သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္ေတာ္ၿမိဳ႕မွာ ရဲစခန္းမွဴး ပစ္သတ္ခံရ


ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ရွိ လံုျခံဳေရးယူထားတဲ့ ျမန္မာႏိုင္ငံ ရဲတပ္ဖဲြ႔၀င္တခ်ိဳ႕။ (ႏို၀င္ဘာ ၁၅၊ ၂၀၁၈)

[Zawgyi/Unicode]

ရခိုင္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းက စခန္းမွဴးကို အမည္မသိ လူတစ္စုက ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆံုးသြားတဲ့ အေၾကာင္းေျပာခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ရခိုင္ျပည္နယ္ကေန သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းက စခန္းမွဴး ဒုရဲမွဴးထြန္းႏိုင္ဦးကို ၾသဂုတ္လ ၁၂ ရက္ မေန႔က ညေနပိုင္းက ရဲစခန္းအနီးမွာ ေသနတ္နဲ႔ ပစ္ခတ္ခံရၿပီး ေသဆံုးသြားတာျဖစ္ပါတယ္။

ေသဆံုးသြားတဲ့ စခန္းမွဴး ထြန္းႏိုင္ဦးဟာ စခန္းအနီးက လက္ဖက္ရည္ဆိုင္က အျပန္ မေန႔က ညေန ၇နာရီ ေက်ာ္ေလာက္မွာ ပစ္ခတ္ခံရတာျဖစ္တယ္လို႔ ေက်ာက္ေတာ္ေဒသခံတစ္ဦးက ေျပာပါတယ္။

"က်ေနာ္တို႔ သိသေလာက္ကေတာ့ မေန႔က ညနပိုင္း ၇ နာရီေက်ာ္ေလာက္က အဲဒီရဲစခန္းဘက္က ေသနတ္သံ ဒိုင္းဒိုင္းဆိုၿပီး ၾကားတယ္။ ေသနတ္သံစဲေတာ့ တပ္မိသားစု ရဲစခန္းမိသားစုေတြကို ဖုန္းလွမ္းဆက္ၾကည့္ေတာ့ စခန္းမွဴး ေသနတ္ဒဏ္ရာနဲ႔ ေသဆံုးေနတယ္ဆိုၿပီးေတာ့ေျပာတယ္။"

ေသဆံုးသူရဲ႕အေလာင္းကို ေက်ာက္ေတာ္ျပည္သူ႔ေဆးရံုကို ပို႔ေဆာင္ထားတယ္လို႔လည္း နီးစပ္ရာေဒသခံေတြက ေျပာဆိုၾကပါတယ္။

စခန္းမွဴး ဒုရဲမွဴး ထြန္းႏိုင္ဦး အသတ္ခံရတာနဲ႔ ပတ္သတ္ၿပီး ေမးျမန္းဖို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႔ ေျပာခြင့္ရသူေတြကို ဗီြအိုေအက ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

ရခိုင္ေျမာက္ပိုင္းတိုက္ပြဲေတြအတြင္းမွာ အရပ္သားေတြသာမက ရဲတပ္ဖြဲ႔ဝင္ေတြပါ လက္နက္ကိုင္ေတြရဲ႕ သတ္ျဖတ္တာေတြကို ခံေနရတာေၾကာင့္ ျပည္သူေတြရဲ႕ လုံၿခံဳေရး အရင္ကထက္ ပိုၿပီး စုိးရိမ္စရာျဖစ္လာတယ္လို႔လည္း အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚထုေမက ေျပာပါတယ္။

