သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက် WFP အကူအညီ ထပ်မံတောင်းခံ


Geneva မြို့မှာ အောက်တိုဘာလ ၂၃ ရက်နေ့ ကျင်းပတဲ့ ရိုဟင်ဂျာအရေးအတွက် နိုင်ငံတကာရဲ့ အကူညီပေးအပ်ရေး ကတိပြုတဲ့ အခမ်းနားမတိုင်ခင် မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအတွက် လိုအပ်ချက် အရင်းမြစ်တွေ အခွင့်အလမ်းတွေ ကူညီဆောင်ရွက်ပေးကြဖို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က တောင်းဆိုလိုက်ပါတယ်။

တသောင်းခွဲခန့် အရေအတွက်ရှိတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ အောက်တိုဘာလ ၁၅ ရက်နေ့ ကတည်းက ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂ နိုင်ငံနယ်စပ်မှာ ရှိတဲ့ လယ်ကွင်းတွေထဲမှာ သောင်တင်နေကြတယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

ဒီဒေသကို ရောက်ရှိနေကြတဲ့ ဒုက္ခသည်တွေကို WFP က ဆန်၊ ခွန်အားဖြစ်စေတဲ့ ဘီစကွတ်မုန့်နဲ့ အစားအစာတွေ ထောက်ပံ့ ပေးထားတယ်လို့ ဆိုပါတယ်။ အဲဒီနေရာတွေကို အစားအစာတွေ ပို့ပေးဖို့ အတွက် အခက်အခဲရှိပြီး WFP တာဝန်ရှိသူတွေဟာ အစားအစာတွေကို လှေတွေနဲ့ သယ်ပို့နေကြရပါတယ်။

ဖေဖေါ်ဝါရီလကုန်အထိ ကူညီထောက်ပံ့မှုတွေ ပေးနိုင်ရေးအတွက် WFP အနေနဲ့ ထပ်ဆောင်းငွေ အမေရိကန်ဒေါ်လာ ၅၄ သန်း လိုအပ်နေပါတယ်လို့ အရေးပေါ်အခြေအနေ ညှိနှိုင်းဆောင်ရွက်ရေးတာဝန်ခံ မိုက်ကယ် ဒန်းဖို့ ကပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာသူပုန်တွေက မြန်မာအစိုးရလုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်က တန်ပြန်ချေမှုန်းတဲ့ စစ်ဆင်ရေးတွေပြုလုပ်ခဲ့ချိန်ကစလို့ နယ်စပ်ဖြတ်ကျော်ပြီးထွက်ပြေးကြတဲ့ ရိုဟင်ဂျာ အရေတွက်ဟာ ၆ သိန်းနီးပါး ရှိနေပြီလို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG