သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူလောင်စာသုံး ပဲ့ထိန်းဒုံးကျည် စမ်းသပ်အောင်မြင်ကြောင်း ရုရှားသမ္မတ ကြေညာ


ရုရှားသမ္မတ Putin
ရုရှားသမ္မတ Putin

ရုရှားအနေနဲ့နျူကလီးယားလောင်စာသုံး ပဲ့ထိန်းခရုစ်မစ်ဇိုင်း (cruise missile) ကိုစမ်းသပ်အောင်မြင်သွားပြီဖြစ်ကြောင်းနဲ့ နျူကလီးယားမစမ်းသပ်ရေးသဘောတူညီချက် လက်မှတ်ထိုးတာကို ပြန်လည်ရုပ်သိမ်းကောင်းရုပ်သိမ်းမယ်လို့ ကြာသပတေးနေ့ကသတိပေးပြောဆိုလိုက်ပါတယ်။

ရုရှားအနေနဲ့ နျူကလီးယားလောင်စာသုံး ဗူရီဗစ်စနင့်ခ် (Burevestnik) ခရုမစ်ဇိုင်းနဲ့ တိုက်ချင်းပစ်-စမတ်ပဲ့ထိန်း (ballistic missile) ဒုံးတွေကိုအောင်မြင်စွာစမ်းသပ်ပြီးစီးပြီး ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သမ္မတပူတင်က နိုင်ငံတကာမူဝါဒရေးရာ ကျွမ်းကျင်သူများဆွေးနွေးပွဲမှာပြောဆိုခဲ့ပါတယ်။

အနောက်တိုင်းလက်နက်ကျွမ်းကျင်သူတွေကတော့ အဲဒီနျူကလီးယားလောင်စာသုံး အင်ဂျင်တပ်ဆင်ထားတဲ့လက်နက်ဟာသိပ်စိတ်မချရဘဲ လေထဲမှာပျံသန်းချိန်ဟာလည်း အခြားမင်ဇိုင်းတွေထက်ကြာတယ်လို့ပြောထားပါတယ်။ ဒီဒုံးလက်နက်တွေဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်ခတ်နိုင်တဲ့အမျိုးအစားတွေဖြစ်မယ်လို့လည်း သုံးသပ်ထားပါတယ်။

သမ္မတပူတင်ကပြောကြားရာမှာ အမေရိကန်ပြည်ထောင်စုဟာ ၁၉၉၆ ခုနှစ်က နျူကလီးယား စမ်းသပ်မှုတားမြစ်တဲ့ သဘောတူညီချက်ကိုလက်မှတ်ထိုးခဲ့ပေမယ့် အတည်ပြုလိုက်နာခြင်းမရှိပါဘူး။ ရုရှားကတော့ လက်မှတ်ထိုးပြီး အတည်ပြုခဲ့တယ်လို့ပြောဆိုပါတယ်။ ဒါကြောင့် ရုရှားလည်း အမေရိကန်လိုပဲ လုပ်ဆောင်ပါမယ်။ ဒီသဘောတူညီချက်ကို ပြန်လည် ရုပ်သိမ်းကောင်းရုပ်သိမ်းမယ်လို့ သမ္မတပူတင်က ပြောခဲ့ပါတယ်။

ရုရှားဟာ ဆိုဗီယက်ယူနီယံမပြိုကွဲမီ တနှစ်အလို ၁၉၉၀ ခုနှစ်မှာ နောက်ဆုံးတကြိမ်နျူကလီးယားစမ်းသပ်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ နျူကလီးယားစမ်းသပ်မှု တားဆီးပိတ်ပင်တဲ့ နိုင်ငံတကာသဘောတူညီချက်ကိုလက်မှတ်ရေးထိုးပြီး လိုက်နာဖို့ အတည်ပြုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG