သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သေႏၶသားဖ်က္ခ်ခြင့္ဆိုင္ရာ တရား႐ုံးခ်ဳပ္ဆုံးျဖတ္ခ်က္ ကန္႔ကြက္သူနဲ႔ ေထာက္ခံသူေတြ ဆႏၵျပ


(Zawgyi/ Unicode)


အေမရိကန္ ျပည္ေထာင္စုမွာ ကိုယ္၀န္ဖ်က္ခ်ခြင့္ကို အမ်ိဳးသမီးေတြရဲ႕ အေျခခံ ဥပေဒ အခြင့္အေရး အျဖစ္ သတ္မွတ္ထားတဲ႔ ရာစုႏွစ္၀က္ သက္တမ္းရွိ Roe v. Wade စီရင္ထံုးကို ပယ္ဖ်က္လိုက္တဲ႔ တရားရံုးခ်ဳပ္ရဲ႕ ေရွ႕မွာ စေနေန႔က လူေပါင္းရာခ်ီ စုေ၀းခဲ႔ၾကပါတယ္။

ဆႏၵျပသူေတြထဲမွာေတာ့ ကိုယ္၀န္ဖ်က္ခ်မႈကို ဆန္႔က်င္သူေတြကေတာ့ လူ႔အသက္ကို တန္ဘိုးထားတဲ့ မ်ိဳးဆက္ဆိုတဲ႔ စာတန္းနဲ႔ တီရွပ္ေတြ ၀တ္ဆင္ထားၾကသလို ကိုယ္၀န္ဖ်က္ခ်ခြင့္ကို ေထာက္ခံသူေတြကေတာ့ my body, my choice - ကိုယ္ပိုင္ခႏၶာ ကိုယ္ပိုင္ ေရြးခ်ယ္မႈလို႔ ေႂကြးေၾကာ္ခဲ႔ၾကပါတယ္။

ကြန္ဆာေဗးတစ္ အမ်ားစု ျဖစ္တဲ႔ တရားရံုးခ်ဳပ္က ကန္႔ကြက္မဲ ၆ မဲ၊ ေထာက္ခံမဲ ၃ မဲနဲ႔ စီရင္ထံုးကို ပယ္ဖ်က္လိုက္တာဟာဆိုရင္ အေမရိကန္မွာ အေျပာင္းအလဲႀကီး ျဖစ္လာႏိုင္ၿပီး အေမရိကန္ ျပည္ေထာင္စုရဲ႕ ျပည္နယ္ ထက္၀က္ နီးပါးတို႔ကလည္း ကိုယ္၀န္ဖ်က္ခ်မႈကို တားျမစ္ေရး သံုးသပ္ေနၾကပါတယ္။

တရားရံုးခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ သေႏၶတားခြင့္၊ ႏိုင္ငံတ၀န္း တရား၀င္ လိင္တူျခင္း လက္ထပ္ခြင့္၊ လိင္တူခ်စ္သူေတြကို တားျမစ္တဲ့ ျပည္နယ္ ဥပေဒေတြကို ပ်က္ျပယ္စခဲ႔တဲ႔ အရင္က တရားစီရင္ခ်က္ေတြကိုပါ ျပန္လည္ သုံးသပ္ေကာင္း သုံးသပ္ႏိုင္ေၾကာင္းလည္း ကြန္ဆာေဗးတစ္ တရားသူႀကီး Clarence Thomas က ေျပာပါတယ္။ တရားရံုးခ်ဳပ္ဟာ ဆိုးရြားလွတဲ႔ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ႔တယ္လို႔ ဒီမိုကရက္တစ္ သမၼတ Joe Biden က စေနေန႔မွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

သန္ဓေသားဖျက်ချခွင့်ဆိုင်ရာ တရားရုံးချုပ်ဆုံးဖြတ်ချက် ကန့်ကွက်သူနဲ့ ထောက်ခံသူတွေ ဆန္ဒပြ

အမေရိကန် ပြည်ထောင်စုမှာ ကိုယ်ဝန်ဖျက်ချခွင့်ကို အမျိုးသမီးတွေရဲ့ အခြေခံ ဥပဒေ အခွင့်အရေး အဖြစ် သတ်မှတ်ထားတဲ့ ရာစုနှစ်ဝက် သက်တမ်းရှိ Roe v. Wade စီရင်ထုံးကို ပယ်ဖျက်လိုက်တဲ့ တရားရုံးချုပ်ရဲ့ ရှေ့မှာ စနေနေ့က လူပေါင်းရာချီ စုဝေးခဲ့ကြပါတယ်။

ဆန္ဒပြသူတွေထဲမှာတော့ ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သူတွေကတော့ လူ့အသက်ကို တန်ဘိုးထားတဲ့ မျိုးဆက်ဆိုတဲ့ စာတန်းနဲ့ တီရှပ်တွေ ဝတ်ဆင်ထားကြသလို ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံသူတွေကတော့ my body, my choice - ကိုယ်ပိုင်ခန္ဓာ ကိုယ်ပိုင် ရွေးချယ်မှုလို့ ကြွေးကြော်ခဲ့ကြပါတယ်။

ကွန်ဆာဗေးတစ် အများစု ဖြစ်တဲ့ တရားရုံးချုပ်က ကန့်ကွက်မဲ ၆ မဲ၊ ထောက်ခံမဲ ၃ မဲနဲ့ စီရင်ထုံးကို ပယ်ဖျက်လိုက်တာဟာဆိုရင် အမေရိကန်မှာ အပြောင်းအလဲကြီး ဖြစ်လာနိုင်ပြီး အမေရိကန် ပြည်ထောင်စုရဲ့ ပြည်နယ် ထက်ဝက် နီးပါးတို့ကလည်း ကိုယ်ဝန်ဖျက်ချမှုကို တားမြစ်ရေး သုံးသပ်နေကြပါတယ်။

တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် သန္ဓေတားခွင့်၊ နိုင်ငံတဝန်း တရားဝင် လိင်တူခြင်း လက်ထပ်ခွင့်၊ လိင်တူချစ်သူတွေကို တားမြစ်တဲ့ ပြည်နယ် ဥပဒေတွေကို ပျက်ပြယ်စခဲ့တဲ့ အရင်က တရားစီရင်ချက်တွေကိုပါ ပြန်လည် သုံးသပ်ကောင်း သုံးသပ်နိုင်ကြောင်းလည်း ကွန်ဆာဗေးတစ် တရားသူကြီး Clarence Thomas က ပြောပါတယ်။ တရားရုံးချုပ်ဟာ ဆိုးရွားလှတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တယ်လို့ ဒီမိုကရက်တစ် သမ္မတ Joe Biden က စနေနေ့မှာ ပြောပါတယ်။

XS
SM
MD
LG