"က်မတို႔ ရခိုင္ျပည္နယ္ဟာ ဒီအခ်ိန္မွာ သာမာန္ျပည္သူတြအတြက္ က်မတို႔ စိုးရိမ္မကင္းျဖစ္မိတယ္။ လံုၿခံဳေရးအရေရာ ဘဝလံုၿခံဳေရးအရေရာ စိတ္ဓာတ္ပိုင္းဆိုင္ရာ လံုၿခံဳေရးအရေရာ က်မတို႔ ရခိုင္ျပည္နယ္ဟာ အင္မတန္မွ စဥ္းစားဖို႔ သင့္ေနတဲ့ ျပည္နယ္တစ္ခု ျဖစ္ေနပါၿပီ။ အထူးသျဖင့္ ၿငိမ္းခ်မ္းျဖစ္စဥ္မွာ မပါဝင္တာကလည္း ျပည္သူေတြ မလံုၿခံဳဖို႔ အေျခအေန တစ္ခုျဖစ္ေနပါတယ္။ က်မတို႔က ဒီအေျခအေနကို တအားစိုးရိမ္တယ္။ သာမာန္စိုးရိမ္တဲ့ အေျခအေန မဟုတ္ေတာ့ဘူး။ ဘယ္သူ႔ကုိမဆို အသက္ေတြ ဆံုးရံႈးေအာင္၊ ဘဝေတြ ဆံုးရံႈးေအာင္ ေဆာင္ရြက္ႏိုင္တာေၾကာင့္ က်မတို႔ ေတာ္ေတ္ာေလး စိုးရိမ္ေနပါၿပီ။"

ေက်ာက္ေတာ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ဇြန္လ ၁၃ ရက္ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕သစ္ရပ္ကြက္မွာ ဆိုင္ကယ္နဲ႔သြားတဲ့ ရဲအရာရွိတစ္ဦးကို အမည္မသိ ဆိုင္ကယ္သမားႏွစ္ေယာက္က ဓားနဲ႔ ထိုးသတ္ခဲ့တာေၾကာင့္ ေသဆံုးသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၁၉ ရက္ေန႔ကကလည္း ေက်ာက္ေတာ္ၿမိဳ႕မရစခန္းမွဴး ရဲမွဴး ေစာသန္းလြင္ဟာ ဓားထိုးခံရၿပီး ေသဆံုးသြားခဲ့သလို ၂၀၁၉ စက္တင္ဘာလ ၂၂ရက္ေန႔မွာလည္း ေက်ာက္ေတာ္ရဲစခန္းက ရဲတပ္ၾကပ္တစ္ဦး ဓားထိုးခံရၿပီး ေသဆံုးသြားပါေသးတယ္။

ဒါအျပင့္ စစ္ေတြၿမိဳ႕မွာလည္း ၿပီးခဲ့တဲ့ ဇြန္လ ၂၉ ရက္ေန႔ ကေနပိုင္းက စစ္ေတြၿမိဳ႕ အမွတ္ ၁ ရဲစခန္းက တပ္ၾကပ္ႀကီးတစ္ဦးဟာသူရဲ႕ ေနအိမ္အနီးမွာ အမည္မသိလူႏွစ္ဦးက ဓားနဲ႔ ထုိးသတ္ခံခဲ့ရပါတယ္။

ရခိုင္ေျမာက္ပိုင္းတိုက္ပြဲေတြ အတြင္းမွာ ရဲကင္းစန္းေတြလည္း မၾကာခဏတိုက္ခံရတာေတြ ရွိသလို ရဲတပ္ဖြဲ႔ဝင္ေတြ ဌာနဆိုင္ရာဝန္ထမ္းေတြလည္း မၾကာခဏဆိုသလို လက္နက္ကိုင္တပ္ဖြဲ႔ေတြရဲ႕ ဖမ္းဆီးမႈေတြကို ခံေနၾကရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕မွာ ရဲစခန္းမွဴး ပစ္သတ္ခံရ
please wait

No media source currently available

0:00 0:02:41 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောက်တော်မြို့မှာ ရဲစခန်းမှူး ပစ်သတ်ခံရ

ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့မရဲစခန်းက စခန်းမှူးကို အမည်မသိ လူတစ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတဲ့ အကြောင်းပြောချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ရခိုင်ပြည်နယ်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးထွန်းနိုင်ဦးကို သြဂုတ်လ ၁၂ ရက် မနေ့က ညနေပိုင်းက ရဲစခန်းအနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ စခန်းမှူး ထွန်းနိုင်ဦးဟာ စခန်းအနီးက လက်ဖက်ရည်ဆိုင်က အပြန် မနေ့က ညနေ ၇နာရီ ကျော်လောက်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ သိသလောက်ကတော့ မနေ့က ညနပိုင်း ၇ နာရီကျော်လောက်က အဲဒီရဲစခန်းဘက်က သေနတ်သံ ဒိုင်းဒိုင်းဆိုပြီး ကြားတယ်။ သေနတ်သံစဲတော့ တပ်မိသားစု ရဲစခန်းမိသားစုတွေကို ဖုန်းလှမ်းဆက်ကြည့်တော့ စခန်းမှူး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်ဆိုပြီးတော့ပြောတယ်။"

သေဆုံးသူရဲ့အလောင်းကို ကျောက်တော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း နီးစပ်ရာဒေသခံတွေက ပြောဆိုကြပါတယ်။

စခန်းမှူး ဒုရဲမှူး ထွန်းနိုင်ဦး အသတ်ခံရတာနဲ့ ပတ်သတ်ပြီး မေးမြန်းဖို့ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေအတွင်းမှာ အရပ်သားတွေသာမက ရဲတပ်ဖွဲ့ဝင်တွေပါ လက်နက်ကိုင်တွေရဲ့ သတ်ဖြတ်တာတွေကို ခံနေရတာကြောင့် ပြည်သူတွေရဲ့ လုံခြုံရေး အရင်ကထက် ပိုပြီး စိုးရိမ်စရာဖြစ်လာတယ်လို့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။

"ကျမတို့ ရခိုင်ပြည်နယ်ဟာ ဒီအချိန်မှာ သာမာန်ပြည်သူတွအတွက် ကျမတို့ စိုးရိမ်မကင်းဖြစ်မိတယ်။ လုံခြုံရေးအရရော ဘဝလုံခြုံရေးအရရော စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံရေးအရရော ကျမတို့ ရခိုင်ပြည်နယ်ဟာ အင်မတန်မှ စဉ်းစားဖို့ သင့်နေတဲ့ ပြည်နယ်တစ်ခု ဖြစ်နေပါပြီ။ အထူးသဖြင့် ငြိမ်းချမ်းဖြစ်စဉ်မှာ မပါဝင်တာကလည်း ပြည်သူတွေ မလုံခြုံဖို့ အခြေအနေ တစ်ခုဖြစ်နေပါတယ်။ ကျမတို့က ဒီအခြေအနေကို တအားစိုးရိမ်တယ်။ သာမာန်စိုးရိမ်တဲ့ အခြေအနေ မဟုတ်တော့ဘူး။ ဘယ်သူ့ကိုမဆို အသက်တွေ ဆုံးရှုံးအောင်၊ ဘဝတွေ ဆုံးရှုံးအောင် ဆောင်ရွက်နိုင်တာကြောင့် ကျမတို့ တော်တေ်ာလေး စိုးရိမ်နေပါပြီ။"

ကျောက်တော်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကလည်း ကျောက်တော်မြို့သစ်ရပ်ကွက်မှာ ဆိုင်ကယ်နဲ့သွားတဲ့ ရဲအရာရှိတစ်ဦးကို အမည်မသိ ဆိုင်ကယ်သမားနှစ်ယောက်က ဓားနဲ့ ထိုးသတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ကကလည်း ကျောက်တော်မြို့မရစခန်းမှူး ရဲမှူး စောသန်းလွင်ဟာ ဓားထိုးခံရပြီး သေဆုံးသွားခဲ့သလို ၂၀၁၉ စက်တင်ဘာလ ၂၂ရက်နေ့မှာလည်း ကျောက်တော်ရဲစခန်းက ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားပါသေးတယ်။

ဒါအပြင့် စစ်တွေမြို့မှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ ကနေပိုင်းက စစ်တွေမြို့ အမှတ် ၁ ရဲစခန်းက တပ်ကြပ်ကြီးတစ်ဦးဟာသူရဲ့ နေအိမ်အနီးမှာ အမည်မသိလူနှစ်ဦးက ဓားနဲ့ ထိုးသတ်ခံခဲ့ရပါတယ်။

ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေ အတွင်းမှာ ရဲကင်းစန်းတွေလည်း မကြာခဏတိုက်ခံရတာတွေ ရှိသလို ရဲတပ်ဖွဲ့ဝင်တွေ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း မကြာခဏဆိုသလို လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုတွေကို ခံနေကြရပါတယ်။

XS
SM
MD
LG