သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္က နယ္ျခားေစာင့္စခန္းႏွစ္ခု ရုပ္သိမ္းအၿပီးမွာ မီးရႈိ႕ခံရ


ရခိုင္ျပည္နယ္ရွိ နယ္ျခားေစာင့္တပ္သားမ်ား (မွတ္တမ္းဓါတ္ပံု- ႏို၀င္ဘာလ ၁၂ ရက္ ၂၀၁၇)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ မယူကမ္းေဒသက နယ္ျခားေစာင့္ စခန္းႏွစ္ခုျဖစ္တဲ့ ေညာင္ပင္လွနဲ႕ သဇင္ၿမိဳင္ နယ္ျခားေစာင့္စခန္း ရုပ္သိမ္းအျပီးမွာ မီးရွိဳ႕ခံရတဲ့အေၾကာင္း နိုင္ကြန္းအိန္ တင္ဆက္ေပးမွာပါ။

စစ္ေရးျပင္းထန္ေနတဲ့ ရေသ့ေတာင္ျမိဳ႕နယ္က ေညာင္ပင္လွနဲ႕ သဇင္ၿမိဳင္ နယ္ျခားေစာင့္စခန္းႏွစ္ခုကို ဇူလိုင္လ ၁၈ ရက္ေန႔ မြန္းလြဲပိုင္းမွာ တပ္႐ုပ္သိမ္းသြားအျပီး ညပိုင္းမွာ စခန္းႏွစ္ခု စလုံးမီးရွိဳ႕ခံရတယ္လို႕ ေဒသခံေတြကဆို ပါတယ္။

ေညာင္ပင္လွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးလွသိန္းကေတာ့ ေညာင္ပင္လွနယ္ျခားေစာင့္ရဲစခန္း မီးေလာင္တာ နဲ႕ပက္ သက္ျပီးအခုလိုေျပာပါတယ္။

“နယ္ျခားေစာင့္ေတြက စခန္းကထြက္သြားတယ္တဲ့။ တေယာက္မွမရွိဘူး။ ညဘက္(၆)နာရီ (၂၂)ေလာက္မွာ မီးခိုးေတြ ထြက္တယ္လို႕ေျပာတာေပါ့။ AA ရွိဳ႕တာလား ဘယ္သူရွိဳ႕တာလဲေတာ့ မသိဘူး။ ရြာသားေတြ ေမးၾကည့္ေတာ့ ခင္ဗ်ားတို႕ ဘယ္သူရွိဳ႕တာျမင္လိုက္လဲဆိုေတာ့ သူတို႕ကေျပာတယ္။ မီးခိုးထြက္တယ္တဲ့စခန္းက။ သူတို႕ရြာကဘဲၾကည့္ေနၾက တာ။ စခန္းအနားကိုတေယာက္မွမသြားရဲဘူး။”

သဇင္ၿမိဳင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေမာင္ေအးျငိမ္းကလဲ နယ္ျခားေစာင့္စခန္းက အဖြဲ႕၀င္ေတြတပ္ရုပ္အျပီး သဇင္ၿမိဳင္ နယ္ျခားေစာင့္စခန္းမီးရွိဳ႕ခံရေၾကာင္းေျပာပါတယ္။

“ရုပ္သိမ္းလိုက္ျပီးလို႕မွန္တယ္။ သူတို႕ဘယ္လိုအစီစဥ္ရွိတယ္ဆိုတာေတာ့ မသိဘူး။ နယ္ျခားေစာင့္စခန္းေတြကိုေလ မီးရွိဳ႕တာေတာ့မွန္တယ္။ ဒါကဘယ္လို အေျခအေနမ်ိဳးနဲ႕ပုံစံမ်ိဳးနဲ႕ ရွိဳ႕တယ္ဆိုတာေတာ့ မသိရဘူး။ ရြာသားေတြက ေတာ့ အဲဒီအလုပ္ကိုေတာ့လုပ္မွာ မဟုတ္ဘူး။ သူတို႕က ရြာကေတာင္ တိမ္းေရွာင္ေနရတာတို႕ သူတို႕က ေရွာင္ေျပး ေနရ တယ္လို႕။”

လက္ရွိ ေညာင္ပင္လွနဲ႕ သဇင္ၿမိဳင္ ေနဗီဆိပ္အစရွိတဲ့ရြာသားေတြဟာ စိုးရိမ္စိတ္နဲ႕ ရပ္ရြာကေနတိမ္းေရွာင္ ေနၾကရ တယ္လို႕ေညာင္ပင္လွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးလွသိန္းက ေျပာပါတယ္။

“ေညာင္ပင္လွေရာ၊ ေနဗြီကေလးေရာ ၊ အဲဒီဆင္အိုးေရာ အကုန္လုံးဟိုဟာ ေနာက္ဘယ္လို ျဖစ္လာမွာလဲ မသိဘူးဆိုျပီး ေတာ့အကုန္လုံးထြက္ေျပးၾကတာေပါ့ ေအာက္ရြာေတြကို။ ကံျပင္ ခြဆုံ ကြ်န္းေပၚ အဲဒီရပ္နီးရြာနီးေအာက္ဘက္ကိုဘဲ တိမ္းေရွာင္ေနၾကတာေပါ့။”

ေညာင္ပင္လွနဲ႕ သဇင္ၿမိဳင္ နယ္ျခားေစာင့္စခန္းႏွစ္ခုကိုရုပ္သိမ္းအျပီးတပ္ဖြဲ႕၀င္ေတြဟာ ေစတီျပင္ နယ္ျခားေစာင့္ တပ္စခန္းမွာ ပူးေပါင္းထားတယ္လို႕ ေစတီျပင္ေက်းရြာသားေတြကေျပာပါတယ္။

ဒီလို တပ္ရုပ္သိမ္းရတာဟာလဲ ရခိုင္ျပည္နယ္စစ္ေရးတင္းမာမွဳအတြင္း နယ္ျခားေစာင့္ စခန္း လုံျခံဳေရးအေျခအေန အားနည္း လာတယ္လို႕ယူဆေၾကာင္း ေဒသခံသဇင္ျမိဳင္ရြာသားတဦးကဆိုပါတယ္။

“အဲဒီစခန္းမွာ ေနလို႕မျဖစ္ေတာ့ဘူးေလ။ စခန္းက လူတပ္ဖြဲ႕အင္အားက (၄၀)(၅၀) ပတ္၀န္းက်င္ဘဲ ရွိေတာ့တယ္။ ဟိုနားမွာ(၅၀၀)(၁၀၀၀)အဲဒီလိုမ်ိဳးသြားလာေနတယ္။ တေန႕ဒုကၡေရာက္မယ္။”

ေညာင္ပင္လွနဲ႕ သဇင္ၿမိဳင္ နယ္ျခားေစာင့္စခန္းႏွစ္ခု မီးရွိဳ႕ခံရတဲ့အေျခအေနနဲ႕ပက္သက္ျပီး တပ္မေတာ္ေျပာခြင့္ရနဲ႕ ရခိုင္ျပည္နယ္ လုံျခံဳေရးနဲ႕နယ္စပ္ေရးရာ၀န္ၾကီးကိုဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႕မရခဲ့ပါဘူး။

သဇင္ျမိဳင္နယ္ျခားေစာင့္ရဲစခန္းဟာ ေမလ ၂၉ ရက္ေန႔က AAရခိုင္လက္နက္ကိုင္အဖြဲ႕က ၀င္ေရာက္ တိုက္ခိုက္ ခံခဲ့ရၿပီး တပ္ဖြဲ႕ဝင္ ၄ ဦးက်ဆုံးျပီးေတာ့ တပ္ဖြဲ႕၀င္ မိသားစုတစ္ခ်ိဳ႕ဖမ္းဆီးခံရပါတယ္။

ရခိုင္လက္နက္ကိုင ္AA ဘဘက္ကေန ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလမွာ ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ကထီးလွ၊ ငျမင္းေဘာ္၊ ဂုပၸိႏွင့္ ေက်ာက္ေတာင္ ရဲကင္းစခန္း (၄) ခုအားလည္းေကာင္း၊ မတ္လမွာ ပုဏၰားကၽြန္းၿမိဳ႕နယ္ရွိ ယိုးတ႐ုတ္ ရဲကင္း စခန္းအားလည္းေကာင္း၊ ဧၿပီလမွာ ေျမာက္ဉီးၿမိဳ႕ရွိ ရဲတပ္ရင္း ဌာနခ်ဳပ္အား လည္းေကာင္း၊ ဇူလိုင္လမွာ ဘူးသီး ေတာင္ၿမိဳ႕နယ္ရွိ ေညာင္ေခ်ာင္းနယ္ေျမ ရဲကင္းစခန္းအား လည္းေကာင္း ၀င္ေရာက္တိုက္ခိုက္ခဲ့လို႕ ရဲတပ္ဖြဲ႕ဝင္ (၂၅) ဦး က်ဆုံးၿပီး (၁၆) ဦး ဒဏ္ရာရရွိခဲ့ျပီးေတာ့ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕နဲ႕ မိသားစုဝင္အခ်ိဳ႕ ဖမ္းဆီးျခင္းခံခဲ့ရ တယ္လို႕ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္အဖြဲ႕တို႕စစ္ေရးျပင္းထန္လာတဲ့အမွ် ေဒသအတြင္း နယ္ျခားေစာင့္စခန္းေတြအေပၚ တိုက္ခိုက္လာတဲ့အေျခအေနေၾကာင့္ ၂၀၁၉ ခုႏွစ္ မတ္လမွာ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြက နယ္ျခားေစာင့္ရဲစခန္း ၅ ခုေလာက္နဲ႔ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမာက္ဦးၿမိဳ႕နယ္ ေတြထဲက ရဲကင္းစခန္း ၃ ခုထက္မနည္း နယ္ေျမ မလုံျခဳံမႈေၾကာင့္ ႐ုပ္သိမ္းခဲ့ရပါေသးတယ္။

လက္ရွိ ရေသ့ေတာင္ျမိဳ႕နယ္အတြင္း တပ္မေတာ္ကေန စစ္ဆင္ေရးျပဳလုပ္ေနတာေၾကာင့္ ေက်ာက္တန္း ေက်းရြာ ၀န္းက်င္တ၀ိုက္မွာ တိုက္ပြဲျဖစ္ေနသလို အခုလို မယူကမ္းေဒသဘက္က နယ္ျခားေစာင့္ စခန္းႏွစ္ခုကို ႐ုပ္သိမ္း သြားလို႕ နယ္ေျမအႏွံ့ တိုက္ပြဲက်ယ္ျပန္႔လာမွာကို ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ရသေ့တောင်က နယ်ခြားစောင့်စခန်းနှစ်ခု ရုပ်သိမ်းအပြီးမှာ မီးရှို့ခံရ

(Unicode)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသက နယ်ခြားစောင့် စခန်းနှစ်ခုဖြစ်တဲ့ ညောင်ပင်လှနဲ့ သဇင်မြိုင် နယ်ခြားစောင့်စခန်း ရုပ်သိမ်းအပြီးမှာ မီးရှို့ခံရတဲ့အကြောင်း နိုင်ကွန်းအိန် တင်ဆက်ပေးမှာပါ။

စစ်ရေးပြင်းထန်နေတဲ့ ရသေ့တောင်မြို့နယ်က ညောင်ပင်လှနဲ့ သဇင်မြိုင် နယ်ခြားစောင့်စခန်းနှစ်ခုကို ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ တပ်ရုပ်သိမ်းသွားအပြီး ညပိုင်းမှာ စခန်းနှစ်ခု စလုံးမီးရှို့ခံရတယ်လို့ ဒေသခံတွေကဆို ပါတယ်။

ညောင်ပင်လှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသိန်းကတော့ ညောင်ပင်လှနယ်ခြားစောင့်ရဲစခန်း မီးလောင်တာ နဲ့ပက် သက်ပြီးအခုလိုပြောပါတယ်။

“နယ်ခြားစောင့်တွေက စခန်းကထွက်သွားတယ်တဲ့။ တယောက်မှမရှိဘူး။ ညဘက်(၆)နာရီ (၂၂)လောက်မှာ မီးခိုးတွေ ထွက်တယ်လို့ပြောတာပေါ့။ AA ရှို့တာလား ဘယ်သူရှို့တာလဲတော့ မသိဘူး။ ရွာသားတွေ မေးကြည့်တော့ ခင်ဗျားတို့ ဘယ်သူရှို့တာမြင်လိုက်လဲဆိုတော့ သူတို့ကပြောတယ်။ မီးခိုးထွက်တယ်တဲ့စခန်းက။ သူတို့ရွာကဘဲကြည့်နေကြ တာ။ စခန်းအနားကိုတယောက်မှမသွားရဲဘူး။”

သဇင်မြိုင်ကျေးရွာအုပ်ချုပ်ရေးမှူးမောင်အေးငြိမ်းကလဲ နယ်ခြားစောင့်စခန်းက အဖွဲ့ဝင်တွေတပ်ရုပ်အပြီး သဇင်မြိုင် နယ်ခြားစောင့်စခန်းမီးရှို့ခံရကြောင်းပြောပါတယ်။

“ရုပ်သိမ်းလိုက်ပြီးလို့မှန်တယ်။ သူတို့ဘယ်လိုအစီစဉ်ရှိတယ်ဆိုတာတော့ မသိဘူး။ နယ်ခြားစောင့်စခန်းတွေကိုလေ မီးရှို့တာတော့မှန်တယ်။ ဒါကဘယ်လို အခြေအနေမျိုးနဲ့ပုံစံမျိုးနဲ့ ရှို့တယ်ဆိုတာတော့ မသိရဘူး။ ရွာသားတွေက တော့ အဲဒီအလုပ်ကိုတော့လုပ်မှာ မဟုတ်ဘူး။ သူတို့က ရွာကတောင် တိမ်းရှောင်နေရတာတို့ သူတို့က ရှောင်ပြေး နေရ တယ်လို့။”

လက်ရှိ ညောင်ပင်လှနဲ့ သဇင်မြိုင် နေဗီဆိပ်အစရှိတဲ့ရွာသားတွေဟာ စိုးရိမ်စိတ်နဲ့ ရပ်ရွာကနေတိမ်းရှောင် နေကြရ တယ်လို့ညောင်ပင်လှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသိန်းက ပြောပါတယ်။

“ညောင်ပင်လှရော၊ နေဗွီကလေးရော ၊ အဲဒီဆင်အိုးရော အကုန်လုံးဟိုဟာ နောက်ဘယ်လို ဖြစ်လာမှာလဲ မသိဘူးဆိုပြီး တော့အကုန်လုံးထွက်ပြေးကြတာပေါ့ အောက်ရွာတွေကို။ ကံပြင် ခွဆုံ ကျွန်းပေါ် အဲဒီရပ်နီးရွာနီးအောက်ဘက်ကိုဘဲ တိမ်းရှောင်နေကြတာပေါ့။”

ညောင်ပင်လှနဲ့ သဇင်မြိုင် နယ်ခြားစောင့်စခန်းနှစ်ခုကိုရုပ်သိမ်းအပြီးတပ်ဖွဲ့ဝင်တွေဟာ စေတီပြင် နယ်ခြားစောင့် တပ်စခန်းမှာ ပူးပေါင်းထားတယ်လို့ စေတီပြင်ကျေးရွာသားတွေကပြောပါတယ်။

ဒီလို တပ်ရုပ်သိမ်းရတာဟာလဲ ရခိုင်ပြည်နယ်စစ်ရေးတင်းမာမှုအတွင်း နယ်ခြားစောင့် စခန်း လုံခြုံရေးအခြေအနေ အားနည်း လာတယ်လို့ယူဆကြောင်း ဒေသခံသဇင်မြိုင်ရွာသားတဦးကဆိုပါတယ်။

“အဲဒီစခန်းမှာ နေလို့မဖြစ်တော့ဘူးလေ။ စခန်းက လူတပ်ဖွဲ့အင်အားက (၄၀)(၅၀) ပတ်ဝန်းကျင်ဘဲ ရှိတော့တယ်။ ဟိုနားမှာ(၅၀၀)(၁၀၀၀)အဲဒီလိုမျိုးသွားလာနေတယ်။ တနေ့ဒုက္ခရောက်မယ်။”

ညောင်ပင်လှနဲ့ သဇင်မြိုင် နယ်ခြားစောင့်စခန်းနှစ်ခု မီးရှို့ခံရတဲ့အခြေအနေနဲ့ပက်သက်ပြီး တပ်မတော်ပြောခွင့်ရနဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးကိုဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

သဇင်မြိုင်နယ်ခြားစောင့်ရဲစခန်းဟာ မေလ ၂၉ ရက်နေ့က AAရခိုင်လက်နက်ကိုင်အဖွဲ့က ဝင်ရောက် တိုက်ခိုက် ခံခဲ့ရပြီး တပ်ဖွဲ့ဝင် ၄ ဦးကျဆုံးပြီးတော့ တပ်ဖွဲ့ဝင် မိသားစုတစ်ချို့ဖမ်းဆီးခံရပါတယ်။

ရခိုင်လက်နက်ကိုင ်AA ဘဘက်ကနေ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောက်တောင် ရဲကင်းစခန်း (၄) ခုအားလည်းကောင်း၊ မတ်လမှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်း စခန်းအားလည်းကောင်း၊ ဧပြီလမှာ မြောက်ဉီးမြို့ရှိ ရဲတပ်ရင်း ဌာနချုပ်အား လည်းကောင်း၊ ဇူလိုင်လမှာ ဘူးသီး တောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေ ရဲကင်းစခန်းအား လည်းကောင်း ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် (၂၅) ဦး ကျဆုံးပြီး (၁၆) ဦး ဒဏ်ရာရရှိခဲ့ပြီးတော့ ရဲတပ်ဖွဲ့ဝင်အချို့နဲ့ မိသားစုဝင်အချို့ ဖမ်းဆီးခြင်းခံခဲ့ရ တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့တို့စစ်ရေးပြင်းထန်လာတဲ့အမျှ ဒေသအတွင်း နယ်ခြားစောင့်စခန်းတွေအပေါ် တိုက်ခိုက်လာတဲ့အခြေအနေကြောင့် ၂၀၁၉ ခုနှစ် မတ်လမှာ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့်ရဲစခန်း ၅ ခုလောက်နဲ့ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ် တွေထဲက ရဲကင်းစခန်း ၃ ခုထက်မနည်း နယ်မြေ မလုံခြုံမှုကြောင့် ရုပ်သိမ်းခဲ့ရပါသေးတယ်။

လက်ရှိ ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်ကနေ စစ်ဆင်ရေးပြုလုပ်နေတာကြောင့် ကျောက်တန်း ကျေးရွာ ဝန်းကျင်တဝိုက်မှာ တိုက်ပွဲဖြစ်နေသလို အခုလို မယူကမ်းဒေသဘက်က နယ်ခြားစောင့် စခန်းနှစ်ခုကို ရုပ်သိမ်း သွားလို့ နယ်မြေအနှံ့ တိုက်ပွဲကျယ်ပြန့်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG