သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ေရွာင္စခန္းတခ်ိဳ႕ ရာသီတုပ္ေကြး ကူးစက္


အထက္ျမတ္လွဲ စစ္ေရွာင္စခန္း ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္က စစ္ေရွာင္စခန္းတခ်ိဳ႕မွာ ရာသီတုပ္ေကြးေရာဂါ ျဖစ္ပြားေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေျမာက္ဦးၿမိဳ႕နယ္အတြင္းက စစ္ေရွာင္စခန္းတခ်ိဳ႕မွာ ရာသီတုပ္ေကြးျဖစ္ပြားေနတယ္လို႔ စစ္ေရွာင္ ဒုကၡသည္စခန္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္အတြင္းက ရွစ္ေသာင္းဘုန္းေတာ္ႀကီးေက်ာင္း စစ္ေရွာင္စခန္းမွာဆုိရင္လည္း လူ ၂၀ ေက်ာ္ေလာက္ ရာသီတုပ္ေကြး ျဖစ္ေနတယ္လို႔ စခန္းတာဝန္ခံ ဦးလွေစာေအာင္က ေျပာပါတယ္။

"ရာသီတုပ္ေကြး ျဖစ္တာကေတာ့ တစ္ႏွစ္သားကေန အသက္ ၇၀ အထိျဖစ္တာေပါ့။ ျဖစ္တာကေတာ့ ေျခလက္ေတြနာတယ္၊ ဖ်ားတယ္၊ အိပ္ရာေပၚကေန ထလို႔မရဘုူူး။ ခါးနာတယ္ ဒူးနာတယ္။ အဖုေတြ ဘာေတြေပါက္တယ္။ က်န္းမာေရး ဆရာဝန္ေတြကို ေမးၾကည့္ေတာ့လည္း ရာသီတုပ္ေကြးလို႔ ေျပာတယ္။"

စစ္ေရွာင္စခန္းေတြမွာ စားဝတ္ေနေရးေတြ ခက္ခဲေနတဲ့ ၾကားကအခုလို ရာသီတုပ္ေကြးေတြ ျဖစ္ပြားေနၿပီး စစ္ေရွာင္ေတြအေနနဲ႔ ေဆးကုသဖို႔ အတြက္ပါ ခက္ခဲေနၾကတယ္လို႔ ဦးလွေစာေအာင္က ေျပာပါတယ္။

"ျဖစ္လာရင္ေတာ့ စိုးရိမ္မႈကေတာ့ ရွိတာေပါ့။ ကိုရိုနာဗိုင္းရပ္စ္လည္း ျဖစ္ေနေတာ့ ေလာေလာဆယ္မွာေတာ့ အဲတာကို စိုးရိမ္ဖို႔ မလိုဘူး။ ရာသီတုပ္ေကြးပဲ စိုးရိမ္စရာရွိတယ္။ ေဆးကုသဖို႔လည္း ပိုက္ဆံကလည္း မရွိဘူးဆိုေတာ့ အကုန္လံုးက ၾကပ္တည္းေနတာေပါ့။"

ေျမာက္ဦးၿမိဳ႕ေပၚက ရွစ္ေသာင္းဘုန္းေတာ္ႀကီးစစ္ေရွာင္စခန္းမွာ ေက်းရြာ ၄ ရြာကေန ထြက္ေျပးလာၾကတဲ့ စစ္ေရွာင္ဦးေရ ၅၀၀ နီးပါး ေနထိုင္ေနတာ ျဖစ္ပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္မွာပဲရွိၿပီး လူဦးေရ ၃,၀၀၀ ေက်ာ္ရွိတဲ့ တိမ္ညိဳစစ္ေရွာင္စခန္းမွာလည္း ရာသီတုပ္ေကြး ျဖစ္သူတခ်ဳိ႕ ရွိေနတယ္လို႔ စခန္းတာ၀န္ရွိသူေတြက ေျပာပါတယ္။ ရာသီတုပ္ေကြးျဖစ္ေနသူေတြကိုေတာ့ သက္ဆိုင္ရာက်န္းမာေရး ဌာနေတြက လာေရာက္ေဆးကုသေပးေနတယ္လုိ႔လည္း စခန္းတာဝန္ခံ ကိုေက်ာ္ျမင့္ေရႊက ေျပာပါတယ္။

"ျဖစ္ေတာ့ ျဖစ္တယ္၊ အမ်ားႀကီးေတာ့ မဟုတ္ပါဘူး။ လူႀကီးေရာ လူငယ္ေရာျဖစ္တယ္။ ဒါေပမဲ့ ေသတာေပ်ာက္ တာေတာ့ မရွိပါဘူး။ စိုးရိမ္မႈေတြေတာ့ ရွိတယ္။ ဒါေပမဲ့ က်န္းမာေရး ဌာနကလာၿပီးေတာ့ ေဆးကုေပးတယ္။ ေနာက္ၿပီးေတာ့ တိမ္ညိဳေဆးရံုကလည္း ရွိေတာ့ စိုးရိမ္မႈက နည္းနည္းပဲရွိတယ္၊ အမ်ားႀကီးေတာ့ မရွိဘူးဗ်ာ။

လက္ရွိအခ်ိန္ထိ ရခိုင္ျပည္နယ္မွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲျပင္းထန္ေနၿပီး ေနရပ္စြန္႔ခြာ ထြက္ေျပးရသူေတြလည္း မ်ားျပားေနတာပါ။ ေဒသခံ အကူအညီေပးေရး အဖဲြ႔တခုျဖစ္တဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအရံုး REC ကေတာ့ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာေနရသူ ၂၀၀,၀၀၀ ေက်ာ္အထိရွိတယ္လို႔ ခန္႔မွန္းထားပါတယ္။

ကုလသမဂၢ လူသားခ်င္းစာနာမႈ႐ုံးရဲ႕ ထုတ္ျပန္ခ်က္အရ ဇူလုိင္လ ၂၀ ရက္ေန႔အထိ စာရင္းအရ ရခုိင္ျပည္နယ္မွာ COVID-19 ေရာဂါ ကူးစက္သူ အတည္ျပဳလူနာ ၁၅ ေယာက္ ရွိေနၿပီး၊ ဒီအထဲက ၉ ေယာက္ကေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ျပန္လာသူေတြ ျဖစ္ၾကပါတယ္။ အတည္ျပဳလူနာေတြထဲက ၁၀ ဦးကေတာ့ ေရာဂါကင္းရွင္းေၾကာင္းလည္း သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်စစ်ရှောင်စခန်းတချို့ ရာသီတုပ်ကွေး ကူးစက်

ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတချို့မှာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်းက စစ်ရှောင်စခန်းတချို့မှာ ရာသီတုပ်ကွေးဖြစ်ပွားနေတယ်လို့ စစ်ရှောင် ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ဦးမြို့နယ်အတွင်းက ရှစ်သောင်းဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းမှာဆိုရင်လည်း လူ ၂၀ ကျော်လောက် ရာသီတုပ်ကွေး ဖြစ်နေတယ်လို့ စခန်းတာဝန်ခံ ဦးလှစောအောင်က ပြောပါတယ်။

"ရာသီတုပ်ကွေး ဖြစ်တာကတော့ တစ်နှစ်သားကနေ အသက် ၇၀ အထိဖြစ်တာပေါ့။ ဖြစ်တာကတော့ ခြေလက်တွေနာတယ်၊ ဖျားတယ်၊ အိပ်ရာပေါ်ကနေ ထလို့မရဘူး။ ခါးနာတယ်၊ ဒူးနာတယ်။ အဖုတွေ ဘာတွေပေါက်တယ်။ ကျန်းမာရေး ဆရာဝန်တွေကို မေးကြည့်တော့လည်း ရာသီတုပ်ကွေးလို့ ပြောတယ်။"

စစ်ရှောင်စခန်းတွေမှာ စားဝတ်နေရေးတွေ ခက်ခဲနေတဲ့ ကြားကအခုလို ရာသီတုပ်ကွေးတွေ ဖြစ်ပွားနေပြီး စစ်ရှောင်တွေအနေနဲ့ ဆေးကုသဖို့ အတွက်ပါ ခက်ခဲနေကြတယ်လို့ ဦးလှစောအောင်က ပြောပါတယ်။

"ဖြစ်လာရင်တော့ စိုးရိမ်မှုကတော့ ရှိတာပေါ့။ ကိုရိုနာဗိုင်းရပ်စ်လည်း ဖြစ်နေတော့ လောလောဆယ်မှာတော့ အဲတာကို စိုးရိမ်ဖို့ မလိုဘူး။ ရာသီတုပ်ကွေးပဲ စိုးရိမ်စရာရှိတယ်။ ဆေးကုသဖို့လည်း ပိုက်ဆံကလည်း မရှိဘူးဆိုတော့ အကုန်လုံးက ကြပ်တည်းနေတာပေါ့။"

မြောက်ဦးမြို့ပေါ်က ရှစ်သောင်းဘုန်းတော်ကြီးစစ်ရှောင်စခန်းမှာ ကျေးရွာ ၄ ရွာကနေ ထွက်ပြေးလာကြတဲ့ စစ်ရှောင်ဦးရေ ၅၀၀ နီးပါး နေထိုင်နေတာ ဖြစ်ပါတယ်။

မြောက်ဦးမြို့နယ်မှာပဲရှိပြီး လူဦးရေ ၃,၀၀၀ ကျော်ရှိတဲ့ တိမ်ညိုစစ်ရှောင်စခန်းမှာလည်း ရာသီတုပ်ကွေး ဖြစ်သူတချို့ ရှိနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ရာသီတုပ်ကွေးဖြစ်နေသူတွေကိုတော့ သက်ဆိုင်ရာကျန်းမာရေး ဌာနတွေက လာရောက်ဆေးကုသပေးနေတယ်လို့လည်း စခန်းတာဝန်ခံ ကိုကျော်မြင့်ရွှေက ပြောပါတယ်။

"ဖြစ်တော့ ဖြစ်တယ်၊ အများကြီးတော့ မဟုတ်ပါဘူး။ လူကြီးရော လူငယ်ရောဖြစ်တယ်။ ဒါပေမဲ့ သေတာပျောက် တာတော့ မရှိပါဘူး။ စိုးရိမ်မှုတွေတော့ ရှိတယ်။ ဒါပေမဲ့ ကျန်းမာရေး ဌာနကလာပြီးတော့ ဆေးကုပေးတယ်။ နောက်ပြီးတော့ တိမ်ညိုဆေးရုံကလည်း ရှိတော့ စိုးရိမ်မှုက နည်းနည်းပဲရှိတယ်၊ အများကြီးတော့ မရှိဘူးဗျာ။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး နေရပ်စွန့်ခွာထွက်ပြေးရသူတွေလည်း များပြားနေတာပါ။ ဒေသခံ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ကတော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရသူ ၂၀၀,၀၀၀ ကျော်အထိရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုရုံးရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၀ ရက်နေ့အထိ စာရင်းအရ ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါ ကူးစက်သူ အတည်ပြုလူနာ ၁၅ ယောက် ရှိနေပြီး၊ ဒီအထဲက ၉ ယောက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတွေ ဖြစ်ကြပါတယ်။ အတည်ပြုလူနာတွေထဲက ၁၀ ဦးကတော့ ရောဂါကင်းရှင်းကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG