ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ေရးဆိုင္ရာ ဥပေဒသစ္ကို စစ္ေကာင္စီက ျပဌာန္းလိုက္ၿပီးတဲ့ေနာက္ ပါတီ မွတ္ပုံတင္ေရး၊ မတင္ေရးကိစၥနဲ႔ ပတ္သက္လို႔ ပါတီတြင္း သေဘာထားကြဲလြဲတာေတြ ရွိေနတာေၾကာင့္ ဆုံးျဖတ္ခ်က္ မခ်ရေသးဘူးလို႔ ရခိုင္အေျခစိုက္ အင္အားႀကီး ပါတီတခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ (ANP) ေျပာခြင့္ရက ဗြီအိုေအကို ေျပာပါတယ္။ လက္ရွိေ႐ြးေကာက္ပြဲေကာ္မရွင္မွာ မွတ္ပုံတင္မယ့္ ႏိုင္ငံေရးပါတီေတြဟာ စစ္ေကာင္စီနဲ႔ အေပါင္းအပါေတြ ျဖစ္တယ္လို႔လည္း ပါတီေတြအၾကား ေဝဖန္မႈေတြရွိေနတာပါ။ ရန္ကုန္က သတင္းေပးပို႔တာကို အေျခခံၿပီး ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးပါမယ္။
စစ္ေကာင္စီခန႔္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က အသစ္ျပဌာန္းလိုက္တဲ့ ႏိုင္ငံေရး ပါတီမွတ္ပုံတင္ေရးဆိုင္ရာ ဥပေဒသစ္ဟာ ႏိုင္ငံေရးပါတီေတြကို အၾကပ္႐ိုက္ေစတဲ့ ဥပေဒသစ္ တစ္ခုျဖစ္သလို ပါတီေတြၾကား မွတ္ပုံတင္ေရး၊ မတင္ေရး ဆုံးျဖတ္ရခက္ေနၾကတာလည္းျဖစ္ ပါတယ္။
ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ ေဒၚေအးႏုစိန္ကိုယ္တိုင္ စစ္ေကာင္စီနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနတာ ရွိေပမယ့္ လက္ရွိအခ်ိန္ထိ ပါတီမွတ္ပုံတင္ေရးနဲ႔ ပတ္သတ္ၿပီး ဆုံးျဖတ္ခ်က္ မခ်ႏိုင္ေသးဘူးလို႔ ပါတီတာဝန္ရွိသူေတြက ေျပာပါတယ္။ ရခိုင္အမ်ိဳးသားပါတီအေနနဲ႔ မွတ္ပုံတင္ဖို႔ ဆုံးျဖတ္ထားတယ္ဆိုတဲ့ ပါတီအတြင္းကသတင္းေတြ အျပင္ကို ေပါက္ၾကားလာေပမယ့္ ပါတီ တာဝန္ရွိသူေတြကေတာ့ လာမယ့္ စေန မတ္လ ၁၈ ေန႔မွ ဆုံးျဖတ္ခ်က္ ခ်ႏိုင္မယ္လို႔ေျပာဆိုပါတယ္။
လက္ရွိအခ်ိန္မွာလည္း ပါတီမွတ္ပုံတင္ေရး ဥပေဒသစ္နဲ႔ ပတ္သတ္ၿပီး ပါတီတြင္းသေဘာထားကြဲလြဲမႈေတြရွိေနသလို ႏႈတ္ထြက္သူေတြလည္း ရွိေနတယ္လို႔ ရခိုင္အမ်ိဳးသားပါတီေျပာခြင့္ရ ဦးခိုင္ျပည္စိုးက ေျပာပါတယ္။
“သေဘာထားကြဲလြဲတာလို႔ေတာ့ ေျပာလို႔မရဘူး။ ဒါေပမယ့္ တခ်ိဳ႕က ဒီဥပေဒကို မႀကိဳက္ဘူး၊ မပါေတာ့ဘူး ဆိုတာေတြလည္းရွိတယ္။ အဲဒါေတြကို က်ေနာ္တို႔ အကုန္လုံး ျပန္ၿပီး ေဆြးေႏြး ေနရတာေပါ့။ ဆိုလိုတာက ဒီဥပေဒက ႀကိဳက္စရာလည္းမရွိဘူး။ ဒါေပမယ့္ႏိုင္ငံေရး ပါတီတခု ရခိုင္မွာဆိုတဲ့အခါ က်ေနာ္တို႔မွာလည္း အမ်ိဳးမ်ိဳးအဖုံဖုံ စဥ္းစားေနရတယ္။ ပါတီ႐ုံးကိစၥေတြ ကိုယ္ပိုင္႐ုံးဆိုတဲ့အခါ အဲတာေတြကိုလည္း စဥ္းစားၿပီးေတာ့ က်ေနာ္တို႔ အကုန္လုံး ဒီဟာေတြကို ဆုံးရႈံးခံမယ္ဆိုရင္လည္း အဆုံးရႈံးမခံခ်င္ဘူးဆိုလို႔ရွိရင္လည္း တမ်ိဳးတဖုံလုပ္ၾက ဆိုၿပီးေတာ့ အကုန္လုံး စဥ္းစားေနၾကတာေတာ့ ရွိပါတယ္။”
ရခိုင္အေျခစိုက္ပါတီေနာက္တစ္ခုျဖစ္တဲ့ ေဒါက္တာေအးေမာင္ဦးေဆာင္တဲ့ ရခိုင့္ဦးေဆာင္ပါတီ (AFP) ကေတာ့ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ အစာပိုင္းကတည္းက ေ႐ြးေကာက္ပြဲေကာ္မရွင္မွာ ပါတီမွတ္ပုံတင္ထားၿပီး ျဖစ္ပါတယ္။
ရခိုင္ျပည္နယ္အေျခစိုက္ ေနာက္ပါတီတခုျဖစ္တဲ့ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD) ပါတီကေတာ့ စစ္ေကာင္စီက က်င္းပမယ့္ေ႐ြးေကာက္ပြဲဟာ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲတခု မျဖစ္ႏိုင္သလို သူတို႔အေနနဲ႔ ႏိုင္ငံတြင္းမွာ တစ္ပါတီအာဏာရွင္စနစ္ကို လက္မခံႏိုင္တာေၾကာင့္ အာဏာသိမ္းစစ္ေကာင္စီဖြဲ႕စည္းထားတဲ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္မွာ မွတ္ပုံမတင္ဖို႔ဆုံးျဖတ္ထားတယ္လို႔ ပါတီတာဝန္ရွိသူေတြက ေျပာပါတယ္။
လက္ရွိေ႐ြးေကာက္ပြဲ ေကာ္မရွင္မွာ ပါတီမွတ္ပုံတင္ထားတဲ့သူေတြဟာလည္း အာဏာသိမ္းစစ္ေကာင္စီနဲ႔ အေပါင္းအပါေတြ ျဖစ္တယ္လို႔ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD) ေျပာခြင့္ရ ဦးမ်ိဳးေက်ာ္က ေျပာပါတယ္။
“အခုဟာက အာဏာသိမ္းအစိုးရဟာ ႏိုင္ငံတကာ ဥပေဒအရဆိုရင္ စစ္ရာဇဝတ္ေကာင္ေတြ ျဖစ္ေနၿပီေလ။ ေန႔စၥဓူဝ သတ္ျဖတ္ေနတယ္။ မီးရႈိ႕ေနတယ္၊ မုဒိန္းက်င့္ေနတယ္၊ အမ်ိဳးမ်ိဳးေသာနည္းနဲ႔ ျပည္သူေတြကို အႏိုင္က်င့္ ရမ္းကားေနတဲ့ အစိုးရျဖစ္ေနၿပီေလ။ ဆိုေတာ့ ဒီလူေတြနဲ႔ တခါထပ္ၿပီးေတာ့ ႏိုင္ငံေရးသမားေတြ၊ ႏိုင္ငံေရးပါတီေတြဟာ သြားၿပီးေတာ့ သူတို႔ရဲ႕ ခြင့္ျပဳခ်က္ေဘာင္ထဲကို ဝင္လိုက္မယ္ဆိုတာနဲ႔ သူတို႔နဲ႔ အေပါင္းအပါျဖစ္သြားတယ္။ က်ေနာ္ကေတာ့ အဲလိုေျပာခ်င္ပါတယ္။”
စစ္ေကာင္စီက က်င္းပဖို႔ရွိေနတဲ့ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ႏိုင္ေရးအတြက္ မွတ္ပုံတင္ထားတဲ့ ႏိုင္ငံေရးပါတီအေရအတြက္ဟာ အခုအခ်ိန္ထိ ၂၆ ပါတီရွိေနၿပီး အဲဒီအထဲက ၆ ပါတီက တႏိုင္ငံလုံးအတိုင္းအတာ ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး က်န္ ပါတီ ၂၀ ကေတာ့ ျပည္နယ္၊ တိုင္းေဒသႀကီးအသီးသီးမွာ ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။
အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီက ၿပီးခဲ့တဲ့ဇန္နဝါရီလ ၃၁ ရက္ေန႔မွာ ႏိုင္ငံေရးပါတီေတြ မွတ္ပုံတင္ေရးဥပေဒသစ္ကို ျပဌာန္းလိုက္ၿပီး ရက္ေပါင္း ၆၀ အတြင္း ပါတီေတြ မွတ္ပုံတင္ဖို႔ ေၾကညာထားပါတယ္။ မွတ္ပုံတင္ေရး ဥပေဒသစ္ဟာလာမယ့္ မတ္လ ၂၆ ရက္ေန႔မွာ သက္တမ္း ျပည့္မွာျဖစ္ေပမယ့္ ၾကားထဲမွာ ႐ုံးပိတ္ရက္ခံေနတဲ့အတြက္ မတ္လ ၂၈ရက္ေန႔အထိ ထပ္မံ သတ္တမ္းတိုးထားတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
“ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒအရ က်ေနာ္တို႔ ရက္ေပါင္း ၆၀ အတြင္းျဖစ္တဲ့ မတ္ လ ၂၆ ရက္ေန႔မွာ သက္တမ္းျပည့္မွာ ျဖစ္တယ္။ သို႔ေသာ္ က်ေနာ္တို႔က မတ္လ ၂၅ ရက္၊ ၂၆ ရက္၊ ၂၇ ရက္ဟာ ႐ုံးပိတ္ရက္ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔က ၂၈ ရက္ေန႔မွာ ေနာက္ဆုံးထားၿပီးေတာ့ မွတ္ပုံတင္ရမွာ ျဖစ္ပါတယ္ခင္မ်ာ။”
လက္ရွိ အသစ္ျပဌာန္းထားတဲ့ ပါတီမွတ္ပုံတင္ေရး ဥပေဒဟာ တရားဝင္ ဥပေဒတစ္ခုမဟုတ္သလို အာဏာသိမ္းစစ္ေကာင္စီ လက္ေအာက္ခံ ေ႐ြးေကာက္ပြဲေကာ္မရွင္မွာ သြားေရာက္ၿပီးေတာ့ မွတ္ပုံတင္တဲ့ ႏိုင္ငံေရးပါတီေတြဟာလည္း စစ္အုပ္စုရဲ႕ ျဖစ္တည္မႈကို လက္ခံၿပီးေတာ့ စစ္အုပ္စုနဲ႔အတူ ျပည္သူလူထုကို ဖိႏွိပ္သတ္ျဖတ္ေနမႈကို အားေပးအားေျမႇာက္တဲ့ အဖြဲ႕အစည္းျဖစ္တယ္လို႔လည္း ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က ထုတ္ျပန္ထားပါတယ္။
{Unicode}
ပါတီမှတ်ပုံတင်ရေး ရခိုင်ပါတီတွေကြား သဘောထားကွဲပြားမှုတွေရှိနေ
နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေသစ်ကို စစ်ကောင်စီက ပြဌာန်းလိုက်ပြီးတဲ့နောက် ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စနဲ့ ပတ်သက်လို့ ပါတီတွင်း သဘောထားကွဲလွဲတာတွေ ရှိနေတာကြောင့် ဆုံးဖြတ်ချက် မချရသေးဘူးလို့ ရခိုင်အခြေစိုက် အင်အားကြီး ပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ လက်ရှိရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်မယ့် နိုင်ငံရေးပါတီတွေဟာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ ဖြစ်တယ်လို့လည်း ပါတီတွေအကြား ဝေဖန်မှုတွေရှိနေတာပါ။ ရန်ကုန်က သတင်းပေးပို့တာကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေး ပါတီမှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေသစ်ဟာ နိုင်ငံရေးပါတီတွေကို အကြပ်ရိုက်စေတဲ့ ဥပဒေသစ် တစ်ခုဖြစ်သလို ပါတီတွေကြား မှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်ရခက်နေကြတာလည်းဖြစ် ပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဒေါ်အေးနုစိန်ကိုယ်တိုင် စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတာ ရှိပေမယ့် လက်ရှိအချိန်ထိ ပါတီမှတ်ပုံတင်ရေးနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် မချနိုင်သေးဘူးလို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ရခိုင်အမျိုးသားပါတီအနေနဲ့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုတဲ့ ပါတီအတွင်းကသတင်းတွေ အပြင်ကို ပေါက်ကြားလာပေမယ့် ပါတီ တာဝန်ရှိသူတွေကတော့ လာမယ့် စနေ မတ်လ ၁၈ နေ့မှ ဆုံးဖြတ်ချက် ချနိုင်မယ်လို့ပြောဆိုပါတယ်။
လက်ရှိအချိန်မှာလည်း ပါတီမှတ်ပုံတင်ရေး ဥပဒေသစ်နဲ့ ပတ်သတ်ပြီး ပါတီတွင်းသဘောထားကွဲလွဲမှုတွေရှိနေသလို နှုတ်ထွက်သူတွေလည်း ရှိနေတယ်လို့ ရခိုင်အမျိုးသားပါတီပြောခွင့်ရ ဦးခိုင်ပြည်စိုးက ပြောပါတယ်။
“သဘောထားကွဲလွဲတာလို့တော့ ပြောလို့မရဘူး။ ဒါပေမယ့် တချို့က ဒီဥပဒေကို မကြိုက်ဘူး၊ မပါတော့ဘူး ဆိုတာတွေလည်းရှိတယ်။ အဲဒါတွေကို ကျနော်တို့ အကုန်လုံး ပြန်ပြီး ဆွေးနွေး နေရတာပေါ့။ ဆိုလိုတာက ဒီဥပဒေက ကြိုက်စရာလည်းမရှိဘူး။ ဒါပေမယ့်နိုင်ငံရေး ပါတီတခု ရခိုင်မှာဆိုတဲ့အခါ ကျနော်တို့မှာလည်း အမျိုးမျိုးအဖုံဖုံ စဉ်းစားနေရတယ်။ ပါတီရုံးကိစ္စတွေ ကိုယ်ပိုင်ရုံးဆိုတဲ့အခါ အဲတာတွေကိုလည်း စဉ်းစားပြီးတော့ ကျနော်တို့ အကုန်လုံး ဒီဟာတွေကို ဆုံးရှုံးခံမယ်ဆိုရင်လည်း အဆုံးရှုံးမခံချင်ဘူးဆိုလို့ရှိရင်လည်း တမျိုးတဖုံလုပ်ကြ ဆိုပြီးတော့ အကုန်လုံး စဉ်းစားနေကြတာတော့ ရှိပါတယ်။”
ရခိုင်အခြေစိုက်ပါတီနောက်တစ်ခုဖြစ်တဲ့ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစာပိုင်းကတည်းက ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ထားပြီး ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် နောက်ပါတီတခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီကတော့ စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတခု မဖြစ်နိုင်သလို သူတို့အနေနဲ့ နိုင်ငံတွင်းမှာ တစ်ပါတီအာဏာရှင်စနစ်ကို လက်မခံနိုင်တာကြောင့် အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံမတင်ဖို့ဆုံးဖြတ်ထားတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီမှတ်ပုံတင်ထားတဲ့သူတွေဟာလည်း အာဏာသိမ်းစစ်ကောင်စီနဲ့ အပေါင်းအပါတွေ ဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပြောခွင့်ရ ဦးမျိုးကျော်က ပြောပါတယ်။
“အခုဟာက အာဏာသိမ်းအစိုးရဟာ နိုင်ငံတကာ ဥပဒေအရဆိုရင် စစ်ရာဇဝတ်ကောင်တွေ ဖြစ်နေပြီလေ။ နေ့စ္စဓူဝ သတ်ဖြတ်နေတယ်။ မီးရှို့နေတယ်၊ မုဒိန်းကျင့်နေတယ်၊ အမျိုးမျိုးသောနည်းနဲ့ ပြည်သူတွေကို အနိုင်ကျင့် ရမ်းကားနေတဲ့ အစိုးရဖြစ်နေပြီလေ။ ဆိုတော့ ဒီလူတွေနဲ့ တခါထပ်ပြီးတော့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေဟာ သွားပြီးတော့ သူတို့ရဲ့ ခွင့်ပြုချက်ဘောင်ထဲကို ဝင်လိုက်မယ်ဆိုတာနဲ့ သူတို့နဲ့ အပေါင်းအပါဖြစ်သွားတယ်။ ကျနော်ကတော့ အဲလိုပြောချင်ပါတယ်။”
စစ်ကောင်စီက ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအရေအတွက်ဟာ အခုအချိန်ထိ ၂၆ ပါတီရှိနေပြီး အဲဒီအထဲက ၆ ပါတီက တနိုင်ငံလုံးအတိုင်းအတာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကျန် ပါတီ ၂၀ ကတော့ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၁ ရက်နေ့မှာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရေးဥပဒေသစ်ကို ပြဌာန်းလိုက်ပြီး ရက်ပေါင်း ၆၀ အတွင်း ပါတီတွေ မှတ်ပုံတင်ဖို့ ကြေညာထားပါတယ်။ မှတ်ပုံတင်ရေး ဥပဒေသစ်ဟာလာမယ့် မတ်လ ၂၆ ရက်နေ့မှာ သက်တမ်း ပြည့်မှာဖြစ်ပေမယ့် ကြားထဲမှာ ရုံးပိတ်ရက်ခံနေတဲ့အတွက် မတ်လ ၂၈ရက်နေ့အထိ ထပ်မံ သတ်တမ်းတိုးထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ကျနော်တို့ ရက်ပေါင်း ၆၀ အတွင်းဖြစ်တဲ့ မတ် လ ၂၆ ရက်နေ့မှာ သက်တမ်းပြည့်မှာ ဖြစ်တယ်။ သို့သော် ကျနော်တို့က မတ်လ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်ဟာ ရုံးပိတ်ရက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ၂၈ ရက်နေ့မှာ နောက်ဆုံးထားပြီးတော့ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်ခင်မျာ။”
လက်ရှိ အသစ်ပြဌာန်းထားတဲ့ ပါတီမှတ်ပုံတင်ရေး ဥပဒေဟာ တရားဝင် ဥပဒေတစ်ခုမဟုတ်သလို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှာ သွားရောက်ပြီးတော့ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေဟာလည်း စစ်အုပ်စုရဲ့ ဖြစ်တည်မှုကို လက်ခံပြီးတော့ စစ်အုပ်စုနဲ့အတူ ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေမှုကို အားပေးအားမြှောက်တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့လည်း ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။