သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ မင္းျပားမွာ တပ္မေတာ္ယာဥ္တန္းတိုက္ခိုက္ခံရ


မင္းျပားၿမိဳ႕

[Zawgyi/Unicode]

စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္မွာ တပ္မေတာ္ယာဥ္တန္း တခုကုိ ဒီသီတင္းပတ္အေစာပုိင္းမွာပဲ AA ရခုိင္လက္နက္ကုိင္အဖဲြ႔က ၿခံဳခုိတုိက္ခုိက္ခဲ့ၿပီးေနာက္ ဒီကေန႔အထိ တုိက္ပဲြဆက္လက္ ျပင္းထန္ေနတဲ့အေၾကာင္းကို ဗီြအုိေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပပါမယ္။

ရခုိင္ျပည္နယ္ မင္းျပားျမိဳ႕နယ္မွာ သင္တန္းသားစစ္သည္ အရာရွိေတြကို တင္ေဆာင္လာတဲ့ တပ္မေတာ္ယာဥ္တန္း တနလၤာေန႔တုန္းက တိုက္ခိုက္ခံရၿပီး ေနာက္ဆက္တဲြ တုိက္ပဲြေတြ ဒီေန႔အထိ ဆက္ျဖစ္ေနပါတယ္။

မင္းျပားျမိဳ႕နယ္ ဖားေပ်ာ္ေက်းရြာ ရခိုင္ရြာနဲ႔ ဖားေပ်ာ္ခ်င္းရြာဘက္မွာ ဒီမနက္ပိုင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြါးေနေၾကာင္း ဖားေပ်ာ္ရြာသား ဦးသိန္းေအာင္ကေျပာပါတယ္။

“အခုတိုက္ပြဲေတြ ခ်င္းရြာအနားမွာလည္း ျဖစ္တယ္၊ ရခိုင္ရြာအနားမွာလည္း ျဖစ္ေနတယ္။ က်ေနာ္တို႔ ရြာအနားမွာေလ၊ ဖားေပ်ာ္ရြာ။ ျပင္းထန္ေနတယ္အခုက။ ၁၀ နာရီခြဲေလာက္က စျဖစ္တာ။ ရြာသားေတြက မရွိေတာ့ဘူး။”

ဒီကေန႔ မင္းျပားျမိဳ႕နယ္ဘက္တိုက္ပြဲ ျဖစ္ပြားေၾကာင္း AA ေျပာခြင့္ရခိုင္သုခက အတည္ျပဳေျပာပါတယ္။

“ဒီေန႕မွာလည္းပဲ မင္းျပားျမိဳ႕နယ္ထဲမွာ အဲဒီ ည ၂၁ ရက္ တိုက္ပြဲျဖစ္ခဲ့တဲ့ေနရာေတြမွာ ျမန္မာစစ္တပ္ဘက္က ထပ္ျပီးေတာ့ အင္အားျဖည့္ထိုးစစ္ဆင္လာတဲ့အတြက္ေၾကာင့္မို႔လို႔ တိုက္ပြဲေတာ့ ထပ္ျပီးေတာ့ျဖစ္ေနတယ္လို႔ သိရတယ္ဗ်။”

လက္ရွိမင္းျပားျမိဳ႕နယ္ ဖားေပ်ာ္ရြာဘက္မွာ ရခိုင္လက္နက္ကိုင္အဖြဲ႔ေတြ သာလြန္အင္အားနဲ႔ တပ္ျဖန္႔ေနရာယူ ထားတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

မင္းျပားျမိဳ႕နယ္ ရာေမာင္တံတားနဲ႔ ကမ္းနီၾကားမွာ သင္တန္းသား အရာရွိ၊ စစ္သည္ေတြ စီးနင္းလာတဲ့ စစ္ယာဥ္တန္းကို တနလၤာေန႔ညမွာ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ကေန ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ဗီြအိုေအကိုေျပာပါတယ္။

“အဲဒီမွာ သင္တန္းသား သြားပို႔တဲ့ ကားလို႔ေတာ့ က်ေနာ္တို႔ သိရတယ္။ က်ေနာ္တို႔ဆီက က်ဆုံးတာ ထိခိုက္ဒဏ္ရာရတာရွိတယ္လို႔ သိရတယ္။ လမ္းေဘးကေနျပီးေတာ့ ျခံဳခိုတိုက္ခိုက္တဲ့ဟာပဲ ရွိပါတယ္။ ျခံဳခိုတိုက္ခိုက္တဲ့ သေဘာပါပဲ။”

ၿခံဳခုိ တုိက္ခုိက္ခံရမႈအတြင္း ထိခိုက္ေသဆုံးမႈ အတိအက်ကုိေတာ့ တပ္မေတာ္ ေျပာခြင့္ရသူက မေျပာပါဘူး။ ဇူလိုင္လ ၂၀ ရက္ေန႔ ည ၉ နာရီအခ်ိန္မွာ ေတာင္ပုတ္ေကေက်းရြာအနီး တပ္မေတာ္ယဥ္တန္းကို AA ဘက္က ေနရာ ေျခာက္ ေနရာမွာ အလစ္အငိုက္ ေခ်ာင္းေျမာင္း ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း တပ္မေတာ္ဘက္က မေန႔ကရက္စြဲနဲ႔ သတင္းထုတ္ျပန္ထားပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခကေတာ့ မင္းျပားၿမိဳ႕နယ္အတြင္း စစ္ယာဥ္တန္းကိုပစ္ခတ္တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ အခုလိုေျပာပါတယ္။

“ဇူလိုင္လ ၂၀ ရက္ေန႔ ည ၉ နာရီေလာက္မွာ စစ္ဆင္ေရးအေထာက္ကူျပဳ အင္အားျဖည့္တင္းဖို႔ ခ်ီတက္လာတဲ့ အင္အား ၁၂၀ ေလာက္ပါတဲ့ ျမန္မာစစ္တပ္ရဲ႕ စစ္ကား ၅ စီးပါတဲ့စစ္ယာဥ္တန္းကို က်ေနာ္တို႔ ရခိုင့္တပ္ေတာ္က ေနျပီးေတာ့ ဖားေပ်ာ္ခ်င္းရြာနဲ႔ ေတာင္ပုတ္ေကၾကားမွာ ၾကားျဖတ္ဟန္႔တားတိုက္ခိုက္ခဲ့တာ ရွိတယ္ဗ်။ ည ၉ နာရီကေန ၂၁ ရက္ေန႔ မနက္ ၅ နာရီအထိ စစ္ကူလာတဲ့ ျမန္မာစစ္တပ္၊ တပ္ေတြနဲ႔ တညလုံးတိုက္ပြဲျဖစ္တာ ရွိတယ္။ ဇူလိုင္လ ၂၁ ရက္ေန႔မွာလည္း တေန႔လုံးနီးပါး တိုက္ပြဲျဖစ္တာရွိတယ္။ အဲဒီထိေတြ႕တိုက္ခိုက္မႈေတြအတြင္းမွာ ျမန္မာစစ္တပ္က ေနျပီးေတာ့ ေသဆုံးတာနဲ႔ ဒဏ္ရာရတာေပါင္းရင္ ၆၀ အထက္ရွိတယ္ဗ်။”

တုိက္ပဲြေတြအတြင္း ထိခုိက္ေသဆုံးမႈနဲ႔ ပတ္သက္လုိ႔ AA အဖဲြ႔ရဲ႕ ေျပာဆုိခ်က္ကုိေတာ့ သီးျခားအတည္ျပဳလုိ႔ မရပါဘူး။

ဇူလိုင္လ ၂၀ ရက္ေန႔၊ ည ၉ နာရီခန႔္မွာ ဖားေပ်ာ္(ခ်င္း)ရြာအနီး AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲ ျဖစ္ပြားမႈေၾကာင့္ ေဒသခံအမ်ိဳးသမီးတဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ဖားေပ်ာ္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းေအာင္ေက်ာ္ ကေျပာပါတယ္။

“တိုက္ပြဲက ညေန ၈ နာရီ ၃၀ ေလာက္ျဖစ္မယ္ ထင္တယ္။ ရြာနဲ႔တာ့ နည္းနည္းေ၀းတယ္။ ဒီရြာက မိန္းကေလးတေယာက္ က်တယ္ေလ။ မင္းျပားကို ပို႔တယ္၊ မင္းျပားက လက္မခံဘူး။ ေျမာက္ဦးကို ပို႔တယ္။ ေျမာက္ဦးမွာ ကုမယ္တဲ့။ လက္နက္ၾကီး မဟုတ္ဘူး လက္နက္ရွည္နဲ႔ထိတာ ရြာထဲမွာေပါ့။”

လက္ရွိ ဖားေပ်ာ္ရြာဘက္မွာ တပ္မေတာ္ဘက္က ေနရာယူထားၿပီး AA ဘက္ကေတာ့ ရြာအနီးေတာင္တန္းေတြေပၚမွာ စစ္အင္အားျဖန္႔ထားလို႔ တိုက္ပြဲဆက္လက္ျဖစ္ပြားနိုင္တယ္လို႔လည္း ရြာသားေတြကေျပာပါတယ္။

ဒီကေန႔ မနက္ဘက္မွာလည္း ရေသ့ေတာင္ျမိဳ႕နယ္ ေစတီျပင္ ေက်းရြာဘက္မွာ ရဲစစ္ေၾကာင္းတခု ပစၥည္းပို႔ရာလမ္းေၾကာင္း ဗုံးတလုံးေပါက္ကြဲခဲ့ျပီး ထိခိုက္မႈ မရွိဘူးလို႔ ေဒသခံေတြကေျပာပါတယ္။

တပ္မေတာ္နဲ႔ တုိက္ပဲြျဖစ္ပြားေနတဲ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕အပါအ၀င္ ေျမာက္ပုိင္းမဟာမိတ္အဖဲြ႔၀င္ေတြ ျဖစ္ၾကတဲ့ တအာင္း ပေလာင္တပ္ဖြဲ႕TNLA၊ ျမန္မာအမ်ိဳးသားဒီမိုကရက္တစ္ မဟာမိတ္တပ္မေတာ္ MNDAA (ကိုးကန႔္တပ္ဖြဲ႕) တို႔ကေတာ့ FPNCC ေခၚ ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညိႇႏိႈင္းေရးေကာ္မတီ ဦးေဆာင္လမ္းညႊန္မႈနဲ႔ လုံျခဳံေရး အာမခံခ်က္ရွိမယ္ဆိုရင္ ေရွ႕လထဲ က်င္းပဖုိ႔ စီစဥ္ထားတဲ့ ၂၁ ရာစု ပင္လုံညီလာခံကို တက္ေရာက္မယ္လို႔ မေန႔က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင် မင်းပြားမှာ တပ်မတော်ယာဉ်တန်းတိုက်ခိုက်ခံရ

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်ယာဉ်တန်း တခုကို ဒီသီတင်းပတ်အစောပိုင်းမှာပဲ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက် ဒီကနေ့အထိ တိုက်ပွဲဆက်လက် ပြင်းထန်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ သင်တန်းသားစစ်သည် အရာရှိတွေကို တင်ဆောင်လာတဲ့ တပ်မတော်ယာဉ်တန်း တနင်္လာနေ့တုန်းက တိုက်ခိုက်ခံရပြီး နောက်ဆက်တွဲ တိုက်ပွဲတွေ ဒီနေ့အထိ ဆက်ဖြစ်နေပါတယ်။

မင်းပြားမြို့နယ် ဖားပျော်ကျေးရွာ ရခိုင်ရွာနဲ့ ဖားပျော်ချင်းရွာဘက်မှာ ဒီမနက်ပိုင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေကြောင်း ဖားပျော်ရွာသား ဦးသိန်းအောင်ကပြောပါတယ်။

“အခုတိုက်ပွဲတွေ ချင်းရွာအနားမှာလည်း ဖြစ်တယ်၊ ရခိုင်ရွာအနားမှာလည်း ဖြစ်နေတယ်။ ကျနော်တို့ ရွာအနားမှာလေ၊ ဖားပျော်ရွာ။ ပြင်းထန်နေတယ်အခုက။ ၁၀ နာရီခွဲလောက်က စဖြစ်တာ။ ရွာသားတွေက မရှိတော့ဘူး။”

ဒီကနေ့ မင်းပြားမြို့နယ်ဘက်တိုက်ပွဲ ဖြစ်ပွားကြောင်း AA ပြောခွင့်ရခိုင်သုခက အတည်ပြုပြောပါတယ်။

“ဒီနေ့မှာလည်းပဲ မင်းပြားမြို့နယ်ထဲမှာ အဲဒီ ည ၂၁ ရက် တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေမှာ မြန်မာစစ်တပ်ဘက်က ထပ်ပြီးတော့ အင်အားဖြည့်ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲတော့ ထပ်ပြီးတော့ဖြစ်နေတယ်လို့ သိရတယ်ဗျ။”

လက်ရှိမင်းပြားမြို့နယ် ဖားပျော်ရွာဘက်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့တွေ သာလွန်အင်အားနဲ့ တပ်ဖြန့်နေရာယူ ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မင်းပြားမြို့နယ် ရာမောင်တံတားနဲ့ ကမ်းနီကြားမှာ သင်တန်းသား အရာရှိ၊ စစ်သည်တွေ စီးနင်းလာတဲ့ စစ်ယာဉ်တန်းကို တနင်္လာနေ့ညမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“အဲဒီမှာ သင်တန်းသား သွားပို့တဲ့ ကားလို့တော့ ကျနော်တို့ သိရတယ်။ ကျနော်တို့ဆီက ကျဆုံးတာ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ သိရတယ်။ လမ်းဘေးကနေပြီးတော့ ခြုံခိုတိုက်ခိုက်တဲ့ဟာပဲ ရှိပါတယ်။ ခြုံခိုတိုက်ခိုက်တဲ့ သဘောပါပဲ။”

ခြုံခို တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးမှု အတိအကျကိုတော့ တပ်မတော် ပြောခွင့်ရသူက မပြောပါဘူး။ ဇူလိုင်လ ၂၀ ရက်နေ့ ည ၉ နာရီအချိန်မှာ တောင်ပုတ်ကေကျေးရွာအနီး တပ်မတော်ယဉ်တန်းကို AA ဘက်က နေရာ ခြောက် နေရာမှာ အလစ်အငိုက် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ဘက်က မနေ့ကရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခကတော့ မင်းပြားမြို့နယ်အတွင်း စစ်ယာဉ်တန်းကိုပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“ဇူလိုင်လ ၂၀ ရက်နေ့ ည ၉ နာရီလောက်မှာ စစ်ဆင်ရေးအထောက်ကူပြု အင်အားဖြည့်တင်းဖို့ ချီတက်လာတဲ့ အင်အား ၁၂၀ လောက်ပါတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ကား ၅ စီးပါတဲ့စစ်ယာဉ်တန်းကို ကျနော်တို့ ရခိုင့်တပ်တော်က နေပြီးတော့ ဖားပျော်ချင်းရွာနဲ့ တောင်ပုတ်ကေကြားမှာ ကြားဖြတ်ဟန့်တားတိုက်ခိုက်ခဲ့တာ ရှိတယ်ဗျ။ ည ၉ နာရီကနေ ၂၁ ရက်နေ့ မနက် ၅ နာရီအထိ စစ်ကူလာတဲ့ မြန်မာစစ်တပ်၊ တပ်တွေနဲ့ တညလုံးတိုက်ပွဲဖြစ်တာ ရှိတယ်။ ဇူလိုင်လ ၂၁ ရက်နေ့မှာလည်း တနေ့လုံးနီးပါး တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒီထိတွေ့တိုက်ခိုက်မှုတွေအတွင်းမှာ မြန်မာစစ်တပ်က နေပြီးတော့ သေဆုံးတာနဲ့ ဒဏ်ရာရတာပေါင်းရင် ၆၀ အထက်ရှိတယ်ဗျ။”

တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ AA အဖွဲ့ရဲ့ ပြောဆိုချက်ကိုတော့ သီးခြားအတည်ပြုလို့ မရပါဘူး။

ဇူလိုင်လ ၂၀ ရက်နေ့၊ ည ၉ နာရီခန့်မှာ ဖားပျော်(ချင်း)ရွာအနီး AA နဲ့ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံအမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖားပျော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော် ကပြောပါတယ်။

“တိုက်ပွဲက ညနေ ၈ နာရီ ၃၀ လောက်ဖြစ်မယ် ထင်တယ်။ ရွာနဲ့တာ့ နည်းနည်းဝေးတယ်။ ဒီရွာက မိန်းကလေးတယောက် ကျတယ်လေ။ မင်းပြားကို ပို့တယ်၊ မင်းပြားက လက်မခံဘူး။ မြောက်ဦးကို ပို့တယ်။ မြောက်ဦးမှာ ကုမယ်တဲ့။ လက်နက်ကြီး မဟုတ်ဘူး လက်နက်ရှည်နဲ့ထိတာ ရွာထဲမှာပေါ့။”

လက်ရှိ ဖားပျော်ရွာဘက်မှာ တပ်မတော်ဘက်က နေရာယူထားပြီး AA ဘက်ကတော့ ရွာအနီးတောင်တန်းတွေပေါ်မှာ စစ်အင်အားဖြန့်ထားလို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်တယ်လို့လည်း ရွာသားတွေကပြောပါတယ်။

ဒီကနေ့ မနက်ဘက်မှာလည်း ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာဘက်မှာ ရဲစစ်ကြောင်းတခု ပစ္စည်းပို့ရာလမ်းကြောင်း ဗုံးတလုံးပေါက်ကွဲခဲ့ပြီး ထိခိုက်မှု မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ တအာင်း ပလောင်တပ်ဖွဲ့TNLA၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်တပ်ဖွဲ့) တို့ကတော့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ ဦးဆောင်လမ်းညွှန်မှုနဲ့ လုံခြုံရေး အာမခံချက်ရှိမယ်ဆိုရင် ရှေ့လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်မယ်လို့ မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG