သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်ပြဿနာ မြန်မာအစိုးရ တာဝန်ယူဖြေရှင်းဖို့ ကန်ဒုသမ္မတ တိုက်တွန်း


အမေရိကန်ဒုသမ္မတ Mike Pence

မြန်မာနိုင်ငံက လူနည်းစုရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ မေ့ထားမှာမဟုတ်ပဲ၊ ဒီအတွက် တာဝန်ယူ တာဝန်ခံဖို့ မြန်မာအစိုးရကို တိုက်တွန်းတယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence ကပြောပါတယ်။ မြန်မာနိုင်ငံတွင်းကနေ ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်းဘင်္ဂလာဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြရတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး တာဝန်ရှိတဲ့ မြန်မာစစ်တပ်ခေါင်းဆောင် လေးဦးကို အမေရိကန်က အရေးယူခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ဖမ်းဆီးမှုတွေကိုထောက်ပြပြီး အဲဒီအစည်းအဝေးမှာ တတ်ရောက်နေတဲ့ ရိုဟင်ဂျာအမျိုးသမီးငယ် မဝေေ၀နုကို ချီးကျူးဂုဏ်ပြုပါတယ်။

သမ္မတ Trump အစိုးရ လက်ထက်မှာ ကမ္ဘာတ၀ှမ်း ဘာသာရေး လွတ်လပ်ခွင့် ဦးစားပေးအဖြစ် ဆောင်ရွက်နေပြီး၊ ကမ္ဘာတ၀ှမ်းက ဘာသာရေးဖိနှိပ်ခံရသူတွေနဲ့ ဖိနှိပ်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အရေးယူ ကိုင်တွယ် ဆောင်ရွက်နေတယ် လို့ဒုသမ္မတ Mike Pence က ပြောလိုက်ပါတယ်။ ဒီအတွက် တိုးတက် အောင်မြင်မှု အချို့ရှိပေမယ့် လုပ်ဆောင်စရာတွေ အများကြီးရှိနေတယ်လို့လည်း ပြောပါတယ်။ အီရန်၊ တူရကီ၊ ဗင်နီဇွဲလား က ဘာသာရေးဖိနှိပ်မှုတွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ဘယ်လို အရေးယူ ကူညီဆောင်ရွက်မှုပေးနေတဲ့အကြောင်း ပြောပါတယ်။

ဒုသမ္မတ Mike Pence ဘာသာရေး လွတ်လပ်ခွင့်ကို အမေရိကန် နိုင်ငံခြားရေး မူဝါဒရဲ့ ဦးစားပေးတရပ် အနေနဲ့ ဦးစီးဦးဆောင်ပြုနေသူဖြစ်ပါတယ်။ အမေရိကန်က ဦးဆောင်ကျင်းပတဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ၀န်ကြီးအဆင့် နိုင်ငံတကာ အစည်းအဝေးမှာ မကြာသေးမီကပဲ ပြောဆိုသွားတာပါ။

မနေ့တုန်းကတော့ မြန်မာပြည်က ကချင်နဲ့ ရိုဟင်ဂျာကိုယ်စားလှယ်တွေ အပါအ၀င် ကမ္ဘာတ၀ှမ်းက ဘာသာရေးအရ ဖိနှိပ်ခံရသူ ၂၇ ဦးတို့ကို သမ္မတ Donald Trump က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး သူတို့ကြုံရတဲ့အြ့ဖစ်အပျက်တွေကို လက်ခံနားထောင် ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG