သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန်မိဖုရား ရိုဟင်ဂျာဒုက္ခသည်စခန်း ရောက်ရှိ


 ဂျော်ဒန် မိဖုရား Rania
ဂျော်ဒန် မိဖုရား Rania

ရိုဟင်ဂျာတွေ ခံစားနေရတဲ့ အတိဒုက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်သွားစေရေး အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အစွမ်းကုန် ဆောင်ရွက်ပေးဖို့ ဂျော်ဒန် မိဖုရားက တောင်းဆိုလိုက်ပါတယ်။ ဒီလို ဆောင်ရွက်ဖို့က တာဝန်အရတင် မဟုတ်ဘဲ တရားမျှတရေး အတွက်ပါ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံ Kutupalong ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို ဂျော်ဒန် မိဖုရား Rania ဒီကနေ့ တနလာၤနေ့မှာ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒုက္ခသည် စခန်းမှာ ခိုလှုံနေကြသူတွေက သူတို့ ရင်ဆိုင်ခံစားခဲ့ရတဲ့ အတိဒုက္ခတွေကို သူ့ကို ပြောပြခဲ့တဲ့ အကြောင်းလည်း ဂျော်ဒန် မိဖုရား Rania က ပြောဆိုခဲ့ပါတယ်။

"ဘင်္ဂလားဒေရှ့် အစိုးရ အနေနဲ့ သူတို့ ကိုယ်တိုင် အကျပ်အတည်း တွေ ရှိနေပေမယ့်လည်း ဒီဒုက္ခသည်တွေကို စာနာထောက်ထားပြီး ရက်ရက်ရောရော ကူညီပေးနေတဲ့ အကြောင်း၊ နောက် မတတ်နိုင်တဲ့ကြားက ကူညီပေးနေကြတဲ့ ဘင်္ဂလားဒေရှ့် ပြည်သူတွေကိုပါ ကျေးဇူးတင်ရှိကြောင်း" ဂျော်ဒန်မိဖုရား Rania က ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က မူုဆလင် အများစု နေထိုင်ရာ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် နယ်မြေတွေ အတွင်းက အစိုးရ လုံခြုံရေး ကင်းစခန်း ၃၀ တို့ကို ARSA အဖွဲ့က အကြမ်းဖက် တိုက်ခိုက်ပြီးနောက်ပိုင်း ဒေသတွင်း မတည်ငြိမ်မှုကြောင်း ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် သွားပြီလို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ ထွက်ပြေးလာကြသူတွေရဲ့ ထက်ဝက်ကျော်က ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG