သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုဏၰားကၽြန္းၿမိဳ႕အနီးတိုက္ပြဲေၾကာင့္ ေဒသခံေတြ ထိတ္လန႔္တိမ္းေရွာင္


(photo-Rakhine Ethnics Congress)

(Zawgyi/Unicode)

ပုဏၰားကၽြန္းၿမိဳ႕နယ္အနီး မွာ တပ္မေတာ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႕တို႔အၾကား တိုက္ပြဲျဖစ္ပြားေနတာေၾကာင့္ ေဒသခံေတြေၾကာက္လန႔္ၿပီး ထြက္ေျပးေနၾကပါတယ္။ ဒီရက္ပိုင္းအတြင္းမွာ တပ္မေတာ္ဘက္က ရခိုင္ျပည္နယ္အတြင္းမွာ တပ္အင္အားနဲ႔ လက္နက္အင္အားေတြ ထပ္ျဖည့္ေနတာေၾကာင့္ လာမယ့္ ရက္ေတြမွာ တိုက္ပြဲ ျပင္းထန္လာဖို႔ရွိတယ္လို႔ AA ဖက္က ေျပာပါတယ္။ ဒီသတင္းအျပည့္အစုံကိုေတာ့ ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးမွာပါ။

ရခိုင္ျပည္နယ္ ၊ ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ေတာဖ်ားေခ်ာင္းအထက္ပိုင္း ၾသရမ ေက်းရြာအနီး မွာတိုက္ပြဲျဖစ္ ပြားေနတာေၾကာင့္ ေဒသခံေတြသာ ဆင္ေသေက်းရြာနဲ႔ ပိုးရြီျပင္ေက်းရြာေတြသို႔ ထြက္ေျပးလာၾကပါတယ္။

ၾသရမ ေက်းရြာအနီးမွာ ရွိတဲ့ေတာင္တန္းေတြကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာေၾကာင့္ ေၾကာက္လန္႔ၿပီးေတာ့ ထြက္ေျပးလာတာျဖစ္တယ္လို႔ ပိုးရြီျပင္ေက်းရြာကို ထြက္ေျပးလာတဲ့ မျဖဴျဖဴက ေျပာပါတယ္။

"စစ္ျဖစ္ေနၾကေတာ့ ေၾကာက္ၿပီးေတာ့ ထြက္ေျပးလာတာ။ "

အဲဒီဖက္မွာ တိုက္ပြဲမျဖစ္ဘူးဆိုေပမယ့္ ရေသ့ေတာင္နဲ႔ ေက်ာက္ေတာ္အေျခစိုက္ တပ္ရင္းေတြက လက္နက္ၾကီးေတြနဲဲ႔ အနီးအနားမွာရွိတဲ့ ေတာင္တန္းေတြေပၚကို ေန႔ေရာညပါ ပစ္ခတ္ေနတာေတြရွိတယ္လို႔ AA ရခုိင္လက္နက္ကုိင္အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။

"ဒီဟာက ဒီလိုရွိတယ္ဗ် အခုရက္ပိုင္းမွာ ဒီဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ထဲက ပစ္မွတ္ေတြကို ေက်ာက္ေတာ္၊ ကန္ေစာက္အေျခစိုက္ အမက ၃၇၇ ဒီအေျမာက္တပ္ရင္း ၃၇၇ ကေနၿပီးေတာ့မွ လက္နက္ႀကီး ေတြနဲ႔ လွမ္းၿပီးေတာ့ ပစ္ေနတာရွိတယ္။ အထူးသျဖင့္ေတာ့ ဒီ ယိုးေခ်ာင္းရဲ႕ အေနာက္ဖက္ျခမ္းက ေတာင္တန္းေတြကို လွမ္းၿပီးေတာ့ ပစ္ေနတာျဖစ္တယ္။ ေနာက္ၿပီးလို႔ရွိရင္ ရေသ့ေတာင္အေျခစိုက္ ခမရ ၅၃၆ ၅၃၇ အဲဒီတပ္ရင္းေတြကလည္း လက္နက္ႀကီးေတြနဲ႔လွမ္းၿပီးေတာ့ ၾသရမ ေယာရမ ဖက္ကို လွမ္းပစ္ေနတယ္လို႔ သိရတယ္။ သူတို႔ အဲလိုေန႔ေရာညပါ ရမ္းသန္းၿပီးပစ္ေနတာက အေတာ္လည္း ၾကာေနၿပီ။ ေနာက္တစ္ခုရွိတာက ဒီရက္ပိုင္းမွာ ဗမာစစ္တပ္ဖက္ကေနၿပီးေတာ့ လူအင္အား လက္နက္အင္အားေတြ ထပ္ၿပီးေတာ့ ျဖည့္ေနတာေတြရွိတယ္။ အဲတာေၾကာင့္ လာမည့္ ရက္ေတြမွာလည္း တိုက္ပြဲက ျပင္းထန္လာဖို႔ရွိတယ္။ "

ဒါေပမယ့္ အဲဒီ ၾသရမဖက္မွာ တုိက္ပြဲျဖစ္တယ္ဆုိတဲ့ကိစၥကုိ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ဝင္းေဇာ္ဦး က ျငင္းဆုိပါတယ္။

"ၾသရမ နားမွာ လက္နက္ႀကီးက်တာေတာ့မဟုတ္ဘူးဗ်။ ၾသရမမွာ လက္နက္ႀကီး က်စရာအေၾကာင္းမရွိဘူး။ အဲဒီဖက္မွာ တိုက္ပြဲျဖစ္တာလည္း မရွိဘူး။ က်ေနာ္တို႔ တိုက္ပြဲျဖစ္တဲ့ ဥစၥာက အဲဒီၾသရမနားမွာ မရွိဘူး။ အဲတာေၾကာင့္ လက္နက္ၾကီးက်တာေတာ့ မဟုတ္ဘူးခင္ဗ်ာ။"

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြမွာလည္း ေျမပံုၿမိဳ႕နယ္၊ ရြာသာယာေက်းရြာအနီးမွာ တပ္မေတာ္က ေလယာဥ္ သံုးစင္းနဲ႔ ဗံုးက်ဲတိုက္ခိုက္ခဲတာေၾကာင့္ ေဒသခံေတြေျမပံုၿမိဳ႕ေပၚကုိ ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။

လက္ရွိအခ်ိ္န္မွာလည္း အဲဒီရြာသာယာေက်းရြာကို တပ္မေတာ္က ပိတ္ဆို႔ထားတာေၾကာင့္ ေဒသခံေတြဟာ စားနပ္ရိကၡာျပတ္လပ္မႈေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေျမပံုၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးေအာင္ဝင္း ကေျပာပါတယ္။

"ဟုတ္ကဲ့ ရြာသာယာဆိုတာကေတာ့ ယိုးေခ်ာင္းတံတားရဲ႕ အထက္ပိုင္းမွာ ရွိတဲ့ ေက်းရြာလည္း တစ္ရြာပါ။ အဲဒီမွာ တပ္မေတာ္ကေနၿပီးေတာ့ ရြာထဲကို ဝင္ၿပီး စစ္တယ္။ မၾကာခင္ကပဲ အဲဒီအနီးအနားမွာရွိတဲ့ ေတာင္တန္းေတြကို ေလယာဥ္သံုးစင္းနဲ႔ ဗံုးက်ဲတာေတြရွိတယ္။ အဲဒီေတာ့ ရြားသားေတြက ေၾကာက္လန္႔ၿပီးေတာ့ ေျမပံုၿမိဳ႕ေပၚမွာရွိတဲ့ ေဆြမ်ိဳးအိပ္ေတြကို ထြက္ေျပးၾကတယ္။ ထြက္ေျပးတဲ့ အျပင္အခုအဲဒီ ဘက္ကထြက္ေျပးလာတာေတြရွိတယ္ ဘုန္းႀကီးေက်ာင္းေတြမွာ ေနၾကတာေပါ့။ ေတာင္ေက်ာင္းရြာေက်ာင္းဆိုၿပီးေတာ့ ေျမပံုၿမိဳ႕ေပၚမွာဖြင့္ထားတဲ့ ဒုကၡသည္ စခန္းေတြမွာေနၾကတယ္။ ေတာ္ေတာ္ေလးကို ဒုကၡေရာက္ေနၾကပါတယ္။"

ေျမပံုၿမိဳ႕နယ္ ရြာသာယာဖက္မွာ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ခဲ့ေပမယ့္ ေက်းရြာေတြကို ပိတ္ဆို႔ထားတာ မရွိဘူးလို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ဝင္းေဇာ္ဦးကေျပာပါတယ္။

"က်ေနာ္တို႔က ရြာသာရြာ အဲဒီအနာမွာ ေယာေခ်ာင္းရွိတယ္။ ရြာက ေယာေခ်ာင္းရဲ႕ အေရွ႕ဖက္ကမ္းမွာ ေယာေခ်ာင္းရွိတယ္။ ေနာက္ ရြာသာယာရွိတာေပါ့။ အဲဒီေနရာမွာ နယ္ေျမရွင္းလင္းေရးလုပ္တယ္ဆိုတာေတာ့ က်ေနာ္တို႔မွန္တယ္။ ဒါေပမယ့္ ခုနားကလို ရြာေတြ ပိတ္ထားတယ္ ဆိုတာကေတာ့မဟုတ္ပါဘူး။ ၿပီးရင္ အဲဒီဝန္းက်င္မွာလည္း က်ေနာ္တို႔ တပ္ေတြမရွိေတာ့ဘူး။"

လက္ရွိအခ်ိန္ထိ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ AAအဖြဲ႔တို႔ တိုက္ပြဲျပင္းထန္ေနရွိၿပီး တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာရတဲ့ စစ္ေဘးေရွာင္ ၇ေသာင္းနီးပါးရွိတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအရံုး REC စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္



..................

ပုံဏ္ဏားကျွန်းမြို့အနီးတိုက်ပွဲကြောင့် ဒေသခံတွေ ထိတ်လန့်တိမ်းရှောင်

(Unicode)

ပုံဏ္ဏားကျွန်းမြို့နယ်အနီး မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေကြောက်လန့်ပြီး ထွက်ပြေးနေကြပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ တပ်မတော်ဘက်က ရခိုင်ပြည်နယ်အတွင်းမှာ တပ်အင်အားနဲ့ လက်နက်အင်အားတွေ ထပ်ဖြည့်နေတာကြောင့် လာမယ့် ရက်တွေမှာ တိုက်ပွဲ ပြင်းထန်လာဖို့ရှိတယ်လို့ AA ဖက်က ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ် ၊ ပုံဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းအထက်ပိုင်း သြရမ ကျေးရွာအနီး မှာတိုက်ပွဲဖြစ် ပွားနေတာကြောင့် ဒေသခံတွေသာ ဆင်သေကျေးရွာနဲ့ ပိုးရွီပြင်ကျေးရွာတွေသို့ ထွက်ပြေးလာကြပါတယ်။

သြရမ ကျေးရွာအနီးမှာ ရှိတဲ့တောင်တန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကြောက်လန့်ပြီးတော့ ထွက်ပြေးလာတာဖြစ်တယ်လို့ ပိုးရွီပြင်ကျေးရွာကို ထွက်ပြေးလာတဲ့ မဖြူဖြူက ပြောပါတယ်။

"စစ်ဖြစ်နေကြတော့ ကြောက်ပြီးတော့ ထွက်ပြေးလာတာ။ "

အဲဒီဖက်မှာ တိုက်ပွဲမဖြစ်ဘူးဆိုပေမယ့် ရသေ့တောင်နဲ့ ကျောက်တော်အခြေစိုက် တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ အနီးအနားမှာရှိတဲ့ တောင်တန်းတွေပေါ်ကို နေ့ရောညပါ ပစ်ခတ်နေတာတွေရှိတယ်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

"ဒီဟာက ဒီလိုရှိတယ်ဗျ အခုရက်ပိုင်းမှာ ဒီဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ထဲက ပစ်မှတ်တွေကို ကျောက်တော်၊ ကန်စောက်အခြေစိုက် အမက ၃၇၇ ဒီအမြောက်တပ်ရင်း ၃၇၇ ကနေပြီးတော့မှ လက်နက်ကြီး တွေနဲ့ လှမ်းပြီးတော့ ပစ်နေတာရှိတယ်။ အထူးသဖြင့်တော့ ဒီ ယိုးချောင်းရဲ့ အနောက်ဖက်ခြမ်းက တောင်တန်းတွေကို လှမ်းပြီးတော့ ပစ်နေတာဖြစ်တယ်။ နောက်ပြီးလို့ရှိရင် ရသေ့တောင်အခြေစိုက် ခမရ ၅၃၆ ၅၃၇ အဲဒီတပ်ရင်းတွေကလည်း လက်နက်ကြီးတွေနဲ့လှမ်းပြီးတော့ သြရမ ယောရမ ဖက်ကို လှမ်းပစ်နေတယ်လို့ သိရတယ်။ သူတို့ အဲလိုနေ့ရောညပါ ရမ်းသန်းပြီးပစ်နေတာက အတော်လည်း ကြာနေပြီ။ နောက်တစ်ခုရှိတာက ဒီရက်ပိုင်းမှာ ဗမာစစ်တပ်ဖက်ကနေပြီးတော့ လူအင်အား လက်နက်အင်အားတွေ ထပ်ပြီးတော့ ဖြည့်နေတာတွေရှိတယ်။ အဲတာကြောင့် လာမည့် ရက်တွေမှာလည်း တိုက်ပွဲက ပြင်းထန်လာဖို့ရှိတယ်။ "

ဒါပေမယ့် အဲဒီ သြရမဖက်မှာ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ကိစ္စကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဝင်းဇော်ဦး က ငြင်းဆိုပါတယ်။

"သြရမ နားမှာ လက်နက်ကြီးကျတာတော့မဟုတ်ဘူးဗျ။ သြရမမှာ လက်နက်ကြီး ကျစရာအကြောင်းမရှိဘူး။ အဲဒီဖက်မှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ကျနော်တို့ တိုက်ပွဲဖြစ်တဲ့ ဥစ္စာက အဲဒီသြရမနားမှာ မရှိဘူး။ အဲတာကြောင့် လက်နက်ကြီးကျတာတော့ မဟုတ်ဘူးခင်ဗျာ။"

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာအနီးမှာ တပ်မတော်က လေယာဉ် သုံးစင်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲတာကြောင့် ဒေသခံတွေမြေပုံမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လက်ရှိအချိန်မှာလည်း အဲဒီရွာသာယာကျေးရွာကို တပ်မတော်က ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ဝင်း ကပြောပါတယ်။

"ဟုတ်ကဲ့ ရွာသာယာဆိုတာကတော့ ယိုးချောင်းတံတားရဲ့ အထက်ပိုင်းမှာ ရှိတဲ့ ကျေးရွာလည်း တစ်ရွာပါ။ အဲဒီမှာ တပ်မတော်ကနေပြီးတော့ ရွာထဲကို ဝင်ပြီး စစ်တယ်။ မကြာခင်ကပဲ အဲဒီအနီးအနားမှာရှိတဲ့ တောင်တန်းတွေကို လေယာဉ်သုံးစင်းနဲ့ ဗုံးကျဲတာတွေရှိတယ်။ အဲဒီတော့ ရွားသားတွေက ကြောက်လန့်ပြီးတော့ မြေပုံမြို့ပေါ်မှာရှိတဲ့ ဆွေမျိုးအိပ်တွေကို ထွက်ပြေးကြတယ်။ ထွက်ပြေးတဲ့ အပြင်အခုအဲဒီ ဘက်ကထွက်ပြေးလာတာတွေရှိတယ် ဘုန်းကြီးကျောင်းတွေမှာ နေကြတာပေါ့။ တောင်ကျောင်းရွာကျောင်းဆိုပြီးတော့ မြေပုံမြို့ပေါ်မှာဖွင့်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာနေကြတယ်။ တော်တော်လေးကို ဒုက္ခရောက်နေကြပါတယ်။"

မြေပုံမြို့နယ် ရွာသာယာဖက်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပေမယ့် ကျေးရွာတွေကို ပိတ်ဆို့ထားတာ မရှိဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးချုပ် ဝင်းဇော်ဦးကပြောပါတယ်။

"ကျနော်တို့က ရွာသာရွာ အဲဒီအနာမှာ ယောချောင်းရှိတယ်။ ရွာက ယောချောင်းရဲ့ အရှေ့ဖက်ကမ်းမှာ ယောချောင်းရှိတယ်။ နောက် ရွာသာယာရှိတာပေါ့။ အဲဒီနေရာမှာ နယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုတာတော့ ကျနော်တို့မှန်တယ်။ ဒါပေမယ့် ခုနားကလို ရွာတွေ ပိတ်ထားတယ် ဆိုတာကတော့မဟုတ်ပါဘူး။ ပြီးရင် အဲဒီဝန်းကျင်မှာလည်း ကျနော်တို့ တပ်တွေမရှိတော့ဘူး။"

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AAအဖွဲ့တို့ တိုက်ပွဲပြင်းထန်နေရှိပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင် ၇သောင်းနီးပါးရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC စစ်တမ်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG