သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုးအိမ်စွန့်ခဲ့ရသော ရခိုင်ဒေသခံတချို့ရဲ့ မြင်ကွင်း။ (ဓာတ်ပုံ - သက်နိုင် (ဗွီအိုအေ))

[Zawgyi/Unicode]

ရသေ့တောင်မြို့နယ် ရွှေလောင်းတင် ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရွှေလောင်းတင်ကျေးရွာမှာ ပြီးခဲ့တဲ့ တစ်‌ပတ်လောက်ကတည်းက လက်နက်ကြီးကျည်ရောက်ခဲ့တာတွေ‌ရှိတာကြောင့် ‌ဒေသခံရွာသားတွေဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေရတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဒေသခံ ၃၀၀ လောက်ဟာ ရွှေလောင်းတင်ကျေးရွာနဲ့ နီးစပ်တဲ့ ရေပိုက်ဆုံကျေးရွာကို ထွက်ပြေးနေကြရပြီး လူဦးရေများပြားတာကြောင့် နေရာထိုင်ခင်း အခက်အခဲများနဲ့ ရင်ဆိုင်နေကြရတယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။

[Unicode Version]





XS
SM
MD
LG