သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လက္နက္ႀကီးက်ည္သင့္လို႔ ေက်ာက္ေတာ္အရပ္သား ၅ ဦး ဒဏ္ရာရ


ရခုိင္ျပည္နယ္အတြင္း တုိက္ပြဲမ်ားေၾကာင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္စခန္းသုိ႔ တိမ္းေရွာင္လာသည့္ ေဒသခံမ်ား။ (ဇန္နဝါရီ ၄၊ ၂၀၁၉)

ရခိုင္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ကုလားတန္ျမစ္မွာရိွတဲ့ ျမန္မာအစိုးရ ေရတပ္သေဘၤာႏွစ္စင္းကို AA ရခိုင္လက္နက္ကိုင္ေတြဘက္က ပစ္ခတ္မႈေၾကာင့္ အျပန္အလွန္ ပစ္ခတ္မႈေတြျဖစ္ၿပီး ေဒသခံရြာသားေတြ ထိခိုက္ဒဏ္ရာရမႈေတြ ရိွတယ္လို႔ သိရပါတယ္။ ေရတပ္သေဘၤာဘက္က ျပန္လည္ပစ္ခတ္တာေၾကာင့္ ရြာသား ၅ ဦး ထိခိုက္ခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။ ျမန္မာအစိုးရနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ အပါအ၀င္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ေတြ႔ဆုံဖို႔ စီစဥ္ေနဆဲမွာပဲ ရခိုင္ျပည္နယ္အတြင္း အခုလို တိုက္ပဲြေတြ ျပင္းျပင္းထန္ထန္ ဆက္ျဖစ္ေနတာပါ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ႏုိင္ကြန္းအိန္က ဆက္သြယ္ေမးျမန္း သတင္းေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း ဒီေန႔မနက္ အေစာပိုင္းမွာ ျမန္မာစစ္တပ္ရဲ႕ ေရတပ္သေဘၤာႏွစ္စီ္းကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ကေန ႏွစ္ႀကိမ္တိုင္တိုင္ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ AA ျပန္ၾကားေရးအရာရွိ ခိုင္သုခက ေျပာပါတယ္။

“စက္တင္ဘာလ ၁၅ ရက္ေန႔ မနက္ ၁ နာရီေလာက္မွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္၀နားမွာ အင္အား ၃၀၀ ေလာက္ပါတဲ့ ျမန္မာစစ္တပ္ရဲ႕ စစ္သေဘၤာႏွစ္စီးကို က်ေနာ္တို႔ဘက္ကေနၿပီးေတာ့ ပစ္ခတ္ခဲ့တာရွိတယ္။ ေနာက္ၿပီးေတာ့ အဲဒီသေဘၤာႏွစ္စီးကိုပဲ ေက်ာက္ေတာ္ရဲ႕ အထက္ပိုင္းမွာလည္းပဲ မနက္ ၃ နာရီခြဲေလာက္မွာ တႀကိမ္ ေနာက္ထပ္ပစ္ခတ္တာရွိတယ္။ က်ေနာ္တုိ႔ဘက္ကေန ၁၀၇ မီလိမီတာေတြနဲ႔ပစ္တာ။ ဆိုေတာ့ သေဘၤာကိုထိတယ္။ အထိခိုက္အက်ဆုံး ေနာက္ၿပီးေတာ့ သေဘၤာရဲ႕ ပ်က္စီးမႈအေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တုိ႔ ဆက္လက္စုံစမ္းေနဆဲပဲရွိတယ္ဗ်။”

ဒီမနက္ ေရတပ္သေဘၤာကို AA အဖြဲ႔ ပစ္ခတ္မႈအၿပီး သေဘာၤဘက္ကေန ျပန္လွန္ပစ္ခတ္မႈေတြလည္း ရွိေနခဲ့ပါတယ္။

ဒီလိုပစ္ခတ္မႈေၾကာင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္ သဂၤနက္နဲ႔ စံပယ္လွရြာသားေတြ ထိခိုက္ဒဏ္ရာရရွိၿပီး ေဆး႐ုံေတြမွာ ေဆး၀ါးကုသမႈ ခံယူေနရတယ္လို႔ လူနာေတြကို ကိုယ္တိုင္ၾကည့္႐ႈ ေမးျမန္းခဲ့တဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္သန္းစိန္က ေျပာပါတယ္။

“ျဖစ္တဲ့အေျခအေနကေတာ့ သန္းေခါင္ေက်ာ္အခ်ိန္ေလာက္ဆိုေတာ့ မနက္မွ ကေ်နာ္တို႔ ၾကားရတယ္။ စံပယ္လွ ေက်းရြာသူ ေက်းရြာသားနဲ႔ သဂၤနက္သား ဒဏ္ရာရသူေျပာတဲ့ စကားကေတာ့။ က်ေနာ္တုိ႔ ဒီ ကုလားတန္ျမစ္ကေနၿပီးေတာ့ ျမစ္ေၾကာင္းေတာက္ေလွ်ာက္ NAVY ကေနပစ္ၿပီးေတာ့ ရြာစဥ္ပစ္ၿပီးေတာ့ သြားတယ္လို႔ ေျပာပါတယ္။ သဂၤနက္က က်ည္ထိတဲ့ႏွစ္ေယာက္ကေတာ့ေလ ဒဏ္ရာျပင္းလို႔ စစ္ေတြေဆး႐ုံကို သြားတယ္။ စံပယ္လွက ႏွစ္ေယာက္မွာေတာ့ ေယာက်ာ္းတေယာက္ရယ္ အမ်ိဳးသမီးတေယာက္ရယ္။”

ဒီကေန႔ မနက္ ၁ နာရီအခ်ိန္ ပစ္ခတ္မႈအတြင္း သဂၤနက္ရြာသား ၃ ဦးနဲ႔ စံပယ္လွရြာသား ၂ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး ဒဏ္ရာျပင္းထန္တဲ့ သဂၤနက္ရြာသား ဦးေရႊထြန္းသိန္းနဲ႔ ဇနီးျဖစ္သူ ေဒၚခင္ညိဳမာက္ို စစ္ေတြေဆး႐ုံကို ပို႔ထားရသလို စံပယ္လွရြာသား ဦးစံလွေက်ာ္နဲ႔ ေဒၚပုလဲစိန္တို႔ကို ေက်ာက္ေတာ္ေဆး႐ုံမွာ ေဆး၀ါးကုသ ခံေနၾကရတာပါ။

သဂၤနက္ရြာအတြင္း ပစ္ခတ္ခံရတဲ့ အေျခအေနနဲ႔ပတ္သက္လို႔ ဒဏ္ရာရသူ သဂၤနက္ရြာသားတဦးရဲ႕ ေဆြမ်ိဳးတဦးက အခုလိုေျပာပါတယ္။

“ညတုန္းက ၁ နာရီေလာက္မွာ NAVY ကပစ္တယ္လို႔ ေျပာတယ္။ သူတို႔တေတြက ျမစ္ကမ္းနားအနီးပစ္တယ္။ အိမ္ေခါင္မိုးေပၚက်ပစ္တယ္။ လက္နက္ႀကီးအစ စင္တယ္ေပါ့။ လူနာအေျခအေနက ဆရာ၀န္နဲ႔ စစ္ေဆးတုန္းပါ။ စိုးေတာ့စိုးရိမ္ရပါတယ္။”

စံပယ္လွရြာသားတဦးကလည္း ညဥ့္နက္အခ်ိန္မွာ ေရတပ္သေဘၤာကေန ပစ္ခတ္ခဲ့လို႔ ဒဏ္ရာရရွိခဲ့ေၾကာင္း ေျပာပါတယ္။

“က်ေနာ္တုိ႔ ညသန္းေခါင္ေက်ာ္ဆိုေတာ့ အိပ္ေပ်ာ္ေနတုန္းျဖစ္မယ္။ တခါတည္း ဟိုကေန ဖ႐ူးဖ႐ူးဆိုၿပီးေတာ့ လက္နက္ႀကီးခ်တယ္။ အဲဒီလိုမ်ိဳးပဲ ၾကားတယ္ေလ။ သေဘၤာနဲ႔ပစ္တဲ့ပုံစံမ်ိဳး ျဖစ္ေနတယ္။ လက္နက္ႀကီးက်ေတာ့ ထိတာကေတာ့ တေယာက္ေတာ့ စိုးရိမ္ရတဲ့ အေျခအေနရွိေနတယ္။ တေယာက္ေတာ့ သိပ္မမ်ားပါဘူး။”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး၀င္းေဇာ္ဦးက ေက်ာက္ေတာ္ၿမိဳ႕နယ္ သဂၤနက္ရြာဘက္မွာ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း အတည္ျပဳေပမယ့္ အေျခေနအေသးစိတ္ မသိရေသးေၾကာင္း ေျပာပါတယ္။

“ပစ္ခတ္မႈရွိတယ္လို႕ေတာ့ သိရတယ္။ ဒါေပမယ့္ ဘယ္လိုျဖစ္တယ္ဆိုတာေတာ့ က်ေနာ္လည္း ၾကားေတာ့ၾကားမိတယ္။ က်ေနာ္ ဂဃနဏမသိဘူး ျဖစ္ေနတယ္။”

ဒီကေန႔ ရခိုင္ျပည္နယ္အတြင္း ေက်ာက္ေတာ္ၿမိဳ႕နယ္အျပင္ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္မွာလည္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၾကာင္း AA ေျပာခြင့္ရ ခိုင္သုခက အခုလိုဆက္ေျပာပါတယ္။

“ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္အစပ္ေပါ့ေနာ္၊ သပိတ္ေတာင္နဲ႔ ကင္းေခ်ာင္းအၾကား ဗမာစစ္တပ္ဘက္ကေန ထိုးစစ္ဆင္လာတဲ့အတြက္ေၾကာင့္ အဲဒီမွာ တိုက္ပြဲျဖစ္တာရွိတယ္။ ေရစိုးေခ်ာင္းရြာအနားမွာလည္းပဲ ရိကၡာနဲ႔ လက္နက္ပစၥည္းေတြ လာပို႔တဲ့ စက္ေလွႏွစ္စီးကို က်ေနာ္တုိ႔ဘက္က ဒီမနက္မွာ ပစ္ခတ္ႏွစ္ျမဳပ္ခဲ့တာရွိတယ္။”

မေန႔ကလည္း မင္းျပားၿမိဳ႕နယ္ ဒုိင္းသားရြာဘက္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်က္ေတာင္ရြာဘက္မွာ ႏွစ္ဖက္တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း ခိုင္သုခက ေျပာပါတယ္။

ဒီကေန႔မနက္ ၁ နာရီခန္႔မွာလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ကန္ေစာင့္ေက်းရြာအနီး ကန္သုံးဆင့္ရြာအတြင္း လက္နက္ႀကီး က်ေရာက္ခဲ့လို႔ ရြာသားတဦး ေသဆုံးခဲ့ေၾကာင္း ကန္ေစာင့္ဆရာေတာ္က မိန္႔ပါတယ္။

ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား တိုက္ပြဲေတြကလည္း က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ပြားေနသလို တိုက္ပြဲေတြအတြင္း အရပ္သားေတြ ထိခိုက္မႈေတြကလည္း ပိုမိုမ်ားျပားလာေနပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကေန ဒီႏွစ္ ဇူလိုင္လ ၂၅ ရက္ေန႔ထိ ရခိုင္ျပည္နယ္ တိုက္ပြဲေတြအတြင္း အရပ္သား ေသဆုံး ၆၂ ဦးနဲ႔ ဒဏ္ရာရသူ ၁၅၆ ဦးရွိတယ္လုိ႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး REC ရဲ႕ ေကာက္ယူထားတဲ့စာရင္းမွာ ေဖာ္ျပခဲ့ပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ အပါအ၀င္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႔ဟာ လာမယ့္ စက္တင္ဘာ ၁၆ နဲ႔ ၁၇ ရက္ေန႔ေတြမွာ ျမန္မာၿငိမ္းခ်မ္းေရးေကာ္မရွင္အဖြဲ႔နဲ႔ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕မွာ ေတြ႔ဆုံေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။

ျမန္မာစစ္တပ္ဘက္ကေန စစ္တိုင္းႀကီး ၅ တိုင္းမွာ အပစ္အခတ္ ရပ္စဲထားေပမယ့္ ရခိုင္ျပည္နယ္ဘက္မွာ ရပ္စဲတာမရွိတာေၾကာင့္ တိုက္ပြဲေတြ ေလွ်ာ့ခ်ႏုိင္ေရးဟာလည္း ေမွ်ာ္လင့္ခ်က္ အားနည္းေနေသးတဲ့ အေျခအေနမွာ ရွိေနပါတယ္။

------------------------

[Unicode Version]

လက်နက်ကြီးကျည်သင့်လို့ ကျောက်တော်အရပ်သား ၅ ဦး ဒဏ်ရာရ

ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ် ကုလားတန်မြစ်မှာရှိတဲ့ မြန်မာအစိုးရ ရေတပ်သင်္ဘောနှစ်စင်းကို AA ရခိုင်လက်နက်ကိုင်တွေဘက်က ပစ်ခတ်မှုကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး ဒေသခံရွာသားတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်လို့ သိရပါတယ်။ ရေတပ်သင်္ဘောဘက်က ပြန်လည်ပစ်ခတ်တာကြောင့် ရွာသား ၅ ဦး ထိခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာအစိုးရနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဖို့ စီစဉ်နေဆဲမှာပဲ ရခိုင်ပြည်နယ်အတွင်း အခုလို တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေတာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ဒီနေ့မနက် အစောပိုင်းမှာ မြန်မာစစ်တပ်ရဲ့ ရေတပ်သင်္ဘောနှစ်စီ်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA ပြန်ကြားရေးအရာရှိ ခိုင်သုခက ပြောပါတယ်။

“စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၁ နာရီလောက်မှာ ကျောက်တော်မြို့နယ် အပေါက်ဝနားမှာ အင်အား ၃၀၀ လောက်ပါတဲ့ မြန်မာစစ်တပ်ရဲ့ စစ်သင်္ဘောနှစ်စီးကို ကျနော်တို့ဘက်ကနေပြီးတော့ ပစ်ခတ်ခဲ့တာရှိတယ်။ နောက်ပြီးတော့ အဲဒီသင်္ဘောနှစ်စီးကိုပဲ ကျောက်တော်ရဲ့ အထက်ပိုင်းမှာလည်းပဲ မနက် ၃ နာရီခွဲလောက်မှာ တကြိမ် နောက်ထပ်ပစ်ခတ်တာရှိတယ်။ ကျနော်တို့ဘက်ကနေ ၁၀၇ မီလိမီတာတွေနဲ့ပစ်တာ။ ဆိုတော့ သင်္ဘောကိုထိတယ်။ အထိခိုက်အကျဆုံး နောက်ပြီးတော့ သင်္ဘောရဲ့ ပျက်စီးမှုအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆက်လက်စုံစမ်းနေဆဲပဲရှိတယ်ဗျ။”

ဒီမနက် ရေတပ်သင်္ဘောကို AA အဖွဲ့ ပစ်ခတ်မှုအပြီး သဘောၤဘက်ကနေ ပြန်လှန်ပစ်ခတ်မှုတွေလည်း ရှိနေခဲ့ပါတယ်။

ဒီလိုပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ် သင်္ဂနက်နဲ့ စံပယ်လှရွာသားတွေ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတွေမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ လူနာတွေကို ကိုယ်တိုင်ကြည့်ရှု မေးမြန်းခဲ့တဲ့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။

“ဖြစ်တဲ့အခြေအနေကတော့ သန်းခေါင်ကျော်အချိန်လောက်ဆိုတော့ မနက်မှ ကျေနာ်တို့ ကြားရတယ်။ စံပယ်လှ ကျေးရွာသူ ကျေးရွာသားနဲ့ သင်္ဂနက်သား ဒဏ်ရာရသူပြောတဲ့ စကားကတော့။ ကျနော်တို့ ဒီ ကုလားတန်မြစ်ကနေပြီးတော့ မြစ်ကြောင်းတောက်လျှောက် NAVY ကနေပစ်ပြီးတော့ ရွာစဉ်ပစ်ပြီးတော့ သွားတယ်လို့ ပြောပါတယ်။ သင်္ဂနက်က ကျည်ထိတဲ့နှစ်ယောက်ကတော့လေ ဒဏ်ရာပြင်းလို့ စစ်တွေဆေးရုံကို သွားတယ်။ စံပယ်လှက နှစ်ယောက်မှာတော့ ယောကျာ်းတယောက်ရယ် အမျိုးသမီးတယောက်ရယ်။”

ဒီကနေ့ မနက် ၁ နာရီအချိန် ပစ်ခတ်မှုအတွင်း သင်္ဂနက်ရွာသား ၃ ဦးနဲ့ စံပယ်လှရွာသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ သင်္ဂနက်ရွာသား ဦးရွှေထွန်းသိန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ညိုမာကို စစ်တွေဆေးရုံကို ပို့ထားရသလို စံပယ်လှရွာသား ဦးစံလှကျော်နဲ့ ဒေါ်ပုလဲစိန်တို့ကို ကျောက်တော်ဆေးရုံမှာ ဆေးဝါးကုသ ခံနေကြရတာပါ။

သင်္ဂနက်ရွာအတွင်း ပစ်ခတ်ခံရတဲ့ အခြေအနေနဲ့ပတ်သက်လို့ ဒဏ်ရာရသူ သင်္ဂနက်ရွာသားတဦးရဲ့ ဆွေမျိုးတဦးက အခုလိုပြောပါတယ်။

“ညတုန်းက ၁ နာရီလောက်မှာ NAVY ကပစ်တယ်လို့ ပြောတယ်။ သူတို့တတွေက မြစ်ကမ်းနားအနီးပစ်တယ်။ အိမ်ခေါင်မိုးပေါ်ကျပစ်တယ်။ လက်နက်ကြီးအစ စင်တယ်ပေါ့။ လူနာအခြေအနေက ဆရာဝန်နဲ့ စစ်ဆေးတုန်းပါ။ စိုးတော့စိုးရိမ်ရပါတယ်။”

စံပယ်လှရွာသားတဦးကလည်း ညဉ့်နက်အချိန်မှာ ရေတပ်သင်္ဘောကနေ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိခဲ့ကြောင်း ပြောပါတယ်။

“ကျနော်တို့ ညသန်းခေါင်ကျော်ဆိုတော့ အိပ်ပျော်နေတုန်းဖြစ်မယ်။ တခါတည်း ဟိုကနေ ဖရူးဖရူးဆိုပြီးတော့ လက်နက်ကြီးချတယ်။ အဲဒီလိုမျိုးပဲ ကြားတယ်လေ။ သင်္ဘောနဲ့ပစ်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ လက်နက်ကြီးကျတော့ ထိတာကတော့ တယောက်တော့ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်။ တယောက်တော့ သိပ်မများပါဘူး။”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ကျောက်တော်မြို့နယ် သင်္ဂနက်ရွာဘက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အတည်ပြုပေမယ့် အခြေနေအသေးစိတ် မသိရသေးကြောင်း ပြောပါတယ်။

“ပစ်ခတ်မှုရှိတယ်လို့တော့ သိရတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်တယ်ဆိုတာတော့ ကျနော်လည်း ကြားတော့ကြားမိတယ်။ ကျနော် ဂဃနဏမသိဘူး ဖြစ်နေတယ်။”

ဒီကနေ့ ရခိုင်ပြည်နယ်အတွင်း ကျောက်တော်မြို့နယ်အပြင် ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်မှာလည်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြာင်း AA ပြောခွင့်ရ ခိုင်သုခက အခုလိုဆက်ပြောပါတယ်။

“ဘူးသီးတောင်နဲ့ ရသေ့တောင်အစပ်ပေါ့နော်၊ သပိတ်တောင်နဲ့ ကင်းချောင်းအကြား ဗမာစစ်တပ်ဘက်ကနေ ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် အဲဒီမှာ တိုက်ပွဲဖြစ်တာရှိတယ်။ ရေစိုးချောင်းရွာအနားမှာလည်းပဲ ရိက္ခာနဲ့ လက်နက်ပစ္စည်းတွေ လာပို့တဲ့ စက်လှေနှစ်စီးကို ကျနော်တို့ဘက်က ဒီမနက်မှာ ပစ်ခတ်နှစ်မြုပ်ခဲ့တာရှိတယ်။”

မနေ့ကလည်း မင်းပြားမြို့နယ် ဒိုင်းသားရွာဘက်နဲ့ ရသေ့တောင်မြို့နယ် အမျက်တောင်ရွာဘက်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ခိုင်သုခက ပြောပါတယ်။

ဒီကနေ့မနက် ၁ နာရီခန့်မှာလည်း ကျောက်တော်မြို့နယ် ကန်စောင့်ကျေးရွာအနီး ကန်သုံးဆင့်ရွာအတွင်း လက်နက်ကြီး ကျရောက်ခဲ့လို့ ရွာသားတဦး သေဆုံးခဲ့ကြောင်း ကန်စောင့်ဆရာတော်က မိန့်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသလို တိုက်ပွဲတွေအတွင်း အရပ်သားတွေ ထိခိုက်မှုတွေကလည်း ပိုမိုများပြားလာနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထိ ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံး ၆၂ ဦးနဲ့ ဒဏ်ရာရသူ ၁၅၆ ဦးရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ ကောက်ယူထားတဲ့စာရင်းမှာ ဖော်ပြခဲ့ပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဟာ လာမယ့် စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ မြန်မာငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဘက်ကနေ စစ်တိုင်းကြီး ၅ တိုင်းမှာ အပစ်အခတ် ရပ်စဲထားပေမယ့် ရခိုင်ပြည်နယ်ဘက်မှာ ရပ်စဲတာမရှိတာကြောင့် တိုက်ပွဲတွေ လျှော့ချနိုင်ရေးဟာလည်း မျှော်လင့်ချက် အားနည်းနေသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG