သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းစစ်ဘေးရှောင်တွေ လူသားချင်းစာနာမှုကူညီဖို့ ကုလ ကြိုးပမ်း


ရခိုင်စစ်ဘေးရှောင်များ(Khine Murn Chun (Citizen Journalist)
ရခိုင်စစ်ဘေးရှောင်များ(Khine Murn Chun (Citizen Journalist)

ရခိုင်ပြည်နယ်ထဲမှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွ့ဲတို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ စစ်ဘေးရှောင်တွေ အတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ပြုဖို့အပြင် လက်နက်ကိုင်အဖွဲ့အားလုံးက အရပ်သားတွေကို အကာကွယ်ပေးကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ နယူးရောက် ကုလသမဂ္ဂ ဌာနချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အစိုးရတပ်နဲ့ ရခိုင်တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ထွက်ပြေးရသူ ၁၆၀၀၀ ကျော်နေပြီလို့ ကုလသမဂ္ဂအဖွဲ့တွေက ပြောပါတယ်။ သူတို့အတွက် အစိုးရနဲ့ ဒေသအသိုင်းအဝိုင်းတွေ သာမက လူမှုအဖွဲ့အစည်းတွေ၊ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့နဲ့ နိုင်ငံတကာ NGO အဖွဲ့တွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက အထောက်အကူတွေ ပေးနေပါတယ်။ တိုက်ခိုက်နေတဲ့ အဖွဲ့အားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်ရေးဆိုင်ရာ ဥပဒေဆိုင်ရာတွေကို လိုက်နာရမှာ ဖြစ်ပြီး ဒီဒေသက လိုအပ်နေသူတွေအတွက် စာနာမှုအထောက်အကူတွေ ပေးခွင့်ပြုဖို့နဲ့ အထူးသဖြင့် အရပ်သားတွေကို အကာကွယ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုပါတယ်။”

မနှစ်က နိုဝင်ဘာလကုန်ကစပြီး အခုချိန်ထိ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို စစ်ဘေးရှောင်တွေလည်း သောင်းနဲ့ ချီရှိလာနေတာပါ။

စစ်ဖြစ်ပွားရာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်း - မြို့နယ် ခြောက်မြို့နယ်က ယာယီ စစ်ပြေးစစ်ရှောင် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေအပါအဝင် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်ပေါင်း နှစ်သောင်းကျော်ရှိသွားပြီ လို့ အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ ရခိုင့်တပ်မတော် AA အပါအဝင် NCA လက်မှတ် ရေးထိုးခြင်း မရှိ သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တွေ့ဆုံခဲ့ကြပြီး ဖြစ်ပွားနေဆဲတိုက်ပွဲတွေ လျော့ချရေး ဆက်လက် ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ကြပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေက ပြင်းထန် နေဆဲဖြစ်ပါတယ်။

တိုင်းရင်းစစ်ဘေးရှောင်တွေ လူသားချင်းစာနာမှုကူညီဖို့ ကုလ ကြိုးပမ်း
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG