သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးဟောင်းဦးခင်ရီရဲ့ ရခိုင်တိုက်ခိုက်မှုအပေါ် အမြင်


လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီ
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီ

ရခိုင်ပြည်နယ်မောင်တောဒေသအတွင်း လက်တလောဖြစ်ပွားနေတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီးတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီကို ဒေါ်ခင်မျိုးသက်တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ မြန်မာပြည်မှာ လက်တလောဖြစ်နေတဲ့ ပြဿနာပေါ့နော် ရခိုင်ပြည်နယ်မှာ ပြဿနာတွေဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဦးခင်ရီရဲ့ ယေဘုယျအမြင်လေးပေါ့နော် အဲဒါလေးနည်းနည်းပြောပြပေးပါ။ ဒီရခိုင်ပြဿနာနဲ့ ပတ်သက်ပြီးတော့

ဦးခင်ရီ။ ။ ရခိုင်ပြဿနာဖြစ်ခဲ့တာ သမိုင်းအစဉ်အဆက်ဖြစ်ခဲ့တဲ့ကိစ္စပါ။ အနီးဆုံးပြောရင် အရင်အစိုးရလက်ထက် သမ္မတကြီးဦးသိန်းစိန်လက်ထက်က ၂၀၁၂ ခုနှစ်မှာ ဖြစ်ပါတယ်ခင်ဗျ။ မေ၊ ဇွန်မှာ တခါဖြစ်တယ် အောက်တိုဘာမှာ တခါဖြစ်တယ်။ အဲဒီတုန်းကဖြစ်တဲ့ ဖြစ်စဉ်က ဒီဒေသထဲမှာရှိနေတဲ့ ဘင်္ဂါလီနဲ့ ဒေသခံ ရခိုင်တိုင်းရင်းသား နဲ့ ဖြစ်တဲ့ ပြဿနာ သပ်သပ်ပေါ့။ အခုဒီနေ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တုန်းက ဖြစ်သွားတဲ့ ပြဿနာကျတော့ ဒီလို လူမျိုးစုချင်းရန်ဖြစ်တဲ့ ပြဿနာမဟုတ်တော့ဘူး။ သူက နိုင်ငံရေးရည်မှန်းချက်တခုအတွက် စခန်းသိမ်းတိုက်ပွဲ ၊ နယ်မြေသိမ်းတိုက်ပွဲ ၊ နယ်မြေတခုကို သိမ်းပိုက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်လာတဲ့ ဟာမျိုးဖြစ်တဲ့အတွက်ကြောင့် အခုပြဿနာက ယခင်ဟာထက် ပိုပြီးတော့ ရှုပ်ထွေးတယ်၊ နက်နဲတယ်။ သေသေချာချာ Plan ချပြီးရှင်းရမယ့်ဟာမျိုးလို့ ဒီလိုအကြမ်းဖျင်းသုံးသပ်လို့ရပါတယ်။

မေး။ ။ အခုနောက်ကြောင်းကို ပြန်မလှည့်ခင်ပေါ့နော် အခုရခိုင်မှာ ဖြစ်ပွားနေတဲ့ ဲ့ ပြဿနာနဲ့ ပတ်သက်ပြီးတော့ ဒီလက်ရှိအစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီးတော့ အခုအတိုက်အခံအဖွဲ့အနေနဲ့ ရှိတဲ့အချိန်မှာ ဘယ်လိုမြင်ပါသလဲ ဒီလက်ရှိအစိုးရရဲ့လုပ်ကိုင်ဆောင်ရွက်နေပုံကို။

ဦးခင်ရီ။ ။သူက အချိန်ကိုက်ဖြစ်ဖို့ လိုတာပေါ့နော် ၊ ဥပမာအားဖြင့် ဒီ ၂၀၁၆ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ နယ်ခြားစောင့်ရဲစခန်း ဌာနချုပ်အပါအဝင် ရဲစခန်း ၂ ခု ၊ အားလုံးပေါင်း ၃ ခုပေါ့နော် အဲဒီ ၃ ခုကိုတိုက်လိုက်တဲ့အခါကျတော့ တိုက်ပြီးချင်း ကျနော်တို့ ဒါကိုသုံးသပ်ကြည့်ပါတယ်။ ဒီတိုက်တာက စခန်း ၃ ခုက တနေရာစီမှာ ရှိတဲ့ စခန်း၃ ခုကို တချိန်တည်း၊ တပြိုင်တည်း attack လုပ်တဲ့ သဘောဖြစ်တယ်။ နောက်ဆုတ်သွားတာတို့ ကျနော်တို့ ဆက်သွယ်ရေးလမ်းကျောင်းတွေကို ပံ့ပိုးတာတို့ ဒီစစ်ဆင်တဲ့ စနစ်တွေက သာမန်လူလုပ်တဲ့ဟာမဟုတ်ဘူး စစ်ပညာနဲ့ ကျွမ်းကျင်တဲ့လူလုပ်တဲ့ဟာလို့ ကျနော်တို့ သုံးသပ်တယ်။ နောက်တချက်ကလည်း တရားဝင်ထုတ်ပြန်ချက်တွေအရ RSO ကိုအခြေခံတဲ့အဖွဲ့ဖြစ်တယ် ဒါကတိုက်ခိုက်ရေးအဖွဲ့ ။ အဲဒီအဖွဲ့ကို အထောက်အကူပြုမယ့် Rohingya National Security Committee ဆိုတဲ့ နိုင်ငံရေးအဖွဲ့လည်းရှိတယ်။ ဒီ ၂ ဖွဲ့ပေါင်းပြီးတော့ ဒီ ကျနော်ထင်ပါတယ် သြဂုတ်လ ၂၉ ရက်နေ့လို့ထင်ပါတယ်Arakan Rohingya Salvation Army ဆိုပြီးတော့ တခုဖွဲ့လိုက်တယ်။ ဒါကကျနော်တို့ နိုင်ငံမှာ ရှိခဲ့တဲ့ အဖွဲ့အစည်းမျိုးမဟုတ်ဘူး။ ဆိုတော့ ဒီဟာကိုခေါင်းဆောင်တဲ့ အဘစ်ဒူရာဆိုတဲ့သူကလည်း ကရာချီဇာတိ၊ အဲဒီမှာမွေးတယ်။ Pakistan မှာသင်တန်း ၆ လတက်တယ် အကြမ်းဖက်သင်တန်း။ ဆော်ဒီနဲ့ မက္ကာမှာ ကြီးပြင်းခဲ့သူဖြစ်တယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်တယ်လို့ပြောတယ်။

အလားတူပဲ ဒီစခန်းကိုတိုက်ပြီးတော့ ထွက်ပြေးသွားတဲ့လူတွေကို ကျနော်တို့ Belgium မှာအခြေစိုက်တဲ့ ICG အဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ရဲ့ တွေ့ဆုံမေးမြန်းခန်းမှာလည်း သူတို့က အကြမ်းဖတ်တဲ့လူနေနဲ့ ချိတ်ဆက်ပါတယ်လို့ပြောတယ်။ နောက်တခါကျနော်က ဘာသွားတွေ့သေးသလဲဆိုတော့ အကြမ်းဖက်သမားတဦးရဲ့ ဖွင့်ဟဝန်ခံချက်ဆိုတာကို ကျနော်ဖတ်လိုက်ရတယ်လေ အဲဒါသူက အရှေ့အလယ်ပိုင်းမှာရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းက အဖွဲ့ဝင်တယောက်ဖြစ်တယ်။

ဟိုဘက်မှာကတော့ ဒီအရှေ့အလယ်ပိုင်းဒေသမှာ ISIS ကနေလို့ထိုင်လို့မရတော့ဘူး Russia တို့ အမေရိကန်တို့ကတိုက်တော့ သူတို့အဖွဲ့ ပြိုကွဲနေတယ်။ ဆိုတော့ အရှေ့တောင်အာရှ ကိုခြေကုတ်အသစ်ယူတယ်။ ဖိလစ်ပိုင်တောင်ပိုင်း ကျွန်းဒေသကိုသူတို့က သဘောကျတယ်၊ မြန်မာပြည်ကိုလည်း သူတို့သဘောကျတယ်။ ဒါတွေကို ဆက်စပ်လိုက်တဲ့အခါကျတော့ ဒါဟာ Terrorist ဖြစ်တယ်၊ အကြမ်းဖက် ဖြစ်တယ်။ ကျနော်တို့ ချက်ချင်း အကြမ်းဖက်ဥပဒေကလည်း တည်ဆဲဥပဒေဖြစ်တော့ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ပြဌာန်းတာကို အဲဒါနဲ့ အရေးယူပေးပါလို့ပြောတာ ၉ လကြာသွားတယ်ခင်ဗျ။ ကျနော်တို့ ပြောခဲ့တာက ၂၀၁၆ အောက်တိုဘာကတည်းက ပြောခဲ့တာ အခုကျနော်တို့ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ မှဆိုတော့ ၉ လာကြာတော့ နောက်ကျတယ်။ အဲဒီတော့ တုံ့ပြန်ချက်တွေက နှေးတယ်လို့ ကျနေ်ာတို့အဲလိုမြင်တယ်။ နောက်ဒုတိယ ဘယ်လိုသုံးသပ်သလဲဆိုတဲ့အခါကျတော့ မြေပြင်လက်ရှိအခြေအနေကို ကျကျနန သိဖို့လိုတယ်လို့ သုံးသပ်ပါတယ်။ နောက် တတိယအချက်က နိုင်ငံတော်အရေးနဲ့ ပတ်သက်လာရင် ကိုယ့်ပါတီ ဟုတ်ဟုတ်မဟုတ်ဟုတ် ၊ ကိုယ့်လူမျိုး ဟုတ်ဟုတ်မဟုတ်ဟုတ် ကောင်းမွန်တဲ့အကြံမျိုးဆိုရင် လက်ခံသင့်တယ် ၊ ဆိုတော့ ဒီလိုလက်မခံခဲ့လို့ ကျနော်တို့နောက်ကျသွားတာ နောက်ပြီး ဆုံးရှုံးမှုတွေဖြစ်တယ် ။အဓိကတော့ ဒီ ၃ ချက်ပါခင်ဗျ။

ရခိုင်ပြည်နယ်မောင်တောဒေသအတွင်း အခြေအနေ တွေနဲ့ ပတ်သက်ပြီးတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီကို ဒေါ်ခင်မျိုးသက်တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG