သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္ေဒသတဝိုက္ တပ္မေတာ္က စစ္ဆင္ေရး အျပင္းအထန္လုပ္ေန


ရခိုင္ျပည္နယ္၊ ေက်းရြာတခုတြင္ ေတြ႔ရသည့္ လံုျခံဳေရးတပ္ဖြဲ႔ဝင္တခ်ဳိ႕။ (ေအာက္တိုဘာ ၀၃၊ ၂၀၁၃)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ရေသ့ေတာင္ျမိဳ႕နယ္မွာ တပ္မေတာ္က စစ္ဆင္ေရးေတြ ဆင္ႏႊဲေနတဲ့အေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ ဒီကေန႔အထိ တုိက္ပဲြေတြ ျပင္းထန္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ရေသ့ေတာင္ကေန ေက်ာက္တန္း၊ ဖုန္ညိဳလိပ္နဲ႔ ဘူးသီးေတာင္ၿမိဳ႕ေတြကုိ ဆက္သြယ္ထားတဲ့ လမ္းေၾကာင္းေတြကုိ ပိတ္ဆို႔ထားတဲ့ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ကုိ ရွင္းလင္းဖုိ႔ စစ္ဆင္ေရးေတြ ဆင္ႏႊဲေနေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ၿပီး ေနာက္တေန႔ျဖစ္တဲ့ ဒီေန႔အထိ တုိက္ပဲြေတြ ဆက္လက္ ျဖစ္ပြားေနတာပါ။

ရေသ့ေတာင္ျမိဳ႕နယ္ ေက်ာက္တန္းနဲ႔ ေအာင္သာစည္ရြာဘက္မွာ ဒီကေန႔လည္း တိုက္ပြဲေတြ ဆက္ျဖစ္ေနေၾကာင္း AA ေျပာခြင့္ရ ခိုင္သုခက အတည္ျပဳပါတယ္။

“ေက်ာက္တန္းနဲ႔ ေအာင္သာစည္ရြာဘက္မွာ မေန႔က တိုက္ပြဲျဖစ္တဲ့ေနရာဘက္ကို ျမန္မာစစ္တပ္ကေတာ့ ဒီေန႔မွာလည္း ထပ္ျပီးေတာ့ ထိုးစစ္ဆင္တိုက္ခိုက္ေနတာ ရွိတယ္ဗ်။ ဒါေပမဲ့ တိုက္ပြဲရဲ႕အေသးစိတ္နဲ႔ ထိခိုက္က်ဆုံးမႈအေျခအေနေတာ့ က်ေနာ္ေလာေလာဆယ္မသိရေသးဘူး။”

ေက်ာက္တန္းနဲ႔ ေအာင္သာစည္ရြာေတြအနီး ဒီကေန႔ တုိက္ပဲြျဖစ္ပြားတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ေအာင္သာစည္ရြာသား တဦးကလည္း အခုလုိ ေျပာပါတယ္။

“တိုက္ပြဲျဖစ္ေနတယ္။ ရင္ဆိုင္တိုက္ပြဲျဖစ္ေနၾကတယ္လို႔ ေတာ္ေတာ္ျပင္းထန္တယ္။ ဒီေန႔ ၁၂ နာရီေလာက္မွာ ျဖစ္တယ္။ လက္နက္ၾကီးနဲ႔ ပစ္တာက ရေသ့ေတာင္ ၉ နာရီေလာက္ကပစ္ေနတယ္။ အခုလည္း လက္နက္ၾကီးေတြနဲ႔ ပစ္ေနတယ္။”

စစ္ဆင္ေရးအေျခအေနနဲ႔ တိုက္ပြဲအေျခအေနကို သိရွိဖို႔ တပ္မေတာ္ေျပာေရးဆိုခြင့္ရွိသူကို ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

တပ္မေတာ္က နယ္ေျမရွင္းလင္းေရးလုပ္ဖုိ႔ ရွိတာေၾကာင့္ ရေသ့ေတာင္ျမိဳ႕နယ္ ေက်ာက္တန္းနဲ႔ အနီး၀န္းက်င္ ေက်းရြာေတြက ေဒသခံေတြ ေဘးလြတ္ရာ တိမ္းေရွာင္ဖုိ႔ ရခိုင္ျပည္နယ္အစိုးရကေန ၿပီးခဲ့တဲ့လထဲ ညႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့ေပမဲ့ ဇြန္လ ၂၆ ရက္ေန႔မွာ ျပန္ရုတ္သိမ္းခဲ့ေပမဲ့လဲ မေန႔က အဲဒီနယ္ေျမအတြင္း အၾကမ္းဖက္ႏွိမ္နင္းမႈ စစ္ဆင္ေရး လုပ္ေဆာင္ဖို႔ တပ္မေတာ္ဘက္က ထပ္မံထုတ္ျပန္လိုက္တာပါ။ တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္ အေပၚမွာေတာ့ AA အဖဲြ႔ ေျပာခြင့္ရ ခိုင္သုခက အခုလိုတုန္႔ျပန္ေျပာဆုိခဲ့ပါတယ္။

“ျမန္မာစစ္တပ္ရဲ႕ထုတ္ျပန္ခ်က္ကေတာ့ ေခါင္းစဥ္ကသူတို႔ ဘယ္လိုပဲ ေျပာင္းေျပာင္းေပါ့ေနာ္။ တကယ့္ေျမျပင္မွာ လုပ္ေနတဲ့ အႏွစ္သာရကေတာ့ ဘာမွေျပာင္းလဲမႈ မရွိဘူးဗ်။ သူတို႔ အရင္တုန္းကသုံးေနတဲ့ Clear Land Operation ေပါ့ေနာ္။ ဒီဟာကို နိုင္ငံတကာကေနျပီးေတာ့ အမ်ားၾကီး ျပစ္တင္ရႈတ္ခ်မႈေတြ ပိုလာတဲ့အခါက်ေတာ့ သူတို႔ကဒီဟာကို ေခါင္းစဥ္ေျပာင္းလိုက္တဲ့ သေဘာပါပဲ။”

မေန႔တုန္းက ေအာင္သာစည္နဲ႔ ေက်ာက္တန္းေက်းရြာဘက္ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔ တိုက္ပြဲျပင္းထန္ျဖစ္ပြါးခဲ့ျပီး စစ္တပ္ဘက္က ရဟတ္ယာဥ္တစီးနဲ႔ ပစ္ခတ္ခဲ့ရာမွာ အမ်ိဳးသမီးတဦးနဲ႔ လယ္ထြန္ေနတဲ့ေက်ာက္တန္းရြာသား သံုး ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။ ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႔၀င္ တဦးကေတာ့ တပ္မေတာ္က ေနာက္ထပ္စစ္ဆင္ေရးေတြေၾကာင့္ ေဒသခံေတြ ဒုကၡေရာက္မွာ စုိးရိမ္တယ္လုိ႔လည္း ေျပာပါတယ္။

“ေဒသခံေတြအတြက္ ဆိုးက်ိဳးသက္ေရာက္မႈ ရွိတာေပါ့ေနာ္။ စစ္ေရွာင္ေတြကလည္း ပိုမ်ားလာမွာပါ။ ျပီးလို႔ရွိရင္လူစုလူေ၀း ကူးစက္လြယ္မွာ Corona ဗိုင္းရပ္စ္တို႔ကလည္း တမ်ိဳး။ မိုးရာသီ လယ္သမားေတြမွာလည္း စပါးေတြဘာေတြလည္း မစိုက္ရ တလုံးမွလည္း မစိုက္ရ ဒီဘက္မွာ ဆိုရင္။”

ျပီးခဲ့တဲ့ ဇူလိုင္လ ၁၃ ရက္ေန႔က ရေသ့ေတာင္ျမိဳ႕နယ္ခ်ိန္ခါလီေက်းရြာဘက္ ျဖစ္ပြားတဲ့ တိုက္ပြဲမွာ အရပ္သား ႏွစ္ ဦး ေသဆုံးခဲ့ျပီး သံုး ဦးဒဏ္ရာ ရရွိခဲ့သလို ဒုံးပိုက္နဲ႔ ခ်ိန္ခါလီရြာသားေထာင္ခ်ိီ ေနရပ္ကေန တိမ္းေရွာင္ေနရပါတယ္။

ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ လက္နက္ကိုင္ ပဋိပကၡေတြအတြင္း အရပ္သားေတြ ဖမ္းဆီးခံရတာ၊ ထိခုိက္ေသဆုံးတာေတြ ပိုမိုမ်ား ျပားလာေနပါတယ္။

တုိက္ပဲြေတြ ျပင္းထန္လာေနတဲ့အတြက္ ေဒသခံေတြ စားနပ္ရိကၡာျပတ္လပ္မႈေတြနဲ႔ အုိးအိမ္စြန္႔ခြာ ထြက္ေျပးရတဲ့ အေျခအေနေတြ ပုိဆုိးလာမွာ စုိးရိမ္ေၾကာင္းလည္း ႏုိင္ငံတကာ အကူအညီေပးေရးအဖဲြ႔ ၂၀ က မၾကာေသးခင္ကပဲ သတိေပးထားတာပါ။

ဒါ့အျပင္ COVID-19 ကူးစက္ေရာဂါျဖစ္ပြါးေနဆဲကာလမွာ လက္နက္ကိုင္ပဋိပကၡေတြေလွ်ာ့ခ်ဖို႔ ကုလသမဂၢအတြင္း ေရးမွဴးခ်ဳပ္ကေန တိုက္တြန္းမႈေတြ ရွိေနေပမဲ့ ရခိုင္ေဒသအတြင္းမွာေတာ့ စစ္ေရးတင္းမာေနဆဲအေျခအေနမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရသေ့တောင်ဒေသတဝိုက် တပ်မတော်က စစ်ဆင်ရေး အပြင်းအထန်လုပ်နေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တပ်မတော်က စစ်ဆင်ရေးတွေ ဆင်နွှဲနေတဲ့အကြောင်း ကြေညာခဲ့ပြီးနောက် ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရသေ့တောင်ကနေ ကျောက်တန်း၊ ဖုန်ညိုလိပ်နဲ့ ဘူးသီးတောင်မြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ရှင်းလင်းဖို့ စစ်ဆင်ရေးတွေ ဆင်နွှဲနေကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ အောင်သာစည်ရွာဘက်မှာ ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း AA ပြောခွင့်ရ ခိုင်သုခက အတည်ပြုပါတယ်။

“ကျောက်တန်းနဲ့ အောင်သာစည်ရွာဘက်မှာ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို မြန်မာစစ်တပ်ကတော့ ဒီနေ့မှာလည်း ထပ်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ရှိတယ်ဗျ။ ဒါပေမဲ့ တိုက်ပွဲရဲ့အသေးစိတ်နဲ့ ထိခိုက်ကျဆုံးမှုအခြေအနေတော့ ကျနော်လောလောဆယ်မသိရသေးဘူး။”

ကျောက်တန်းနဲ့ အောင်သာစည်ရွာတွေအနီး ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အောင်သာစည်ရွာသား တဦးကလည်း အခုလို ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတယ်။ ရင်ဆိုင်တိုက်ပွဲဖြစ်နေကြတယ်လို့ တော်တော်ပြင်းထန်တယ်။ ဒီနေ့ ၁၂ နာရီလောက်မှာ ဖြစ်တယ်။ လက်နက်ကြီးနဲ့ ပစ်တာက ရသေ့တောင် ၉ နာရီလောက်ကပစ်နေတယ်။ အခုလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။”

စစ်ဆင်ရေးအခြေအနေနဲ့ တိုက်ပွဲအခြေအနေကို သိရှိဖို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဖို့ ရှိတာကြောင့် ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ရခိုင်ပြည်နယ်အစိုးရကနေ ပြီးခဲ့တဲ့လထဲ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပေမဲ့ ဇွန်လ ၂၆ ရက်နေ့မှာ ပြန်ရုတ်သိမ်းခဲ့ပေမဲ့လဲ မနေ့က အဲဒီနယ်မြေအတွင်း အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး လုပ်ဆောင်ဖို့ တပ်မတော်ဘက်က ထပ်မံထုတ်ပြန်လိုက်တာပါ။ တပ်မတော်ရဲ့ ထုတ်ပြန်ချက် အပေါ်မှာတော့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက အခုလိုတုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“မြန်မာစစ်တပ်ရဲ့ထုတ်ပြန်ချက်ကတော့ ခေါင်းစဉ်ကသူတို့ ဘယ်လိုပဲ ပြောင်းပြောင်းပေါ့နော်။ တကယ့်မြေပြင်မှာ လုပ်နေတဲ့ အနှစ်သာရကတော့ ဘာမှပြောင်းလဲမှု မရှိဘူးဗျ။ သူတို့ အရင်တုန်းကသုံးနေတဲ့ Clear Land Operation ပေါ့နော်။ ဒီဟာကို နိုင်ငံတကာကနေပြီးတော့ အများကြီး ပြစ်တင်ရှုတ်ချမှုတွေ ပိုလာတဲ့အခါကျတော့ သူတို့ကဒီဟာကို ခေါင်းစဉ်ပြောင်းလိုက်တဲ့ သဘောပါပဲ။”

မနေ့တုန်းက အောင်သာစည်နဲ့ ကျောက်တန်းကျေးရွာဘက် မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်က ရဟတ်ယာဉ်တစီးနဲ့ ပစ်ခတ်ခဲ့ရာမှာ အမျိုးသမီးတဦးနဲ့ လယ်ထွန်နေတဲ့ကျောက်တန်းရွာသား သုံး ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် တဦးကတော့ တပ်မတော်က နောက်ထပ်စစ်ဆင်ရေးတွေကြောင့် ဒေသခံတွေ ဒုက္ခရောက်မှာ စိုးရိမ်တယ်လို့လည်း ပြောပါတယ်။

“ဒေသခံတွေအတွက် ဆိုးကျိုးသက်ရောက်မှု ရှိတာပေါ့နော်။ စစ်ရှောင်တွေကလည်း ပိုများလာမှာပါ။ ပြီးလို့ရှိရင်လူစုလူဝေး ကူးစက်လွယ်မှာ Corona ဗိုင်းရပ်စ်တို့ကလည်း တမျိုး။ မိုးရာသီ လယ်သမားတွေမှာလည်း စပါးတွေဘာတွေလည်း မစိုက်ရ တလုံးမှလည်း မစိုက်ရ ဒီဘက်မှာ ဆိုရင်။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ်ချိန်ခါလီကျေးရွာဘက် ဖြစ်ပွားတဲ့ တိုက်ပွဲမှာ အရပ်သား နှစ် ဦး သေဆုံးခဲ့ပြီး သုံး ဦးဒဏ်ရာ ရရှိခဲ့သလို ဒုံးပိုက်နဲ့ ချိန်ခါလီရွာသားထောင်ချီ နေရပ်ကနေ တိမ်းရှောင်နေရပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေ ဖမ်းဆီးခံရတာ၊ ထိခိုက်သေဆုံးတာတွေ ပိုမိုများ ပြားလာနေပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့အတွက် ဒေသခံတွေ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အခြေအနေတွေ ပိုဆိုးလာမှာ စိုးရိမ်ကြောင်းလည်း နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၀ က မကြာသေးခင်ကပဲ သတိပေးထားတာပါ။

ဒါ့အပြင် COVID-19 ကူးစက်ရောဂါဖြစ်ပွါးနေဆဲကာလမှာ လက်နက်ကိုင်ပဋိပက္ခတွေလျှော့ချဖို့ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ကနေ တိုက်တွန်းမှုတွေ ရှိနေပေမဲ့ ရခိုင်ဒေသအတွင်းမှာတော့ စစ်ရေးတင်းမာနေဆဲအခြေအနေမှာ ရှိနေပါတယ်။

XS
SM
MD
LG