သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Amphan မုန္တိုင္းေၾကာင့္ မိုးျပင္းေနတဲ့ ရခိုင္ေျမာက္ပိုင္းမွာ စစ္ေရွာင္ေတြ ေနေရးခက္ခဲေန


ရခိုင္ေျမာက္ပိုင္းမွ စစ္ေရွာင္စခန္းတခ်ိဳ႕ (ဓာတ္ပံု - ကိုယ္ေတာ္သဘာ၀နဒီ)

(Zawgyi/Unicode)

အခုရက္ပိုင္းအတြင္းမွာ မိုးရြာသြန္းမႈေတြ ရွိေနတာေၾကာင့္ ရခိုင္ေျမာက္ပိုင္းက စစ္ေရွာင္စခန္းေတြက စစ္ေရွာင္ေတြရဲ႕ အေျခအေနေတြကို ေျပာျပေပးခ်င္ပါတယ္။ ဒီအေၾကာင္းဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ျပေပးပါမယ္။

အခု နာရီပိုင္းအတြင္းမွာ အင္အားျပင္းထန္တဲ့ Amphan ဆိုက္ကလုန္းမုန္တိုင္းဟာ ဘဂၤလားပင္လယ္ေအာ္ထဲကေန ကုန္းတြင္းပိုင္း ၀င္ေရာက္တာမွာမို႔ ရခိုင္ေျမာက္ပိုင္းကမ္းရိုးတန္းတေလွ်ာက္မွာ မိုးသက္ေလျပင္းက်ၿပီး မိုးသည္းထန္ဖို႔ ရိွေနပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာလည္း ရခိုင္ေျမာက္ပိုင္းမွာ မိုးရြာသြန္းေတာေတြ ေလျပင္းတိုက္တာေတြ ရွိေနတာေၾကာင့္ စစ္ေရွာင္စခန္းတခ်ိဳ႕မွာ စစ္ေရွာင္ေတြအေနနဲ႔ ေနထိုင္ဖို႔ ခက္ခဲေနၾကရတယ္လို႔ စစ္ေရွာင္ေတြက ေျပာဆိုၾကပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ စစ္ေရွာင္စခန္းတခ်ိဳ႕ (ဓာတ္ပံု - ကိုယ္ေတာ္သဘာ၀နဒီ)
ရခိုင္ေျမာက္ပိုင္းမွာ စစ္ေရွာင္စခန္းတခ်ိဳ႕ (ဓာတ္ပံု - ကိုယ္ေတာ္သဘာ၀နဒီ)

လူ ဦးေထာင္ေက်ာ္ေနထိုင္တဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္က ေညာင္ေခ်ာင္းစစ္ေရွာင္စခန္းမွာ မိုးမရြာခင္ကတည္းက အေဆာင္ေတြ ေဆာက္လုပ္ေပမယ့္ အေဆာင္ေတြမွာ အမိုးေလာက္သာရွိၿပီး အကာေတြ မရွိေသးသလို ရုတ္တရက္ မိုးရြာသြန္းတာေၾကာင့္ စစ္ေရွာင္ေတြ ေနဖို႔ ခက္ခဲေနတယ္လို႔ စစ္ေရွာင္စခန္းတာဝန္ခံ ကိုခိုင္မ်ိဳးေအာင္က ေျပာပါတယ္။

"အဓိကေတာ့ က်ေနာ္တို႔ မိုးရြာလာတာနဲ႔ ေနရထိုင္ရ အိပ္ရတာ အဆင္မေျပဘူး။ တခ်ိဳ႕ ကေလးေတြ ရွိတဲ့ မိသားစုေတြ ဆိုရင္ ကေလးေတြကို တျခားအိမ္ေတြကို ေျပာင္းၿပီးေတာ့ အိပ္ရတာေတြ ရွိတယ္။ က်ေနာ္တို႔ ေပးထားတဲ့ အေဆာင္ေတြကလည္း အမိုးပဲ လံုေတာ့ အကာမရွိေတာ့ ပိုၿပီးေတာ့ ခက္တာေတာ့ အဲတာေၾကာင့္ သူတို႔က ညဘက္ဆိုရင္ တစ္ျခားအကာအမိုးေတြ ရွိတဲ့ အိမ္ေတြမွာ ဝင္ၿပီးေတာ့ အစုလိုက္ အိပ္ၾကရတယ္။"

ဒါအျပင့္ ေျမပံုၿမိဳ႕နယ္အတြင္းမွာ ရွိတဲ့ စညင္းစစ္ေရွာင္စခန္း ကိုင္းႀကီးစစ္ေရွာင္စခန္းနဲ႔ တစ္ျခားစစ္ေရွာင္စခန္းေတြမွာ မိုးရြာတာ တစ္ခုတည္း မဟုတ္ဘဲ ေလျပင္းပါ တိုက္ခတ္တာေၾကာင့္ ရွိတဲ့တဲေတြကို ႀကိဳးတုတ္ၿပီးေတာ့ ျဖစ္သလို ေနထိုင္ေနရတယ္လို႔ ကိုင္းႀကီး စစ္ေရွာင္စခန္းတာဝန္ခံ ကိုေရႊစိုးက ေျပာပါတယ္။

"ေလလည္းတိုက္တယ္၊ မိုးလည္း ရြာတယ္ဆိုေတာ့ စခန္းမွာေနရတာ ဘယ္လိုမွ အဆင္မေျပဘူး။ စစ္ေရွာင္စခန္းက တာေဘာ္လိပ္မိုး၊ တာေဘာ္လိပ္ကာဆိုေတာ့ ေအာက္က ေရစုိတာတို႔ ေလတိုက္ရင္လည္း ကြာသြားတာတို႔ ရွိတယ္ေလ အခုလက္ရွိကေတာ့ တဲေတြကို ႀကိဳးေတြနဲ႔ တုတ္ၿပီးေတာ့ ေနတာေပါ့။ အိပ္ရတာလည္း အဆင္မေျပဘူး။ ကေလးေတြေရာ လူႀကီးေတြေရာ ျဖစ္သလို ေနေနရတယ္ဗ်ာ။ က်ေနာ္တို႔ စဥ္းစားထားတာကေတာ့ မိုးခို မယ့္ အိမ္ေတြ ေဆာက္မယ္လို႔ ဒါေပမဲ့ ေငြမရွိေတာ့ ဘာမွလုပ္လို႔မရဘူး။"

လက္ရွိအခ်ိန္မွာ ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ေပၚေနတဲ့ အလြန္အားေကာင္းတဲ့ ဆိုင္ကလုန္းမုန္တိုင္းဟာလည္းအိႏၵိယနဲ႔ ဘဂၤလားေဒ့ရ္ွႏိုင္ငံကုန္းတြင္းပိုင္း ၀င္ေရာက္မယ္လို႔ ခန္႔မွန္းထားေပမဲ့ ကမ္းရိုးတန္းေဒသျဖစ္တဲ့ ရခိုင္ေျမာက္ပိုင္းကိုလည္း ရိုက္ခတ္မႈရိွမယ္လို႔ျမန္မာႏိုင္ငံ မိုးဇလက ထုတ္ျပန္ထားပါတယ္။

လက္ရွိအခ်ိန္ထိ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္တစ္ခ်ိဳ႕မွာ အင္တာနက္လိုင္းေတြလည္း ျဖတ္ေတာက္ထားသလို COVID-19 ေရာဂါျဖစ္ပြားေနခ်ိန္ျဖစ္တာေၾကာင့္ ရခိုင္ေျမာက္ပိုင္းမွာ ရွိတဲ့ စစ္ေရွာင္စခန္းေတြမွာ မုန္တိုင္းနဲ႔ ပတ္သတ္ၿပီး ႀကိဳတင္လုပ္ေဆာင္ဖို႔ ခက္ခဲေနတယ္လို႔ ရခိုင္ျပည္နယ္ သာဘာဝေဘးအႏၱရာယ္စီမံခန္႔ခြဲေရးဦးစီးဌာန ဦးစီးအရာရွိ ဦးရဲမင္းဦးက ေျပာပါတယ္။

"ေလာေလာဆယ္ လက္တေလာကေတာ့ COVID -19 ေရာဂါလည္း ရွိေနေတာ့ ေနာက္ၿပီးေတာ့ မုန္တိုင္းေဘး အႏၱာရယ္ကလည္းရွိေနေတာ့ ယခင္ကေတာ့ က်ေနာ္တို႔ကေတာ့ သင္တန္းတို႔ဘာတို႔ လုပ္ၿပီးေတာ့ စီမံခ်က္ ေတြေရးဆြဲတာေတြ လုပ္ခဲ့တယ္။ အခုအေနအထားမွာေတာ့ ဒါေတြကို နယ္ေျမဆင္းၿပီးေတာ့ ျပည္သူေတြ ကိုအသိပညာေပးဖို႔ဆိုတာက မလြယ္ဘူးေလ။ မုန္တိုင္းကာလ ကုတ္ေတြ အဝါေရာင္ အနီေရာင္ အညိဳေရာင္ အစိမ္းေရာင္ ဆိုၿပီးေတာင္မွ ျပည္သူေတြ သိဖို႔မလြယ္ဘူးေလ။ ေရာဂါကတစ္မ်ိဳး စစ္ေဘးကတစ္မ်ိဳးဆိုေတာ့ အခက္အခဲကေတာ့ ရွိေနတာပဲေလ။ ဘာပဲျဖစ္ျဖစ္ဗ်ာ က်ေနာ္တို႔ကေတာ့ အေကာင္းဆံုးျဖစ္ေအာင္ ေဆာင္ရြက္ရမွာပဲ ေဆာင္ရြက္ေပးဖို႔လည္း တာဝန္ရွိတာေပါ့။"

ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးလာၾကတဲ့ စစ္ေရွာင္ဦးေရဟာ ၁၆၀,၀၀၀ ေက်ာ္ အထိရွိလာတယ္လို႔ စစ္ေရွာင္ေတြကို စာရင္းေကာက္ယူေနတဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအရံုး (REC) က ထုတ္ျပန္ထားၿပီး အစိုးရရဲ႕ စာရင္းမွာေတာ့ ဧၿပီလ ၂၁ ရက္ေန႔အထိ စစ္ေရွာင္ဦးေရ ၇၀,၀၀၀ ေလာက္သာ ရွိေနတာပါ။

ရခိုင္ျပည္နယ္အတြင္းမွာ လက္ရွိအခ်ိန္ထိ တိုက္ပြဲေတြလည္း ျပင္းထန္ေနသလို တိုက္ပြဲေတြေၾကာင့္ စစ္ေရွာင္စခန္းေတြကို ေရာက္ရွိေနၾကတဲ့ စစ္ေဘးဒုကၡသည္ေတြကေတာ့ စားဝတ္ေနေရးအတြက္ စုိးရိမ္ရသလို လက္ရွိဝင္ေရာက္ဖို႔ရွိေနတဲ့ အားျပင္း ဆိုင္ကလုန္းမုန္တိုင္းကိုလည္း စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Amphan မုန်တိုင်းကြောင့် မိုးပြင်းနေတဲ့ ရခိုင်မြောက်ပိုင်းမှာ စစ်ရှောင်တွေ နေရေးခက်ခဲနေ

အခုရက်ပိုင်းအတွင်းမှာ မိုးရွာသွန်းမှုတွေ ရှိနေတာကြောင့် ရခိုင်မြောက်ပိုင်းက စစ်ရှောင်စခန်းတွေက စစ်ရှောင်တွေရဲ့ အခြေအနေတွေကို ပြောပြပေးချင်ပါတယ်။ ဒီအကြောင်းဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြပေးပါမယ်။

အခု နာရီပိုင်းအတွင်းမှာ အင်အားပြင်းထန်တဲ့ Amphan ဆိုက်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ထဲကနေ ကုန်းတွင်းပိုင်း ဝင်ရောက်တာမှာမို့ ရခိုင်မြောက်ပိုင်းကမ်းရိုးတန်းတလျှောက်မှာ မိုးသက်လေပြင်းကျပြီး မိုးသည်းထန်ဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း ရခိုင်မြောက်ပိုင်းမှာ မိုးရွာသွန်းတောတွေ လေပြင်းတိုက်တာတွေ ရှိနေတာကြောင့် စစ်ရှောင်စခန်းတချို့မှာ စစ်ရှောင်တွေအနေနဲ့ နေထိုင်ဖို့ ခက်ခဲနေကြရတယ်လို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။

လူ ဦးထောင်ကျော်နေထိုင်တဲ့ ကျောက်တော်မြို့နယ်က ညောင်ချောင်းစစ်ရှောင်စခန်းမှာ မိုးမရွာခင်ကတည်းက အဆောင်တွေ ဆောက်လုပ်ပေမယ့် အဆောင်တွေမှာ အမိုးလောက်သာရှိပြီး အကာတွေ မရှိသေးသလို ရုတ်တရက် မိုးရွာသွန်းတာကြောင့် စစ်ရှောင်တွေ နေဖို့ ခက်ခဲနေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

"အဓိကတော့ ကျနော်တို့ မိုးရွာလာတာနဲ့ နေရထိုင်ရ အိပ်ရတာ အဆင်မပြေဘူး။ တချို့ ကလေးတွေ ရှိတဲ့ မိသားစုတွေ ဆိုရင် ကလေးတွေကို တခြားအိမ်တွေကို ပြောင်းပြီးတော့ အိပ်ရတာတွေ ရှိတယ်။ ကျနော်တို့ ပေးထားတဲ့ အဆောင်တွေကလည်း အမိုးပဲ လုံတော့ အကာမရှိတော့ ပိုပြီးတော့ ခက်တာတော့ အဲတာကြောင့် သူတို့က ညဘက်ဆိုရင် တစ်ခြားအကာအမိုးတွေ ရှိတဲ့ အိမ်တွေမှာ ဝင်ပြီးတော့ အစုလိုက် အိပ်ကြရတယ်။"

ဒါအပြင့် မြေပုံမြို့နယ်အတွင်းမှာ ရှိတဲ့ စညင်းစစ်ရှောင်စခန်း ကိုင်းကြီးစစ်ရှောင်စခန်းနဲ့ တစ်ခြားစစ်ရှောင်စခန်းတွေမှာ မိုးရွာတာ တစ်ခုတည်း မဟုတ်ဘဲ လေပြင်းပါ တိုက်ခတ်တာကြောင့် ရှိတဲ့တဲတွေကို ကြိုးတုတ်ပြီးတော့ ဖြစ်သလို နေထိုင်နေရတယ်လို့ ကိုင်းကြီး စစ်ရှောင်စခန်းတာဝန်ခံ ကိုရွှေစိုးက ပြောပါတယ်။

"လေလည်းတိုက်တယ်၊ မိုးလည်း ရွာတယ်ဆိုတော့ စခန်းမှာနေရတာ ဘယ်လိုမှ အဆင်မပြေဘူး။ စစ်ရှောင်စခန်းက တာဘော်လိပ်မိုး၊ တာဘော်လိပ်ကာဆိုတော့ အောက်က ရေစိုတာတို့ လေတိုက်ရင်လည်း ကွာသွားတာတို့ ရှိတယ်လေ အခုလက်ရှိကတော့ တဲတွေကို ကြိုးတွေနဲ့ တုတ်ပြီးတော့ နေတာပေါ့။ အိပ်ရတာလည်း အဆင်မပြေဘူး။ ကလေးတွေရော လူကြီးတွေရော ဖြစ်သလို နေနေရတယ်ဗျာ။ ကျနော်တို့ စဉ်းစားထားတာကတော့ မိုးခို မယ့် အိမ်တွေ ဆောက်မယ်လို့ ဒါပေမဲ့ ငွေမရှိတော့ ဘာမှလုပ်လို့မရဘူး။"

လက်ရှိအချိန်မှာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာလည်းအိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကုန်းတွင်းပိုင်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားပေမဲ့ ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်မြောက်ပိုင်းကိုလည်း ရိုက်ခတ်မှုရှိမယ်လို့မြန်မာနိုင်ငံ မိုးဇလက ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းက မြို့နယ်တစ်ချို့မှာ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားသလို COVID-19 ရောဂါဖြစ်ပွားနေချိန်ဖြစ်တာကြောင့် ရခိုင်မြောက်ပိုင်းမှာ ရှိတဲ့ စစ်ရှောင်စခန်းတွေမှာ မုန်တိုင်းနဲ့ ပတ်သတ်ပြီး ကြိုတင်လုပ်ဆောင်ဖို့ ခက်ခဲနေတယ်လို့ ရခိုင်ပြည်နယ် သာဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောပါတယ်။

"လောလောဆယ် လက်တလောကတော့ COVID -19 ရောဂါလည်း ရှိနေတော့ နောက်ပြီးတော့ မုန်တိုင်းဘေး အန္တာရယ်ကလည်းရှိနေတော့ ယခင်ကတော့ ကျနော်တို့ကတော့ သင်တန်းတို့ဘာတို့ လုပ်ပြီးတော့ စီမံချက် တွေရေးဆွဲတာတွေ လုပ်ခဲ့တယ်။ အခုအနေအထားမှာတော့ ဒါတွေကို နယ်မြေဆင်းပြီးတော့ ပြည်သူတွေ ကိုအသိပညာပေးဖို့ဆိုတာက မလွယ်ဘူးလေ။ မုန်တိုင်းကာလ ကုတ်တွေ အဝါရောင် အနီရောင် အညိုရောင် အစိမ်းရောင် ဆိုပြီးတောင်မှ ပြည်သူတွေ သိဖို့မလွယ်ဘူးလေ။ ရောဂါကတစ်မျိုး စစ်ဘေးကတစ်မျိုးဆိုတော့ အခက်အခဲကတော့ ရှိနေတာပဲလေ။ ဘာပဲဖြစ်ဖြစ်ဗျာ ကျနော်တို့ကတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရမှာပဲ ဆောင်ရွက်ပေးဖို့လည်း တာဝန်ရှိတာပေါ့။"

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ရှောင်ဦးရေဟာ ၁၆၀,၀၀၀ ကျော် အထိရှိလာတယ်လို့ စစ်ရှောင်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး (REC) က ထုတ်ပြန်ထားပြီး အစိုးရရဲ့ စာရင်းမှာတော့ ဧပြီလ ၂၁ ရက်နေ့အထိ စစ်ရှောင်ဦးရေ ၇၀,၀၀၀ လောက်သာ ရှိနေတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေလည်း ပြင်းထန်နေသလို တိုက်ပွဲတွေကြောင့် စစ်ရှောင်စခန်းတွေကို ရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ စားဝတ်နေရေးအတွက် စိုးရိမ်ရသလို လက်ရှိဝင်ရောက်ဖို့ရှိနေတဲ့ အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကိုလည်း စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG