည္း သာယာေတာ့ လူေတြက ဒီမွာ အမ်ားႀကီးပဲ လာေရာက္အားေပးၾကပါတယ္။ က်ေနာ္တို႔ ရွမ္းေခါက္ဆဲြ၊ မာလာရွမ္းေကာ၊ အုန္းစိမ္းေဖ်ာ္ရည္၊ ဖာလူဒါ၊ အေၾကာ္စုံ၊ သေဘၤာသီးေထာင္း၊ မုန္႔ဖက္ထုတ္ ေပါက္ဆီ .. ဒီေရာင္းရတဲ့ ေငြေတြအားလုံးကို အလွဴေငြအျဖစ္ ထည့္ဖို႔ လုပ္ေနတဲ့ပဲြ ျဖစ္တဲ့အတြက္ အားလုံးကလည္း စိတ္အား ထက္သန္စြာနဲ႔ အမ်ားႀကီး လာေရာက္အားေပးၾကပါတယ္။ "
ဒါ့အျပင္ ဂ်ပန္ႏိုင္ငံ နာဂုိယာၿမဳိ႕က ျမန္မာ့ဒီမုိကေရစီေရး အင္အားစု ၊ ဂ်ပန္ကုမၸဏီတခုနဲ႔ ဂ်ပန္ ဗုဒၶဘာသာ အဖြဲ႔အစည္းတခု တို႔ကလည္း ထိုင္းျမန္မာနယ္စပ္ ထြက္ေျပးတိမ္းေရွာင္လာရတဲ့ စစ္ေဘးဒုကၡသည္ေတြနဲ႔ နယ္စပ္ကို ခုိလႈံလာတဲ့ Gen Z ေက်ာင္းသားေက်ာင္းသူေတြ အတြက္ ဂ်ပန္ယန္းေငြ (၉)သိန္းေက်ာ္ကို ေပးပို႔လွဴဒါန္းခဲ့သလို ၊ ျမန္မာ့အေရး ဘာေတြ ေရွ႕ဆက္လုပ္ၾကမလဲဆိုတဲ့ အြန္လိုင္းေဆြးေႏြးပြဲေတြကို ၿဗိတိန္နဲ႔ အေမရိကန္ျပည္ေထာင္စုတို႔မွာလည္း တနဂၤေႏြေန႔က ျပဳလုပ္ခဲ့ၾကပါတယ္။
[ Unicode ]
စစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲတွေ ပြည်ပမှာ ဆက်ဖြစ်ဆဲ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း အုပ်ချုပ်နေတာတွေ အဆုံးသတ်သွားစေဖို့ ဗြိတိန်၊ နယ်သာလန်နဲ့ အမေရိကန် ပြည်ထောင်စုတို့မှာ မြန်မာတွေက ပုံသဏ္ဍန်မျိုးစုံနဲ့ တနင်္ဂနွေနေ့တုန်းက လှုပ်ရှားခဲ့ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။
ဖေဖေါ်ဝါရီ(၁)ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ် နှိမ်နင်းမှုအတွင်း နေ့စဉ်နီးပါး လူတွေ သေဆုံးလာခဲ့တာ ရာဂဏန်းနဲ့ချီ ရှိနေပြီဖြစ်ပါတယ်။
ဒါကြောင့် ဗြိတိန်နိုင်ငံက ပြဌာန်းထားတဲ့ ဥပဒေအရ မြန်မာစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုလုပ်ဖို့ မြန်မာကျောင်းသားများသမဂ္ဂအဖွဲ့ ( ဗြိတိန်နဲ့အိုင်ယာလန်) က လန်ဒန်မြို့ Westminster တံတားပေါ်မှာ စနေနေ့ကစလို့ အစာငတ်ခံ ဆန္ဒပြရင်း ဗြိတိန်အစိုးရကို တောင်းဆိုနေကြောင်း သမဂ္ဂဥက္ကဌ ကိုကျော်မင်းဟန်က VOA ကို ပြောပါတယ်။
" UK အစိုးရကိုပေါ့နော် ကျနော်တို့ တောင်းဆိုနေတာက Terrorism Act 2000 အရ စစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာပေးဖို့ ကျနော်တို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အဲဒါကို ကြေညာမှ သူတို့ရဲ့ Access (ပိုင်ဆိုင်မှု အခွင့်အလမ်း)တွေကို ပိတ်သိမ်းနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က တောင်းဆိုနေရခြင်း ဖြစ်ပါတယ်။ ဒုတိယ တောင်းဆိုချက် တခုက ဒီ ယူကေမှာ ရောက်နေတဲ့ မြန်မာပြည်သူတွေ ၊ နိုင်ငံရေး အခြေအနေကြောင့် လုံခြုံမှုမရှိပဲ ပြန်လို့မရ ဖြစ်နေတဲ့ မြန်မာပြည်သူတွေကိုပေါ့နော် ။ Protection Visa ပေးဖို့ကို ကျနော်တို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ "
(၇၂)နာရီကြာမယ့် ဒီ အစာငတ်ခံဆန္ဒပြပွဲကို ဧပြီ(၂၄) မနက်(၉)နာရီက စတင်ခဲ့တာဖြစ်ပြီး ဧပြီ(၂၇) မနက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံမှာတော့ မြန်မာ့အရေး နယ်သာလန်နိုင်ငံသားတွေ ပိုသိလာအောင်နဲ့ NUG အစိုးရကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ (Noorl Wigk, lisse , Hergon) နော့ဗိုက်မြို့ ၊ လစ္စလီမြို့နဲ့ ဟဲလီဂွန် မြို့တွေမှာရှိတဲ့ ကျူးလစ်ပန်းခင်း လွင်ပြင်ကြားမှာ မြန်မာမိသားစုတွေက ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။
" CRPH ကနေ ဖွဲ့စည်းထားတဲ့ NUG အစိုးရကို နယ်သာလန်ရောက် မြန်မာနိုင်ငံသားတွေက မြန်မာပြည်သူတွေ အားလုံးနဲ့အတူ ထပ်တူထပ်မျှ ထောက်ခံပါတယ်။ "
" ကျမတို့ နယ်သာလန်ရောက် မြန်မာအားလုံးက အမျိုးသားညီညွတ်ရေး အစိုးရကို ထောက်ခံကြောင်း ပြသဖို့ ဒီနေ့ ဆန္ဒဖေါ်ထုတ်နေကြတာ ဖြစ်ပါတယ်။ "
မဆွေဆွေအေးနဲ့ မမေမြတ်မော်တို့ ပြောသွားကြတာပါ။
အလားတူ အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားပြည်နယ် Allentown မြို့က ပါချုပ်ဆရာတော်ကြီး တည်ထောင်ထားတဲ့ အနန္တသစ္စာ ဘုန်းကြီးကျောင်းမှာ မြန်မာမိသားစုတွေက CRPH နဲ့ CDM တွေအတွက် ရံပုံငွေရှာတဲ့ ဈေးရောင်းပွဲတခု လုပ်နေကြောင်း ဆူရှီလုပ်ငန်းရှင် ကိုနူးနူးက ပြောပါတယ်။
" ကျနော်တို့ နွေဦးတော်လှန်ရေးအတွက် ဈေးရောင်းပွဲ လုပ်နေပါတယ်။ ရာသီဥတုကလည်း သာယာတော့ လူတွေက ဒီမှာ အများကြီးပဲ လာရောက်အားပေးကြပါတယ်။ ကျနော်တို့ ရှမ်းခေါက်ဆွဲ၊ မာလာရှမ်းကော၊ အုန်းစိမ်းဖျော်ရည်၊ ဖာလူဒါ၊ အကြော်စုံ၊ သင်္ဘောသီးထောင်း၊ မုန့်ဖက်ထုတ် ပေါက်ဆီ .. ဒီရောင်းရတဲ့ ငွေတွေအားလုံးကို အလှူငွေအဖြစ် ထည့်ဖို့ လုပ်နေတဲ့ပွဲ ဖြစ်တဲ့အတွက် အားလုံးကလည်း စိတ်အား ထက်သန်စွာနဲ့ အများကြီး လာရောက်အားပေးကြပါတယ်။ "
ဒါ့အပြင် ဂျပန်နိုင်ငံ နာဂိုယာမြို့က မြန်မာ့ဒီမိုကရေစီရေး အင်အားစု ၊ ဂျပန်ကုမ္ပဏီတခုနဲ့ ဂျပန် ဗုဒ္ဓဘာသာ အဖွဲ့အစည်းတခု တို့ကလည်း ထိုင်းမြန်မာနယ်စပ် ထွက်ပြေး တိမ်းရှောင်လာရတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ နယ်စပ်ကို ခိုလှုံလာတဲ့ Gen Z ကျောင်းသားကျောင်းသူတွေ အတွက် ဂျပန်ယန်းငွေ (၉)သိန်းကျော်ကို ပေးပို့လှူဒါန်းခဲ့သလို ၊ မြန်မာ့အရေး ဘာတွေ ရှေ့ဆက်လုပ်ကြမလဲဆိုတဲ့ အွန်လိုင်းဆွေးနွေးပွဲတွေကို ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာလည်း တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ကြပါတယ်။