ပါတီမှတ်ပုံတင်ရေး ရခိုင်ပါတီတွေကြား သဘောထားကွဲပြားမှုတွေရှိနေ
နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေသစ်ကို စစ်ကောင်စီကပြဌာန်းလိုက်ပြီးနောက် ပါတီမှတ်ပုံတင်ရေး-မတင်ရေး ပါတီတွင်း သဘောထားကွဲလွဲနေကြောင့် ရခိုင်အမျိုးသားပါတီ ANP က ပြောပါတယ်။ ကော်မရှင်မှာ မှတ်ပုံတင်မယ့် နိုင်ငံရေးပါတီတွေဟာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ ဖြစ်တယ်လို့လည်း ပါတီတွေအကြား ဝေဖန်နေတာပါ။