သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္မွာ AA နဲ႔ ဆက္ႏြယ္မႈနဲ႔ ဖမ္းဆီးခံရသူနဲ႔ စစ္ေဘးေရွာင္ဒုကၡသည္ဦးေရ ထပ္တုိးေန


ဇြန္လ ၂၉ ရက္ေန႔က စစ္ေတြၿမိဳ႕ေပၚကို ေရာက္လာတဲ့ စစ္ေဘးေရွာင္ဒုကၡသည္မ်ား

(Zawgyi/Unicode)

ရခိုင္ျပည္နယ္မွာ AA ရခုိင္လက္နက္ကုိင္အဖဲြ႔နဲ႔ ပတ္သက္ဆက္ႏြယ္တဲ့ စြပ္စဲြခ်က္နဲ႔ ဖမ္းဆီးခံရသူ ေဒသခံေတြ တုိးလာေနသလုိ စစ္တပ္ လႈပ္ရွားမႈေတြေၾကာင့္ စုိးရိမ္ၿပီး ထြက္ေျပးတိမ္းေရွာင္သူေတြ ရွိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ VOA ျမန္မာပိုင္းသတင္းေထာက္ ကို္သက္ႏိုင္ ရခိုင္ျပည္နယ္ကေန သတင္းေပးပို႔ထားပါတယ္။

လက္နက္ကိုင္ ပဋိပကၡေတြရွိေနတဲ့ ရခိုင္ျပည္နယ္မွာ AAရခိုင္လက္နက္ကိုင္အဖြဲ႔နဲ႔ ပတ္သက္ေနတယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ေဒသခံေတြ ဖမ္းဆီးခံရတာေတြလည္း တေန႔တျခား ပုိမ်ားလာေနပါတယ္။ ေက်ာက္ျဖဴၿမိဳ႕နယ္ ေရနံဒြင္ေက်းရြာက အမ်ိဳးသမီးသံုးဦးကိုလည္း AAရခိုင္လက္နက္ကိုင္အဖြဲ႔နဲ႔ ပတ္သက္ ဆက္ႏြယ္ေနတာကုိ အေထာက္အထားေတြနဲ႔အတူ ဖမ္းဆီးမိတယ္ဖုိ႔ၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က ဒီေန႔ပဲ သတင္းထုတ္ျပန္ထားပါတယ္။

ေရနံဒြင္ေက်းရြာက အမ်ိဳးသမီးသံုးဦးအပါဝင္ ဖမ္းဆီးထားသူ ၅ဦးကုိေတာ့ ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္းမွာ ထိန္းသိမ္းထားတယ္လုိ႔လည္း ေက်ာက္ျဖဴၿမိဳ႕နယ္က ရခုိင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လြင္ကေျပာပါတယ္။

"အခုကေတာ့ သူတို႔ကို အၾကမ္းဖက္ ဥပေဒနဲ႔ အမႈဖြင့္ထားတယ္လုိ႔ေတာ့ သိရတယ္။ ဒါေပမယ့္ တိတိက်က် ေတာ့ အမႈကို ဘယ္လိုပံုစံမ်ိဳးနဲ႔ စြဲထားတယ္ဆုိတာကေတာ့ အတိအက်မသိရေသးဘူး။ သတင္းေတြမွာ ေတြ႔ရတာက ေတာ့ ပုဒ္မ ၅၀(ည) ၅၂(က)နဲ႔ စြဲထားတယ္လို႔ေတာ့ သိရတယ္။ အကုန္လံုးကေတာ့ ၁၃ရက္ေန႔က ႏွစ္ေယာက္ ၂၂ရက္ေန႔က မိန္မႀကီး သံုးေယာက္ အကုန္လံုး ၅ေယာက္ေပါ့ ေရနံဒြင္ေက်းရြာက။"

ဖမ္းဆီးထားသူ အမ်ဳိးသမီး ၃ ဦးမွာ တစ္ဦးဟာ AA အဖြဲ႔အတြက္ နယ္ေျမတြင္း စည္းရံုး ေဟာေျပာေနသူျဖစ္ၿပီး ေနအိမ္ွာ ေျပာက္က်ားဝတ္စံုတစ္စံု၊ ရဲယူနီးေဖာင္ဝတ္စံုတစ္စံု တို႔ကိုပါကိုေတြ႔ရွိသိမ္းဆည္းမိခဲ့ေၾကာင္း တပ္မေတာ္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ က်န္အမ်ဳိးသမီး ၂ ဦးဟာလည္း AA အဖဲြ႔အတြက္ ရိကၡာနဲ႔ ဆက္ေၾကးေငြေကာက္ခံေပးေနသူေတြလုိ႔ စြပ္စဲြထားတာပါ။

ေဒသတြင္း စစ္တပ္ရဲ႕ လႈပ္ရွားမႈေတြနဲ႔အတူ ဖမ္းဆီးမႈေတြ တုိးလာေနတဲ့အတြက္လည္း တခ်ဳိ႕ေဒသခံေတြ ထြက္ေျပးေနၾကပါတယ္။ မေန႔ကလည္း ေက်ာက္ျဖဴၿမိဳ႕နယ္ လိပ္ခေမာ္ ေက်းရြာမွာ လုံၿခံဳေရး တပ္ဖဲြ႔ေတြက ဖမ္းဆီး စစ္ေဆးတာေတြရွိတာေၾကာင့္ ေၾကာက္လန္႔ၿပီး ထြက္ေျပးသူေတြ ရွိတယ္လုိ႔လည္း ေဒသခံတစ္ဦးကေျပာပါတယ္။

"ဒီကလူေတြက ဘာျဖစ္လဲဆိုေတာ့ စိုးရိမ္စိတ္ေတြ ဝင္လာတယ္ေလ။ သူတို႔အတြက္ လံုၿခံဳမႈမရွိေတာ့ဘူးဆိုၿပီး ရြာကလူငယ္ေလးေယာက္ကို ဖမ္းၿပီး စစ္လိုက္တာနဲ႔ အင္မတန္ေၾကာက္လန္႔ၿပီးေတာ့ နီးစပ္ေက်းရြာေတြကို ထြက္ေျပးသြားၾကတယ္။ လက္ရွိမွာေတာ့ ေနာက္လည္း ဒီလိုျဖစ္လာမလားဆိုၿပီး ရြာသားေတြကေတာ့ စိုးရိမ္ေနၾကတာေပါ့ေနာ္။ သူတို႔ အတြက္ လံုၿခံဳမႈ မရွိေတာ့ဘူးဆိုၿပီးေလ။စစ္ကားလာၿပီဆိုရင္သူတို႔က ေတာ္ေတာ္ကို ေၾကာက္ၾကတာ။"

စစ္တပ္က ေဒသခံေတြကုိ စစ္ေဆးေမးျမန္းမႈေတြေၾကာင့္ လုံၿခံဳေရးစုိးရိမ္ၿပီး ထြက္ေျပးလာသူေတြ တုိးလာေနတယ္လုိ႔ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေက်ာ္လြင္ကလည္း ေျပာပါတယ္။ အထူးသျဖင့္ ေရြးေကာက္ပြဲေတြ က်င္းပဖုိ႔ လပုိင္းေလာက္သာ လုိေတာ့တဲ့ အခ်ိန္မွာ ဖမ္းဆီးအေရးယူတာေတြ တုိးလာတဲ့အေပၚ စုိးရိမ္တယ္လုိ႔လည္း ေျပာပါတယ္။

"အခုအေျခအေနက က်ေနာ္တို႔ ေက်ာက္ျဖဴၿမိဳ႕နယ္ တစ္ခုလံုး ရမ္းၿဗဲၿမိဳ႕နယ္အထိပါ ေက်းရြာေတြကို ဝင္ေရာက္စစ္ေဆးတာေတြ ဖမ္းဆီးတာေတြ ရွိေနတဲ့ အခါက်ေတာ့ ျမန္မာ့တပ္မေတာ္က လာၿပီဆိုတာနဲ႔ ထြက္ေျပးမယ့္ သူေတြမ်ားေနတယ္။ ေရနံဒြင္ေက်းရြာမွာ ဆိုရင္လည္း လူငယ္ လူလတ္ပိုင္းေတြက ေတာ္ေတာ္ေလးကို မရွိသေလာက္ နည္းေနၿပီ မေန႔က ဆိုရင္ လိပ္ခေမာ္ေက်းရြာက ရွိသမွ်လူေတြ အကုန္လံုးေျပးလာတယ္ ကပ္သေျပဘက္မွာလည္း ရြာကလူေတြ ထြက္ေျပးလာတာရွိတယ္။ ဆိုေတာ့ ဒီအခ်ိန္မွာ ေရြးေကာက္ပြဲမွာ ျပည္သူေတြက မဲထည့္ဖို႔ အားစိုက္ေနရမယ့္အခ်ိန္မွ ဖမ္းဆီးမႈေတြ မ်ားလာတယ္။ ထြက္ေျပးရမယ့္ အေျခအေနမ်ိဳး ျဖစ္ေနတာကေတာ့ မျဖစ္သင့္ဘူး။"

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ၾကား တုိက္ပဲြေတြ ျပင္းထန္လာေနတာနဲ႔အမွ် ေဒသခံေတြ ဖမ္းဆီးခံရတာ ထိခုိက္ေသေက်တာေတြအျပင္၊ အုိးအိမ္စြန္႔ခြာ ထြက္ေျပးရသူေတြလည္း ပုိတုိးလာေနပါတယ္။ လက္နက္ကုိင္ ပဋိပကၡေတြၾကား ရခုိင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္တစ္ခ်ိဳ႕နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ အင္တာနက္လိုင္းေတြလည္း ျဖတ္ေတာက္ထားတာေၾကာင့္ အရပ္သားေတြ ပိုထိခိုက္ေစၿပီး ဥပေဒနဲ႔လည္း ဆန္႔က်င္ေနတာေၾကာင့္ ျမန္မာအစိုးရ အေနနဲ႔ အင္တာနက္လိုင္းေတြကို ခ်က္ခ်င္းျပန္ဖြင့္ေပးဖို႔ ႏိုင္ငံတကာလူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႔ႀကီး တစ္ခုျဖစ္တဲ့ HRW ကလည္း တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ရခိုင်မှာ AA နဲ့ ဆက်နွယ်မှုနဲ့ဖမ်းဆီးခံရသူနဲ့ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ထပ်တိုးနေ
(Unicode)

ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်တဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ဒေသခံတွေ တိုးလာနေသလို စစ်တပ် လှုပ်ရှားမှုတွေကြောင့် စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်သူတွေ ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ VOA မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင် ရခိုင်ပြည်နယ်ကနေ သတင်းပေးပို့ထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ AAရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒေသခံတွေ ဖမ်းဆီးခံရတာတွေလည်း တနေ့တခြား ပိုများလာနေပါတယ်။ ကျောက်ဖြူမြို့နယ် ရေနံဒွင်ကျေးရွာက အမျိုးသမီးသုံးဦးကိုလည်း AAရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက် ဆက်နွယ်နေတာကို အထောက်အထားတွေနဲ့အတူ ဖမ်းဆီးမိတယ်ဖို့ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

ရေနံဒွင်ကျေးရွာက အမျိုးသမီးသုံးဦးအပါဝင် ဖမ်းဆီးထားသူ ၅ဦးကိုတော့ ကျောက်ဖြူမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း ကျောက်ဖြူမြို့နယ်က ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကပြောပါတယ်။

"အခုကတော့ သူတို့ကို အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့တော့ သိရတယ်။ ဒါပေမယ့် တိတိကျကျ တော့ အမှုကို ဘယ်လိုပုံစံမျိုးနဲ့ စွဲထားတယ်ဆိုတာကတော့ အတိအကျမသိရသေးဘူး။ သတင်းတွေမှာ တွေ့ရတာက တော့ ပုဒ်မ ၅၀(ည) ၅၂(က)နဲ့ စွဲထားတယ်လို့တော့ သိရတယ်။ အကုန်လုံးကတော့ ၁၃ရက်နေ့က နှစ်ယောက် ၂၂ရက်နေ့က မိန်မကြီး သုံးယောက် အကုန်လုံး ၅ယောက်ပေါ့ ရေနံဒွင်ကျေးရွာက။"

ဖမ်းဆီးထားသူ အမျိုးသမီး ၃ ဦးမှာ တစ်ဦးဟာ AA အဖွဲ့အတွက် နယ်မြေတွင်း စည်းရုံး ဟောပြောနေသူဖြစ်ပြီး နေအိမ်ှာ ပြောက်ကျားဝတ်စုံတစ်စုံ၊ ရဲယူနီးဖောင်ဝတ်စုံတစ်စုံ တို့ကိုပါကိုတွေ့ရှိသိမ်းဆည်းမိခဲ့ကြောင်း တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျန်အမျိုးသမီး ၂ ဦးဟာလည်း AA အဖွဲ့အတွက် ရိက္ခာနဲ့ ဆက်ကြေးငွေကောက်ခံပေးနေသူတွေလို့ စွပ်စွဲထားတာပါ။

ဒေသတွင်း စစ်တပ်ရဲ့ လှုပ်ရှားမှုတွေနဲ့အတူ ဖမ်းဆီးမှုတွေ တိုးလာနေတဲ့အတွက်လည်း တချို့ဒေသခံတွေ ထွက်ပြေးနေကြပါတယ်။ မနေ့ကလည်း ကျောက်ဖြူမြို့နယ် လိပ်ခမော် ကျေးရွာမှာ လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီး စစ်ဆေးတာတွေရှိတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသူတွေ ရှိတယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။

"ဒီကလူတွေက ဘာဖြစ်လဲဆိုတော့ စိုးရိမ်စိတ်တွေ ဝင်လာတယ်လေ။ သူတို့အတွက် လုံခြုံမှုမရှိတော့ဘူးဆိုပြီး ရွာကလူငယ်လေးယောက်ကို ဖမ်းပြီး စစ်လိုက်တာနဲ့ အင်မတန်ကြောက်လန့်ပြီးတော့ နီးစပ်ကျေးရွာတွေကို ထွက်ပြေးသွားကြတယ်။ လက်ရှိမှာတော့ နောက်လည်း ဒီလိုဖြစ်လာမလားဆိုပြီး ရွာသားတွေကတော့ စိုးရိမ်နေကြတာပေါ့နော်။ သူတို့ အတွက် လုံခြုံမှု မရှိတော့ဘူးဆိုပြီးလေ။စစ်ကားလာပြီဆိုရင်သူတို့က တော်တော်ကို ကြောက်ကြတာ။"

စစ်တပ်က ဒေသခံတွေကို စစ်ဆေးမေးမြန်းမှုတွေကြောင့် လုံခြုံရေးစိုးရိမ်ပြီး ထွက်ပြေးလာသူတွေ တိုးလာနေတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကလည်း ပြောပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့ အချိန်မှာ ဖမ်းဆီးအရေးယူတာတွေ တိုးလာတဲ့အပေါ် စိုးရိမ်တယ်လို့လည်း ပြောပါတယ်။

"အခုအခြေအနေက ကျနော်တို့ ကျောက်ဖြူမြို့နယ် တစ်ခုလုံး ရမ်းဗြဲမြို့နယ်အထိပါ ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ ရှိနေတဲ့ အခါကျတော့ မြန်မာ့တပ်မတော်က လာပြီဆိုတာနဲ့ ထွက်ပြေးမယ့် သူတွေများနေတယ်။ ရေနံဒွင်ကျေးရွာမှာ ဆိုရင်လည်း လူငယ် လူလတ်ပိုင်းတွေက တော်တော်လေးကို မရှိသလောက် နည်းနေပြီ မနေ့က ဆိုရင် လိပ်ခမော်ကျေးရွာက ရှိသမျှလူတွေ အကုန်လုံးပြေးလာတယ် ကပ်သပြေဘက်မှာလည်း ရွာကလူတွေ ထွက်ပြေးလာတာရှိတယ်။ ဆိုတော့ ဒီအချိန်မှာ ရွေးကောက်ပွဲမှာ ပြည်သူတွေက မဲထည့်ဖို့ အားစိုက်နေရမယ့်အချိန်မှ ဖမ်းဆီးမှုတွေ များလာတယ်။ ထွက်ပြေးရမယ့် အခြေအနေမျိုး ဖြစ်နေတာကတော့ မဖြစ်သင့်ဘူး။"

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ ဒေသခံတွေ ဖမ်းဆီးခံရတာ ထိခိုက်သေကျေတာတွေအပြင်၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း ပိုတိုးလာနေပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြား ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တစ်ချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားတာကြောင့် အရပ်သားတွေ ပိုထိခိုက်စေပြီး ဥပဒေနဲ့လည်း ဆန့်ကျင်နေတာကြောင့် မြန်မာအစိုးရ အနေနဲ့ အင်တာနက်လိုင်းတွေကို ချက်ချင်းပြန်ဖွင့်ပေးဖို့ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး တစ်ခုဖြစ်တဲ့ HRW ကလည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG