သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္တိုက္ပဲြ ျမန္မာလံုျခံဳေရးတပ္ အထိအခိုက္မ်ားျပား


ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕မွာ ကားတစီးေပၚ ေတြ႔ရတဲ့ လံုျခံဳေရးတပ္သားတခ်ိဳ႕။ (ေအာက္တိုဘာ ၁၄၊ ၂၀၁၆)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္၊ ေမာင္ေတာနဲ႔ ရေသ့ေတာင္ျမိဳ႕နယ္အစပ္မွာ AA ရခိုင္ လက္နက္ကိုင္အဖြဲ႔ရဲ႕ တုိက္ခုိက္မႈေၾကာင့္ လုံၿခံဳေရးတပ္ဖဲြ႔၀င္ေတြ ထိခုိက္က်ဆုံးခဲ့ၿပီးေနာက္ စစ္ေရးတင္းမာေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးပါမယ္။

ေမာင္ေတာနဲ႔ ရေသ့ေတာင္ျမိဳ႕နယ္အစပ္မွာ နယ္ေျမလုံျခဳံေရးေဆာင္ရြက္ေနတဲ့ ျမန္မာစစ္တပ္ပူးေပါင္းအင္အား အဖြဲ႔ကို AA အဖြဲ႕ကေန ၾသဂုတ္လ ၂ ရက္ေန႔နဲ႔ ၃ ရက္ေန႔ ႏွစ္ရက္ဆက္တိုက္ တိုက္ခိုက္ခဲ့လို႔ လုံျခံဳေရးအဖြဲ႔ဘက္ ထိခိုက္မႈေတြ မ်ားခဲ့တယ္လို႔ တပ္မေတာ္ဘက္က အတည္ျပဳေျပာဆိုပါတယ္။

အင္းဒင္နဲ႔ ေစတီျပင္ေက်းရြာတစ္ဝိုက္ လံုျခဳံေရးတာဝန္ ေဆာင္ရြက္ေနတဲ့ လုံျခံဳေရးတပ္ဖြဲ႔၀င္ေတြ တိုက္ခိုက္ခံရတဲ့အေၾကာင္း တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကို အခုလိုအတည္ျပဳေျပာဆိုပါတယ္။

“မေန႔က ေန႔ခင္းပိုင္းမွာျဖစ္တယ္။ အဲဒီေန႔ မတိုင္ခင္တရက္ကလည္း အဲဒီအင္းဒင္နားေလးမွာပဲ နယ္ျခားေစာင့္ရဲအဖြဲ႔နဲ႔ တိုက္ပြဲျဖစ္ခဲ့တာရွိတယ္။ ၂ ရက္ေန႔ကေပါ့။ အဲဒီမွာလည္း ရဲကအရာရွိ သံုး ဦး က်ဆုံးသြားတာရွိတယ္။ မေန႔က ေန႔ခင္းပိုင္းျဖစ္စဥ္မွာေတာ့ တပ္ကအဖြဲ႕ေတြရယ္ ျမန္မာနိုင္ငံနယ္ျခားေစာင့္ရဲတပ္ဖြဲ႔က ရဲတပ္ဖြဲ႔၀င္ေတြရယ္၊ က်ေနာ္တို႔ လ၀ကအဖြဲ႔ေတြရယ္ ပါတယ္။ အဲဒီပူးေပါင္းအဖြဲ႔လုံျခံဳေရးအဖြ႔ဲေတြကို AA က ေခ်ာင္းေျမာင္းတိုက္ခိုက္ခဲ့တာျဖစ္တယ္။ အဲဒီမွာတပ္က အရာရွိစစ္သည္တခ်ိဳ႕လည္း က်ဆုံးသြားတာရွိတယ္။ ရဲကလည္း အဲဒီလိုပါပဲဗ်။ လ၀ကကေတာ့ အရာရွိ သံုး ဦး က်ဆုံးသြားပါတယ္။

က်ဆုံးသြားတဲ့ လူ၀င္မႈ ႀကီးၾကပ္ေရး လ၀က အရာရွိ သံုး ဦးထဲမွာ ပလက္၀ျမိဳ႕ခံ လ၀ကအရာရွိဦးေက်ာ္ေဇာခိုင္လည္း ပါ၀င္ေနပါတယ္။

လက္ရွိတိုက္ပြဲျဖစ္ပြါးရာေဒသတ၀ိုက္မွာ တပ္မေတာ္ကေန နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္ေနဆဲလို႔ သူကဆိုပါတယ္။

ေဒသခံေတြရဲ႕ေျပာဆိုခ်က္ကေတာ့ နယ္ျခားေစာင့္ ရဲစစ္တပ္နဲ႔ လူ၀င္မႈၾကီးၾကပ္ေရးအဖြဲ႕ေတြနဲ႔ ေပါင္းထားတဲ့ နယ္စပ္ေဒသလူ၀င္မႈ စစ္ေဆးကြပ္ကဲေရးဌာနခ်ဳပ္ နစခစစ္ေၾကာင္း တာဝန္အေျပာင္းအေရႊ႕အတြက္ တပ္မေတာ္ စစ္ေၾကာင္းကေန လိုက္ပါပို႔ေဆာင္စဥ္ AA ဘက္က အင္အားအလုံးအရင္းနဲ႔ ပိတ္ဆို႔တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

လက္ရွိ တိုက္ပြဲျဖစ္ပြါးရာေဒသမွာ ႏွစ္ဘက္တပ္ေတြ အင္အားဆိုင္ေနဆဲလို႔ ေစတီျပင္ေက်းရြာသားတဦးက ေျပာပါတယ္။

“အေျခအေနက တင္းမာေနဆဲပဲ။ တိုက္ပြဲေတာ့ျဖစ္ဖို႔ အလားလာမ်ားတယ္။ အခုကစစ္တပ္ေတြကေကာ အဲဒီလမ္းသြားမရဘူး။ ယာယီစခန္းခ်ေနတာပဲ ရွိေသးတယ္။”

AA ရခိုင္လက္နက္ကိုင္အဖြဲ႔ဘက္ကေတာ့ ၾသဂုတ္လ ၂ ရက္ေန႔နဲ႔ ၃ ရက္ေန႔ ျဖစ္ပြါးတဲ့တိုက္ပြဲမွာ ျမန္မာ့တပ္မေတာ္နဲ႔ နယ္ျခားေစာင့္တပ္ဖြဲ႔ ပူးေပါင္းတပ္ဖြဲ႔ဝင္ ၂၀ ေက်ာ္ က်ဆုံးျပီး စစ္သံု႔ပန္းအခိ်ဳ႕ဖမ္းဆီးရမိခဲ့သလို လက္နက္ခဲယမ္းတခိ်ဳ႕လည္း သိမ္းဆည္းရမိခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ျပီးခဲ့တဲ့ ၾသဂုတ္လ ၂ ရက္ေန႔ကလည္း ပလက္ဝၿမိဳ႕နယ္၊ ခန္ခေတာင္ အေနာက္ေတာင္ဘက္ ၁.၇ ကီလိုမီတာအကြာ ဘဂၤလားနယ္စပ္မွတ္တိုင္ ၇၁ မွ အေရွ႕ေတာင္ဘက္ ၄ ကီလိုမီတာအကြာမွာ ျမန္ာစစ္တပ္နဲ႔ AAအဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြါးခဲ့ျပီး ျမန္မာစစ္တပ္ဘက္က ၁၀ ဦး က်ဆုံးခဲ့တယ္လို႔လည္း AA ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ဒီကေန႔ ေန႔လယ္ပိုင္းမွာလည္း ေျမာက္ဦးျမိဳ႕နယ္ ကိုးေသာင္းဘုရားအနီးမွာ ဗုံးခြဲတိုက္ခိုက္မႈနဲ႔အတူ ပစ္ခတ္မႈျဖစ္ပြါးေနတယ္လို႔ ေျမာက္ဦးေဒသခံ ဦးဘေက်ာ္ကေျပာပါတယ္။

“ဒီေန႔ ကိုးေသာင္းဘုရားအဲဒီမွာ ေပါက္ကြဲသံတခုၾကားတယ္ခင္ဗ်ာ။ ၾကီးၾကီးမားမားေလ။ ေပါက္ကြဲသံၾကားျပီးတဲ့ေနာက္ လက္နက္ၾကီး၊ လက္နက္ငယ္ပစ္သံကို က်ေနာ္တို႔ ၾကားရဆဲပဲ။”

တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ေျမာက္ဦးဘက္ ဗုံးခြဲတိုက္ခိုက္မႈေတြ ရွိခဲ့ေၾကာင္း အတည္ျပဳခဲ့ေပမဲ့ အေသးစိတ္ အေျခအေနကို မသိရွိေသးဘူးလို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္ဘက္က အင္အားထပ္မံျဖည့္တင္းထားသလို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္ကလည္း ေဒသတြင္းမွာ တပ္အင္အားတိုးမ်ားေနတဲ့ အေျခအေနေၾကာင့္ စစ္ေရးပဋိပကၡေတြ ပိုမိုျပင္းထန္လာမယ္လို႔ ေဒသတြင္း ေလ့လာေစာင့္ၾကည့္သူေတြကဆိုပါတယ္။

ကမာၻတ၀န္း ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္ ေဒသအတြင္းတုိက္ပဲြေတြ ရပ္ဆုိင္းၾကဖုိ႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္နဲ႔ ျမန္မာႏုိင္ငံအေျခစုိက္ သံတမန္ေတြကလည္း တုိက္တြန္းထားေပမဲ့လည္း ရခိုင္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ဘက္မွာေတာ့ တိုက္ပြဲျဖစ္ပြါးေနဆဲျဖစ္ပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရသေ့တောင်တိုက်ပွဲ မြန်မာလုံခြုံရေးတပ်အထိအခိုက်များပြား

ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်အစပ်မှာ AA ရခိုင် လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးခဲ့ပြီးနောက် စစ်ရေးတင်းမာနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

မောင်တောနဲ့ ရသေ့တောင်မြို့နယ်အစပ်မှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ မြန်မာစစ်တပ်ပူးပေါင်းအင်အား အဖွဲ့ကို AA အဖွဲ့ကနေ သြဂုတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့လို့ လုံခြုံရေးအဖွဲ့ဘက် ထိခိုက်မှုတွေ များခဲ့တယ်လို့ တပ်မတော်ဘက်က အတည်ပြုပြောဆိုပါတယ်။

အင်းဒင်နဲ့ စေတီပြင်ကျေးရွာတစ်ဝိုက် လုံခြုံရေးတာဝန် ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့အကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုအတည်ပြုပြောဆိုပါတယ်။

“မနေ့က နေ့ခင်းပိုင်းမှာဖြစ်တယ်။ အဲဒီနေ့ မတိုင်ခင်တရက်ကလည်း အဲဒီအင်းဒင်နားလေးမှာပဲ နယ်ခြားစောင့်ရဲအဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ ၂ ရက်နေ့ကပေါ့။ အဲဒီမှာလည်း ရဲကအရာရှိ သုံး ဦး ကျဆုံးသွားတာရှိတယ်။ မနေ့က နေ့ခင်းပိုင်းဖြစ်စဉ်မှာတော့ တပ်ကအဖွဲ့တွေရယ် မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေရယ်၊ ကျနော်တို့ လဝကအဖွဲ့တွေရယ် ပါတယ်။ အဲဒီပူးပေါင်းအဖွဲ့လုံခြုံရေးအဖွ့ဲတွေကို AA က ချောင်းမြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်။ အဲဒီမှာတပ်က အရာရှိစစ်သည်တချို့လည်း ကျဆုံးသွားတာရှိတယ်။ ရဲကလည်း အဲဒီလိုပါပဲဗျ။ လဝကကတော့ အရာရှိ သုံး ဦး ကျဆုံးသွားပါတယ်။

ကျဆုံးသွားတဲ့ လူဝင်မှု ကြီးကြပ်ရေး လဝက အရာရှိ သုံး ဦးထဲမှာ ပလက်ဝမြို့ခံ လဝကအရာရှိဦးကျော်ဇောခိုင်လည်း ပါဝင်နေပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွါးရာဒေသတဝိုက်မှာ တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲလို့ သူကဆိုပါတယ်။

ဒေသခံတွေရဲ့ပြောဆိုချက်ကတော့ နယ်ခြားစောင့် ရဲစစ်တပ်နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ ပေါင်းထားတဲ့ နယ်စပ်ဒေသလူဝင်မှု စစ်ဆေးကွပ်ကဲရေးဌာနချုပ် နစခစစ်ကြောင်း တာဝန်အပြောင်းအရွှေ့အတွက် တပ်မတော် စစ်ကြောင်းကနေ လိုက်ပါပို့ဆောင်စဉ် AA ဘက်က အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွါးရာဒေသမှာ နှစ်ဘက်တပ်တွေ အင်အားဆိုင်နေဆဲလို့ စေတီပြင်ကျေးရွာသားတဦးက ပြောပါတယ်။

“အခြေအနေက တင်းမာနေဆဲပဲ။ တိုက်ပွဲတော့ဖြစ်ဖို့ အလားလာများတယ်။ အခုကစစ်တပ်တွေကကော အဲဒီလမ်းသွားမရဘူး။ ယာယီစခန်းချနေတာပဲ ရှိသေးတယ်။”

AA ရခိုင်လက်နက်ကိုင်အဖွဲ့ဘက်ကတော့ သြဂုတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ ဖြစ်ပွါးတဲ့တိုက်ပွဲမှာ မြန်မာ့တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့ဝင် ၂၀ ကျော် ကျဆုံးပြီး စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ခန်ခတောင် အနောက်တောင်ဘက် ၁.၇ ကီလိုမီတာအကွာ ဘင်္ဂလားနယ်စပ်မှတ်တိုင် ၇၁ မှ အရှေ့တောင်ဘက် ၄ ကီလိုမီတာအကွာမှာ မြန်ာစစ်တပ်နဲ့ AAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး မြန်မာစစ်တပ်ဘက်က ၁၀ ဦး ကျဆုံးခဲ့တယ်လို့လည်း AA ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာလည်း မြောက်ဦးမြို့နယ် ကိုးသောင်းဘုရားအနီးမှာ ဗုံးခွဲတိုက်ခိုက်မှုနဲ့အတူ ပစ်ခတ်မှုဖြစ်ပွါးနေတယ်လို့ မြောက်ဦးဒေသခံ ဦးဘကျော်ကပြောပါတယ်။

“ဒီနေ့ ကိုးသောင်းဘုရားအဲဒီမှာ ပေါက်ကွဲသံတခုကြားတယ်ခင်ဗျာ။ ကြီးကြီးမားမားလေ။ ပေါက်ကွဲသံကြားပြီးတဲ့နောက် လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံကို ကျနော်တို့ ကြားရဆဲပဲ။”

တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ မြောက်ဦးဘက် ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း အတည်ပြုခဲ့ပေမဲ့ အသေးစိတ် အခြေအနေကို မသိရှိသေးဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ဘက်က အင်အားထပ်မံဖြည့်တင်းထားသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကလည်း ဒေသတွင်းမှာ တပ်အင်အားတိုးများနေတဲ့ အခြေအနေကြောင့် စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာမယ်လို့ ဒေသတွင်း လေ့လာစောင့်ကြည့်သူတွေကဆိုပါတယ်။

ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရချိန် ဒေသအတွင်းတိုက်ပွဲတွေ ရပ်ဆိုင်းကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံအခြေစိုက် သံတမန်တွေကလည်း တိုက်တွန်းထားပေမဲ့လည်း ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာတော့ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG