သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ဒေါ်စုကို အပြစ်မဖို့ဖို့ Mitch McConnell ပြောဆို


မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့ မြန်မာ့စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်တဲ့ အာဏာတွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာ မရှိတဲ့အတွက် အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သူ့ကို အပြစ်တင်လို့မရဘူးလို့ အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က မနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေ ဟာကြမ်းကြုတ်ရက်စက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတာ သံသယမရှိဘူးလို့လည်း ရိုက်တာသတင်းထောက် တယောက်ရဲ့အမေးကို Mitch McConnellကဖြေကြား သွားပါတယ်။

လုံခြုံရေးကောင်စီမှာ မနေ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ တံခါးဖွင့်ဆွေးနွေးပွဲ မှာလည်း ရိုဟင်ဂျာ အရေး အမေရိကန်နိုင်ငံခြားရေးဌာနက စုံစမ်းစစ်ဆေးရေးမှူးတွေ ရဲ့ တွေ့ရှိချက်တွေဟာ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ ဒီသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့တဲ့ တွေ့ရှိချက်အစီရင်ခံစာနဲ့ ကိုက်ညီမှုရှိတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ်(genocidal intent) လူမျိုးတုန်းလောက်အောင် လူတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်တာတင်မက အုပ်စုလိုက် မုဒိန်းကျင့်တာတွေပါ၊ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ တနင်္လာနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပြီး တာဝန်ရှိတဲ့ မြန်မာအာဏာပိုင်တွေကို အရေးယူဖို့ တောင်းဆိုထားတာပါ။

ဒီလိုကြမ်းကြုတ်ရက်စက်တဲ့လုပ်ရပ်အတွက် တာဝန်ရှိတဲ့ မြန်မာအာဏာပိုင်တွေကို အရေးယူပေးဖို့ ကုလသမဂ္ဂဘက်က ဒါပထမဆုံး အတိအလင်း တောင်းဆိုလိုက်တာ လည်းဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ နိုင်ငံတကာကစွပ်စွဲနေတဲ့အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ခဲ့တာမရှိဘူးလို့ ပြောဆိုထားသလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း အသိအမှတ် မပြုပါဘူး။

ရခိုင်အရေး ဒေါ်စုကို အပြစ်မဖို့ဖို့ Mitch McConnell ပြောဆို
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG