သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ ေက်ာက္တန္းရြာတိုက္ပဲြ အရပ္သား ၂ ဦး ေသဆံုး


ရခိုင္ေဒသအတြင္း ျဖစ္ပြားေနေသာ စစ္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရေသာ စစ္ေရွာင္မ်ား

စစ္ေရးတင္းမာေနဆဲျဖစ္တဲ့ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တို႔အၾကား မေန႔က ျဖစ္ပြါးတဲ့ ရေသ့ေတာင္ျမိဳ႕နယ္ ေက်ာက္တန္း ေက်းရြာတိုက္ပြဲမွာ ရြာသားႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ေက်ာက္တန္း ေက်းရြာ အတြင္းျမန္မာစစ္တပ္မရွိဘဲ AA ဘက္ကေန ပစ္ခတ္တာလို႔ တပ္မေတာ္ဘက္က ေျပာဆိုေနသလိုAA တာ၀န္ရွိသူေတြနဲ႔ ေဒသခံေတြကေတာ့ ႏွစ္ဘက္တိုက္ပြဲျဖစ္ပြါးေၾကာင္း အတည္ျပဳေျပာပါတယ္။ မေန႔ကတရက္ထဲမွာ ရခိုင္ျပည္နယ္ ရေသ့ေတာင္ ေက်ာက္ေတာ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္ဘက္ေတြမွာ တိုက္ပြဲျဖစ္ခဲ့တယ္လို႔လည္းAA တာ၀န္ရွိသူေတြက ဆိုပါတယ္။ ဒီအေျခအေနေတြကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား ရခိုင္ျပည္နယ္ ရေသ့ေတာင္ ေက်ာက္ေတာ္နဲ႔ ခ်င္းျပည္ နယ္ ပလက္၀ျမိဳ႕နယ္ဘက္ေတြမွာ မေန႔က တိုက္ပြဲျပင္းထန္ျဖစ္ပြါးေနတာပါ။

ရခိုင္ျပည္နယ္ ရေသ့ေတာင္ျမိဳ႕နယ္ ေက်ာက္တန္းေက်းရြာအတြင္း ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ တို႔အၾကား မေန႔ကတိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ AA ျပန္ၾကားေရး တာ၀န္ခံခိုင္သုခကေျပာပါတယ္။

“မေန႔က ရေသ့ေတာင္ျမိဳ႕နယ္ ေက်ာက္တန္းရြာအနီး ပတ္၀န္းက်င္တ၀ိုက္မွာ အဲဒီမွာမနက္ ၉ နာရီ ၄၀ ကစျပီးေတာ့ အဲဒီမွာ ၄ နာရီေလာက္ တိုက္ပြဲျဖစ္ခဲ့တာရွိတယ္။ တိုက္ပြဲကေတာ့ ေတာ္ေတာ္ေလး အျပင္းထန္ျဖစ္တာ။ အဲဒီမွာထိခိုက္က်ဆုံးမႈ အေသးစိတ္က်ေတာ့ မသိရေသးဘူး။”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးကေတာ့ ေက်ာက္တန္းရြာတိုက္ပြဲမွာ AA ဘက္က တဘက္သတ္ပစ္ခတ္တာလို႔ ေျပာပါတယ္။

“အဲဒီေက်ာက္တန္းမွာ က်ေနာ္တို႔တပ္ေတြလည္း မရွိဘူး။ က်ေနာ္ေျမျပင္သတင္းၾကားတာကေတာ့ AA ဟာေက်ာက္ တန္းရြာဘက္၀င္ျပီးေတာ့မွ မင္းတို႔ေကာင္ေတြ တပ္ကို သတင္းေပးရဲရင္ေပးၾကည့္ သတင္းေပးလို႔ရွိရင္ ဆင္ခုန္တိုင္ရြာလိုျဖစ္ရမယ္ ဘာညာ ၾကိမ္းေမာင္းျပီးေတာ့ ပစ္ခတ္သြားတယ္လို႔ သိရတယ္။ အဲဒီလို ပစ္ခတ္သြားတဲ့အတြက္ေၾကာင့္ ရြာသားက အဖြါးၾကီး တေယာက္လား ဘာလားမသိဘူး။ႏွစ္ ေယာက္ေသတယ္။ ႏွစ္ေယာက္ေသတယ္လို႔ က်ေနာ္ သိရတယ္။”

ရေသ့ေတာင္ျမိဳ႕နယ္ ေက်ာက္တန္းေက်းရြာ တိုက္ပြဲျဖစ္ပြါးမႈမွာ ေဒသခံရြာသားေတြလည္း ထိခိုက္ေသဆုံးမႈေတြ ရွိေနတယ္လို႔ ေက်ာက္တန္း ရြာသားတဦးကေျပာပါတယ္။

“မေန႔ကေက်ာက္တန္းအလြန္မွာ ေရစိုးေခ်ာင္းကိုသြားတဲ့ေနရာေလာက္မွာ မနက္ကတည္းကပစ္တာ ေန႔ခင္းဘက္၂ နာရီေလာက္မွ တိုက္ပြဲကနဲနဲနားတယ္ေလ။ ညေနဘက္မွာ မိုးတလင္းဘက္ေလာက္ပစ္တာ။ သူတို႔က ႏွစ္ဘက္ထိ ေတြ႕မႈျဖစ္ျပီးေတာ့ ျမန္မာ့တပ္မေတာ္က ေက်ာက္တန္းရြာကိုဆုတ္လာတယ္။ ေက်ာက္တန္းရြာကို ကာဗာယူျပီးေတာ့ သူတို႔ရြာထဲကေန လက္နက္ၾကီးေတြနဲ႔ ပစ္တယ္။ အဲဒီလိုမ်ိဳး တညလုံး ပစ္ေနတာ။ ေက်ာက္တန္းမွာ ဦးေမာင္မ်ိဳးသာရဲ႕ ေျမးတေယာက္ ေသတယ္လို႔ၾကားတယ္။၁၇ ႏွစ္ရွိတယ္ အဲဒီေကာင္ေလးက။မေန႔ကပစ္ခတ္မႈမွာ အဖြါးၾကီး တေယာက္လည္း အဲဒီလိုမ်ိဳး လက္နက္က်ည္ဆံေတြ က်ျပီးေတာ့ ေၾကာက္ျပီးေတာ့ ေသတာ။ အဲဒီအသုဘကို ဒီေန႔ပို႕တဲ့ လူလည္း မရွိေတာ့ဘူး။

ဒီကေန႔မနက္တိုက္ပြဲမွာ က်န္းမာေရးခ်ိဳ႕ယြင္းေနတဲ့ ေမာင္ေအာင္နိုင္ဆိုတဲ့ အသက္ ၁၇ အရြယ္ လူငယ္တဦးက်ည္သင့္ ေသဆုံးခဲ့သလို မေန႔ကတိုက္ပြဲမွာ အဖြါးအိုတဦး ထိတ္လန္႕ျပီးေသဆုံးတဲ့အထိ ျဖစ္ပြါးခဲ့ပါတယ္။

တိုက္ပြဲျဖစ္ပြါးတဲ့ ေက်ာက္တန္းေရပုတ္ ထီးစြဲ ေအာင္သာစည္ လိုင္ဂြင္စတဲ့ရြာသားေတြလည္း ေဘးလြတ္ရာကို တိမ္းေရွာင္ေနရပါတယ္။

မေန႔ကတရက္ထဲမွာ ေက်ာက္ေတာ္နဲ႔ ခ်င္းျပည္နယ္ပလက္၀ျမိဳ႕နယ္ဘက္ေတြမွာ ႏွစ္ဘက္တ ိုက္ပြဲျဖစ္ပြါးခဲ့ေၾကာင္း AA ေျပာခြင့္ရခိုင္သုခက ေျပာပါတယ္။

“ေက်ာက္ေတာ္ျမိဳ႕နယ္က ဂ်င္းခါးေစ့ရြာနဲ႔ ေက်ာက္ရွိျပင္ရြာအၾကားမွာ အဲဒီမွာ တိုက္ပြဲျဖစ္ခဲ့တာရွိတယ္။ ေနာက္ျပီး ေတာ့ မေန႔ကေအာက္တိုဘာလ ၈ ရက္ေန႔မွာ ပလက္၀ျမိဳ႕နယ္ နယ္စပ္မွတ္တိုင္ ၇၁ ေပါ့ေနာ္ အဲဒီရဲ႕ေတာင္ဘက္၁ ကီလိုမိီတာခြဲအကြာမွာရွိတဲ့ ပြိဳင္ ၈၂၅ ေတာင္ကုန္းေပါ့ေနာ္။ အဲဒီမွာတိုက္ပြဲျဖစ္ခဲ့တာ ရွိတယ္။

အေနာက္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးက အဲဒီဘက္မွာတိုက္ပြဲျဖစ္ပြါးတာ မရွိေၾကာင္း ေျပာပါတယ္။

ရေသ့ေတာင္ျမိဳ႕နယ္ထဲက ဆင္ခုန္းတိုင္မြတ္ဆလင္ရြာထဲကို ေအာက္တိုဘာ ၆ ရက္ေန႔က ရခိုင္စကားေျပာ လက္ နက္ကိုင္အဖြဲ႕ ၇ ဦးကေန ၀င္ေရာက္လာျပီး ေရႊေငြေတြအပါ၀င္ အိမ္ေတြကိုဖ်က္စီးမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ကေန ရဲဇာနည္၀က္ဆိုက္မွာ သတင္းထုတ္ျပန္ထားပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ေျပာခြင့္ရဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးကေတာ့ ဒီျဖစ္စဥ္မွာ AA အဖြဲ႕လုပ္ေဆာင္ခ်က္ျဖစ္ျပီး တပ္မေတာ္အင္အားကိုခြဲထုတ္တဲ့လုပ္ရပ္လို႔ ျမင္ပါတယ္။

“ ၆ ရက္ေန႔ညမွာ ဒီေကာင္ေတြ ဆင္ခုန္တိုင္ကို၀င္ျပီးေတာ့မွ ေရႊ ၅ က်ပ္သားရယ္ ေနာက္ပိုက္ဆံက ရွစ္ သိန္း ေလာက္ ေပါ့။ အဲဒီဆင္ခုန္တိုင္ကုလားရြာက အိမ္ေထာင္စု ၄ စုေလာက္ကေနျပီးေတာ့ ျပီးရင္ႏြား ၂ ေကာင္ကို သတ္ျပီးေတာ့ ဒီေကာင္ေတြ ယူသြားတယ္။၇ ရက္ေန႔မွာ အဲဒီဆင္ခုန္တိုင္ရြာက လူေတြကေနျပီးေတာ့မွ က်ေနာ္တို႔ နယ္ျခားေစာင့္ တပ္ကို လာတိုင္တယ္။ လာအမႈဖြင့္တာေပါ့။ လာတိုင္ရေကာင္းလားဆိုျပီးေတာ့မွ၇ ရက္ေန႔ညမွာပဲ ဆင္ခုန္တိုင္ရြာ နဲ႔ ကုလားရြာနဲ႔ ရခိုင္ရြာအၾကားမွာ လြန္ေတာင္ဆိုတဲ့ ရြာရွိတယ္။ အိမ္ေျခ ၃၀ ေလာက္ရွိတယ္။ အိမ္ဒီရြာကိုျပန္၀င္ျပီးေတာ့မွ အိမ္ေတြကိုဒါးေလးနဲ႔ ခုတ္သြားတယ္။ အမိုးေတြကို ဖ်က္သြားတယ္။ အခုကက်ေနာ္တို႔ ဥယ်ာဥ္သာတို႔ ေခါင္းတိုက္တို႔ ႏြားရံုေတာင္တို႔အနားမွာပိတ္ျပီးေတာ့ ထိုင္ထားတာျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဒီေကာင္ေတြစက္ေလွနဲ႔ တက္သြားလို႔မရေတာ့ဘူး။ တပ္ေတြကို ျဖဲထုတ္တယ္လို႔ က်ေနာ္ထင္တယ္။ အဲတာေၾကာင့္မို႕လို႔လည္း ကုလားရြာ ေတြကို လိုက္ျပီးေတာ့ ဒါမ်ိဳးလိုက္လုပ္တယ္လို႔ျမင္တယ္။”

တပ္မေတာ္ဘက္က စြပ္စြဲသလို ေရႊေငြေတြအပါ၀င္ အိမ္ေတြကိုဖ်က္စီးမႈလုပ္ရပ္ဟာAA အဖြဲ႕နဲ႔ မပက္သက္ေၾကာင္းAA ေျပာခြင့္ရခိုင္သုခကေျပာပါတယ္။

“က်ေနာ္တို႔ ရခိုင္တပ္ေတာ္တပ္ဖြဲ႕ေတြက ဒီမူဆလင္ရြာနဲ႔ က်ေနာ္တို႔ နီးနီးကပ္ကပ္ လႈပ္ရွားလာတဲ့ဥစၥာက က်ေနာ္တို႔ ႏွစ္နဲ႔ခ်ီျပီးရွိေနျပီ။ ဘာျပႆနာမွမရွိဘူး။ အခုကဗမာစစ္တပ္ဘက္ကေနျပီးေတာ့ ဒီေအာက္လမ္းနည္းေတြ သုံးျပီးေတာ့မွ ဒီမူဆလင္ေတြနဲ႔ ရခိုင္ေတြၾကားမွာ လူမ်ိဳးေရး ပဋိပကၡျဖစ္လာေအာင္ သူတို႔ဒါ ဖန္တီးခ်င္တဲ့အတြက္ ေၾကာင့္မို႕လို႔ ဒီဟာကို သူတို႔လုပ္ေဆာင္တယ္လို႔ က်ေနာ္တို႔ကေတာ့အဲဒီလိုပဲ သုံးသပ္တယ္ဗ်။”

ဆင္ခုန္းတိုင္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးအဖြဲ႕၀င္စာေရး ဦးဘေစာကေတာ့ ဒီျဖစ္စဥ္နဲ႔ ပတ္သက္ျပီးဆင္ခုန္းတိုင္ မြတ္ဆလင္ရြာအုပ္ခ်ဳပ္ေရးမွဴးကို ဆက္သြယ္ခ်က္အရ သူတို႔ရြာသားအခ်င္းခ်င္း ျပႆနာျဖစ္ပြါးတာလို႔ ေျပာဆိုေၾကာင္း အခုလိုေျပာပါတယ္။

“အုပ္ခ်ဳပ္ေရးမွဴးကို က်ေနာ္လွမ္းဆက္ပါတယ္။ က်ေနာ္အေပၚနဲ႔အထက္ လူၾကီးေတြက ေျပာတယ္။ အုပ္ခ်ဳပ္ေရးမွဴးေတြက ေနျပီးေတာ့ က်ေနာ္လွမ္းေမးတယ္။ အုပ္ခ်ဳပ္ေရးမွဴးက သူတို႔အခ်င္းခ်င္းျဖစ္တာလို႔ ေျပာပါတယ္။ သူတို႔ရြာမွာ သူတို႔ မူဆလင္အခ်င္းခ်င္းျဖစ္တာ။ အဲဒီလိုေျပာပါတယ္။”

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕တို႔အၾကား တိုက္ပြဲေတြ ရက္ဆက္ျဖစ္ပြါးေနသလို တိုက္ပြဲျဖစ္စဥ္အတြင္း အရပ္သားေတြ ထိခိုက္ေသဆုံးမႈေတြကလည္း တိုးပြါးလာေနပါတယ္။

[Unicode Version]

စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့အကြား မနေ့က ဖြစ်ပွါးတဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာတိုက်ပွဲမှာ ရွာသား နှစ် ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျောက်တန်း ကျေးရွာ အတွင်းမြန်မာစစ်တပ်မရှိဘဲ AA ဘက်ကနေ ပစ်ခတ်တာလို့ တပ်မတော်ဘက်က ပြောဆိုနေသလို AA တာဝန်ရှိသူတွေနဲ့ ဒေသခံတွေကတော့ နှစ်ဘက်တိုက်ပွဲဖြစ်ပွါးကြောင်း အတည်ပြုပြောပါတယ်။ မနေ့ကတရက်ထဲမှာ ရခိုင်ပြည်နယ် ရသေ့တောင် ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်တွေမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း AA တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ရခိုင်ပြည်နယ် ရသေ့တောင် ကျောက်တော်နဲ့ ချင်းပြည် နယ် ပလက်ဝမြို့နယ်ဘက်တွေမှာ မနေ့က တိုက်ပွဲပြင်းထန်ဖြစ်ပွါးနေတာပါ။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တို့အကြား မနေ့ကတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ AA ပြန်ကြားရေးတာဝန်ခံခိုင်သုခကပြောပါတယ်။

“မနေ့က ရသေ့တောင်မြို့နယ် ကျောက်တန်းရွာအနီး ပတ်ဝန်းကျင်တဝိုက်မှာ အဲဒီမှာမနက် ၉ နာရီ ၄၀ ကစပြီးတော့ အဲဒီမှာ ၄ နာရီလောက် တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ တိုက်ပွဲကတော့ တော်တော်လေး အပြင်းထန်ဖြစ်တာ။ အဲဒီမှာထိခိုက်ကျဆုံးမှု အသေးစိတ်ကျတော့ မသိရသေးဘူး။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ကျောက်တန်းရွာတိုက်ပွဲမှာ AA ဘက်က တဘက်သတ်ပစ်ခတ်တာလို့ ပြောပါတယ်။

“အဲဒီကျောက်တန်းမှာ ကျနော်တို့တပ်တွေလည်း မရှိဘူး။ ကျနော်မြေပြင်သတင်းကြားတာကတော့ AA ဟာကျောက် တန်းရွာဘက်ဝင်ပြီးတော့မှ မင်းတို့ကောင်တွေ တပ်ကို သတင်းပေးရဲရင်ပေးကြည့် သတင်းပေးလို့ရှိရင် ဆင်ခုန်တိုင်ရွာလိုဖြစ်ရမယ် ဘာညာ ကြိမ်းမောင်းပြီးတော့ ပစ်ခတ်သွားတယ်လို့ သိရတယ်။ အဲဒီလို ပစ်ခတ်သွားတဲ့အတွက်ကြောင့် ရွာသားက အဖွါးကြီး တယောက်လား ဘာလားမသိဘူး။ နှစ် ယောက်သေတယ်။ နှစ်ယောက်သေတယ်လို့ ကျနော် သိရတယ်။”

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ တိုက်ပွဲဖြစ်ပွါးမှုမှာ ဒေသခံရွာသားတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ကျောက်တန်း ရွာသားတဦးကပြောပါတယ်။

“မနေ့ကကျောက်တန်းအလွန်မှာ ရေစိုးချောင်းကိုသွားတဲ့နေရာလောက်မှာ မနက်ကတည်းကပစ်တာ နေ့ခင်းဘက် ၂ နာရီလောက်မှ တိုက်ပွဲကနဲနဲနားတယ်လေ။ ညနေဘက်မှာ မိုးတလင်းဘက်လောက်ပစ်တာ။ သူတို့က နှစ်ဘက်ထိ တွေ့မှုဖြစ်ပြီးတော့ မြန်မာ့တပ်မတော်က ကျောက်တန်းရွာကိုဆုတ်လာတယ်။ ကျောက်တန်းရွာကို ကာဗာယူပြီးတော့ သူတို့ရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အဲဒီလိုမျိုး တညလုံး ပစ်နေတာ။ ကျောက်တန်းမှာ ဦးမောင်မျိုးသာရဲ့ မြေးတယောက် သေတယ်လို့ကြားတယ်။ ၁၇ နှစ်ရှိတယ် အဲဒီကောင်လေးက။ မနေ့ကပစ်ခတ်မှုမှာ အဖွါးကြီး တယောက်လည်း အဲဒီလိုမျိုး လက်နက်ကျည်ဆံတွေ ကျပြီးတော့ ကြောက်ပြီးတော့ သေတာ။ အဲဒီအသုဘကို ဒီနေ့ပို့တဲ့ လူလည်း မရှိတော့ဘူး။
ဒီကနေ့မနက်တိုက်ပွဲမှာ ကျန်းမာရေးချို့ယွင်းနေတဲ့ မောင်အောင်နိုင်ဆိုတဲ့ အသက် ၁၇ အရွယ် လူငယ်တဦးကျည်သင့် သေဆုံးခဲ့သလို မနေ့ကတိုက်ပွဲမှာ အဖွါးအိုတဦး ထိတ်လန့်ပြီးသေဆုံးတဲ့အထိ ဖြစ်ပွါးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွါးတဲ့ ကျောက်တန်းရေပုတ် ထီးစွဲ အောင်သာစည် လိုင်ဂွင်စတဲ့ရွာသားတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။
မနေ့ကတရက်ထဲမှာ ကျောက်တော်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်ဘက်တွေမှာ နှစ်ဘက်တ ိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း AA ပြောခွင့်ရခိုင်သုခက ပြောပါတယ်။

“ကျောက်တော်မြို့နယ်က ဂျင်းခါးစေ့ရွာနဲ့ ကျောက်ရှိပြင်ရွာအကြားမှာ အဲဒီမှာ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ နောက်ပြီး တော့ မနေ့ကအောက်တိုဘာလ ၈ ရက်နေ့မှာ ပလက်ဝမြို့နယ် နယ်စပ်မှတ်တိုင် ၇၁ ပေါ့နော် အဲဒီရဲ့တောင်ဘက် ၁ ကီလိုမီတာခွဲအကွာမှာရှိတဲ့ ပွိုင် ၈၂၅ တောင်ကုန်းပေါ့နော်။ အဲဒီမှာတိုက်ပွဲဖြစ်ခဲ့တာ ရှိတယ်။"

အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အဲဒီဘက်မှာတိုက်ပွဲဖြစ်ပွါးတာ မရှိကြောင်း ပြောပါတယ်။
ရသေ့တောင်မြို့နယ်ထဲက ဆင်ခုန်းတိုင်မွတ်ဆလင်ရွာထဲကို အောက်တိုဘာ ၆ ရက်နေ့က ရခိုင်စကားပြော လက် နက်ကိုင်အဖွဲ့ ၇ ဦးကနေ ဝင်ရောက်လာပြီး ရွှေငွေတွေအပါဝင် အိမ်တွေကိုဖျက်စီးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ ရဲဇာနည်ဝက်ဆိုက်မှာသတင်းထုတ်ပြန်ထားပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြောခွင့်ရဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ဒီဖြစ်စဉ်မှာ AA အဖွဲ့လုပ်ဆောင်ချက်ဖြစ်ပြီး တပ်မတော်အင်အားကိုခွဲထုတ်တဲ့လုပ်ရပ်လို့ မြင်ပါတယ်။

“ ၆ ရက်နေ့ညမှာ ဒီကောင်တွေ ဆင်ခုန်တိုင်ကိုဝင်ပြီးတော့မှ ရွှေ ၅ ကျပ်သားရယ် နောက်ပိုက်ဆံက ရှစ် သိန်း လောက် ပေါ့။ အဲဒီဆင်ခုန်တိုင်ကုလားရွာက အိမ်ထောင်စု ၄ စုလောက်ကနေပြီးတော့ ပြီးရင်နွား ၂ ကောင်ကို သတ်ပြီးတော့ ဒီကောင်တွေ ယူသွားတယ်။ ၇ ရက်နေ့မှာ အဲဒီဆင်ခုန်တိုင်ရွာက လူတွေကနေပြီးတော့မှ ကျနော်တို့ နယ်ခြားစောင့် တပ်ကို လာတိုင်တယ်။ လာအမှုဖွင့်တာပေါ့။ လာတိုင်ရကောင်းလားဆိုပြီးတော့မှ ၇ ရက်နေ့ညမှာပဲ ဆင်ခုန်တိုင်ရွာ နဲ့ ကုလားရွာနဲ့ ရခိုင်ရွာအကြားမှာ လွန်တောင်ဆိုတဲ့ ရွာရှိတယ်။ အိမ်ခြေ ၃၀ လောက်ရှိတယ်။ အိမ်ဒီရွာကိုပြန်ဝင်ပြီးတော့မှ အိမ်တွေကိုဒါးလေးနဲ့ ခုတ်သွားတယ်။ အမိုးတွေကို ဖျက်သွားတယ်။ အခုကကျနော်တို့ ဥယျာဉ်သာတို့ ခေါင်းတိုက်တို့ နွားရုံတောင်တို့အနားမှာပိတ်ပြီးတော့ ထိုင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကောင်တွေစက်လှေနဲ့ တက်သွားလို့မရတော့ဘူး။ တပ်တွေကို ဖြဲထုတ်တယ်လို့ ကျနော်ထင်တယ်။ အဲတာကြောင့်မို့လို့လည်း ကုလားရွာ တွေကို လိုက်ပြီးတော့ ဒါမျိုးလိုက်လုပ်တယ်လို့မြင်တယ်။”

တပ်မတော်ဘက်က စွပ်စွဲသလို ရွှေငွေတွေအပါဝင် အိမ်တွေကိုဖျက်စီးမှုလုပ်ရပ်ဟာ AA အဖွဲ့နဲ့ မပက်သက်ကြောင်း AA ပြောခွင့်ရခိုင်သုခကပြောပါတယ်။
“ကျနော်တို့ ရခိုင်တပ်တော်တပ်ဖွဲ့တွေက ဒီမူဆလင်ရွာနဲ့ ကျနော်တို့ နီးနီးကပ်ကပ် လှုပ်ရှားလာတဲ့ဥစ္စာက ကျနော်တို့ နှစ်နဲ့ချီပြီးရှိနေပြီ။ ဘာပြဿနာမှမရှိဘူး။ အခုကဗမာစစ်တပ်ဘက်ကနေပြီးတော့ ဒီအောက်လမ်းနည်းတွေ သုံးပြီးတော့မှ ဒီမူဆလင်တွေနဲ့ ရခိုင်တွေကြားမှာ လူမျိုးရေး ပဋိပက္ခဖြစ်လာအောင် သူတို့ဒါ ဖန်တီးချင်တဲ့အတွက် ကြောင့်မို့လို့ ဒီဟာကို သူတို့လုပ်ဆောင်တယ်လို့ ကျနော်တို့ကတော့အဲဒီလိုပဲ သုံးသပ်တယ်ဗျ။”

ဆင်ခုန်းတိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်စာရေး ဦးဘစောကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးဆင်ခုန်းတိုင် မွတ်ဆလင်ရွာအုပ်ချုပ်ရေးမှူးကို ဆက်သွယ်ချက်အရ သူတို့ရွာသားအချင်းချင်း ပြဿနာဖြစ်ပွါးတာလို့ ပြောဆိုကြောင်း အခုလိုပြောပါတယ်။
“အုပ်ချုပ်ရေးမှူးကို ကျနော်လှမ်းဆက်ပါတယ်။ ကျနော်အပေါ်နဲ့အထက် လူကြီးတွေက ပြောတယ်။ အုပ်ချုပ်ရေးမှူးတွေက နေပြီးတော့ ကျနော်လှမ်းမေးတယ်။ အုပ်ချုပ်ရေးမှူးက သူတို့အချင်းချင်းဖြစ်တာလို့ ပြောပါတယ်။ သူတို့ရွာမှာ သူတို့ မူဆလင်အချင်းချင်းဖြစ်တာ။ အဲဒီလိုပြောပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွါးနေသလို တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေကလည်း တိုးပွါးလာနေပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG