သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေမာင္ေတာၿမိဳ႕နယ္တြင္း AA နဲ႔ စစ္ေကာင္စီတပ္ တိုက္ပြဲျဖစ္


ရခုိင္ျပည္နယ္ေျမာက္ပိုင္း၊ ေမာင္ေတာၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖဲြ႔ AA တို႔ တုိက္ပြဲျဖစ္ပြါးရာ မီးတုိက္ေက်းရြာ။ (MIMU)

[[Zawgyi/Unicode]]

ရခိုင္ေျမာက္ပိုင္း ေမာင္ေတာၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။ ေမာင္ေတာၿမိဳ႕နယ္ထဲက မီးတိုက္ေက်း႐ြာနားမွာ ေဖေဖာ္ဝါရီလ ၄ ရက္နဲ႔ ၆ ရက္ေန႔ေတြမွာ တိုက္ပြဲေတြျဖစ္ခဲ့တာပါ။ စစ္တပ္ဘက္ ထိုးစစ္ဆင္လာတဲ့အတြက္ တိုက္ပြဲေတြ ျပင္းထန္ခဲ့တယ္လို႔ AA အဖြဲ႔ ေျပာခြင့္ရက ေျပာပါတယ္။ ေမာင္ေတာေဒသဘက္ မွာ ၂ ဘက္ စစ္ေရးတင္းမာေနတဲ့အေၾကာင္း ရန္ကုန္က လာတဲ့သတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ၾကား နားလည္မႈနဲ႔ အပစ္အခတ္ရပ္စဲထားတာ ၁ ႏွစ္ေက်ာ္ၿပီျဖစ္တဲ့ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြျပန္ျဖစ္ခဲ့ပါတယ္။ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာၿမိဳ႕နယ္အတြင္းက မီးတိုက္ေက်း႐ြာအနီးမွာ မေန႔က ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ မွာ သုံးနာရီေက်ာ္ၾကာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရက ေျပာပါတယ္။ ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္း လက္ပန္ေတာင္ေၾကာက AA အဖြဲ႔ေတြရွိတဲ့ေနရာကို စစ္တပ္ဘက္က ထိုးစစ္ဆင္လာတာေၾကာင့္ တိုက္ပြဲ ျဖစ္ခဲ့တာျဖစ္ၿပီး တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔လည္း AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခက ဗီြအိုေအကို ေျပာပါတယ္။

“မေန႔က ေဖေဖာ္ဝါရီလ ၆ ရက္ေန႔မွာေတာ့ ေမာင္ေတာၿမိဳ႕နယ္ မီးတိုက္႐ြာရဲ႕ အေရွ႕ေျမာက္ ဘက္ ၃ ကီလိုမီတာခြဲေလာက္အကြာ လက္ပန္ေတာင္ေၾကာမွာ ျမန္မာစစ္တပ္နဲ႔ က်ေနာ္တို႔ ရကၡိဳင့္တပ္ေတာ္ၾကားမွာ တိုက္ပြဲျဖစ္ခဲ့တာေတာ့ရွိတယ္ဗ်ာ၊ ဘာေၾကာင့္လဲဆိုေတာ့ ျမန္မာစစ္ တပ္ဘက္ကေနၿပီးေတာ့ အဲဒီလက္ပန္ေတာင္ေၾကာကို ထပ္ၿပီးေတာ့ ထိုးစစ္ဆင္လာတဲ့အတြက္ေၾကာင့္မို႔ တိုက္ပြဲက ျဖစ္ခဲ့တာ။ တိုက္ပြဲျဖစ္တာကေတာ့ မြန္းလြဲ ၃ နာရီမွာ တိုက္ပြဲစျဖစ္ တာေပါ့၊ အဲဒီမွာ ျမန္မာစစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ စၿပီးေတာ့ ပစ္ခတ္တယ္၊ ၿပီးလို႔ ရွိရင္ေတာ့ သူတို႔ ေျမျပင္က ထိုးစစ္လုပ္တာေပါ့၊ တိုက္ပြဲကေတာ့ ညေန ၆ နာရီ ၁၅ မိနစ္ေလာက္မွပဲ ေသနတ္သံတိတ္သြားတာေပါ့၊ တိုက္ပြဲအတြင္းမွာ က်ေနာ္တို႔ဘက္ကေတာ့ ထိခိုက္ က်ဆုံးမႈမရွိဘူးဗ်၊ ျမန္မာစစ္တပ္ဘက္ကေတာ့ ထိခိုက္က်ဆုံးမႈရွိတယ္လို႔ က်ေနာ္တို႔ သိရတာေပါ့၊ ဘယ္ႏွစ္ေယာက္လဲဆိုတဲ့ အေသးစိတ္အခ်က္အလက္ကေတာ့ ေလာေလာဆယ္ က်ေနာ့္ဆီကိုေတာ့ မေရာက္ေသးဘူးဗ်ာ။”

တနဂၤေႏြေန႔က တိုက္ပြဲျဖစ္ပြားခဲ့တဲ့ မီးတိုက္ေက်း႐ြာအနီး လက္ပန္ေတာင္ေၾကာမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ ဝါရီလ ၄ ရက္ေန႔ကက တိုက္ပြဲ စျဖစ္ခဲ့တာပါ။ ဒီေန႔မွာေတာ့ တိုက္ပြဲေတြ ရပ္ေနတယ္လို႔ ခိုင္သုခကေျပာပါတယ္။

“ဒီေန႔မွာေတာ့ ဆက္ၿပီးေတာ့ တိုက္ပြဲျဖစ္တာ အခုအခ်ိန္ထိေတာ့ မရွိေသးဘူးဗ်ာ၊ ၿငိမ္ေန တယ္လို႔ ေျပာလို႔ရတာေပါ့၊ မေန႔က တိုက္ပြဲျဖစ္တဲ့ေနရာ ဒီ ေမာင္ေတာၿမိဳ႕နယ္ မီးတိုက္႐ြာရဲ႕ အေရွ႕ေျမာက္ဘက္ ၃ ကီလိုမီတာခြဲေလာက္ အကြာမွာရွိတဲ့ လက္ပန္ေတာင္ေၾကာမွာေပါ့ေနာ္။ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ကလည္း အဲဒီမွာ တိုက္ပြဲျဖစ္ခဲ့တာရွိတယ္ဗ်ာ။”

ရခိုင္ျပည္နယ္မွာ စစ္တပ္နဲ႔ AA အဖြဲ႔တို႔ၾကား ၂ ဘက္နားလည္မွႈနဲ႔ အပစ္ရပ္ထားခဲ့ၿပီး တစ္ႏွစ္ ေက်ာ္ၾကာခ်ိန္ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလ ၉ ရက္ေန႔က ပထမဆုံးအႀကိမ္ တိုက္ပြဲေတြျပန္ျဖစ္ခဲ့တာပါ။ အဲဒီကတည္းက ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔ၾကား စစ္ေရးတင္းမာေနပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ခုလိုေျပာပါတယ္။

“ေနရာတိုင္းမွာ တင္းမာေနတယ္လို႔ေတာ့ ေျပာလို႔မရဘူးေပါ့ေနာ္။ ဒါေပမယ့္ တခ်ိဳ႕ေနရာ ေတြမွာေတာ့ တင္းမာမႈေတြ ဆက္ၿပီးေတာ့ ရွိေနတယ္လို႔ ေျပာရမွာေပါ့။”

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ ၂၀၁၈ အကုန္ပိုင္းေလာက္ကေန ၂၀၂၀ ခုႏွစ္ ေအာက္ တိုဘာအထိ AA အဖြဲ႔နဲ႔ စစ္တပ္ၾကား တိုက္ပြဲေတြ အႀကီးအက်ယ္ ျဖစ္ခဲ့တာေၾကာင့္ ေဒသခံ ၂ သိန္းေက်ာ္ေလာက္ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ရပါတယ္။ လက္ရွိအခ်ိန္ထိလည္း စစ္ေဘးဒုကၡသည္ ၁ သိန္းနီးပါးေနရပ္ မျပန္ႏိုင္ၾကေသးပါဘူး။ အခုလည္း ေမာင္ေတာၿမိဳ႕နယ္ထဲမွာ တိုက္ပြဲေတြျပန္ျဖစ္ေနၿပီး စစ္ေရးတင္းမာေနတာေၾကာင့္ ရခိုင္ျပည္နယ္တခုလုံး အတာနဲ႔ တိုက္ ပြဲေတြ ျဖစ္ပြားလာမွာကို ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]
မောင်တောမြို့နယ်တွင်း AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်


ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ မောင်တောမြို့နယ်ထဲက မီးတိုက်ကျေးရွာနားမှာ ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၆ ရက်နေ့တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ စစ်တပ်ဘက် ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ AA အဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ မောင်တောဒေသဘက် မှာ ၂ ဘက် စစ်ရေးတင်းမာနေတဲ့အကြောင်း ရန်ကုန်က လာတဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲထားတာ ၁ နှစ်ကျော်ပြီဖြစ်တဲ့ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းက မီးတိုက်ကျေးရွာအနီးမှာ မနေ့က ဖေဖော်ဝါရီလ ၆ ရက်နေ့ မှာ သုံးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်း လက်ပန်တောင်ကြောက AA အဖွဲ့တွေရှိတဲ့နေရာကို စစ်တပ်ဘက်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲ ဖြစ်ခဲ့တာဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့လည်း AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“မနေ့က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာတော့ မောင်တောမြို့နယ် မီးတိုက်ရွာရဲ့ အရှေ့မြောက် ဘက် ၃ ကီလိုမီတာခွဲလောက်အကွာ လက်ပန်တောင်ကြောမှာ မြန်မာစစ်တပ်နဲ့ ကျနော်တို့ ရက္ခိုင့်တပ်တော်ကြားမှာ တိုက်ပွဲဖြစ်ခဲ့တာတော့ရှိတယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ မြန်မာစစ် တပ်ဘက်ကနေပြီးတော့ အဲဒီလက်ပန်တောင်ကြောကို ထပ်ပြီးတော့ ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်မို့ တိုက်ပွဲက ဖြစ်ခဲ့တာ။ တိုက်ပွဲဖြစ်တာကတော့ မွန်းလွဲ ၃ နာရီမှာ တိုက်ပွဲစဖြစ် တာပေါ့၊ အဲဒီမှာ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ စပြီးတော့ ပစ်ခတ်တယ်၊ ပြီးလို့ ရှိရင်တော့ သူတို့ မြေပြင်က ထိုးစစ်လုပ်တာပေါ့၊ တိုက်ပွဲကတော့ ညနေ ၆ နာရီ ၁၅ မိနစ်လောက်မှပဲ သေနတ်သံတိတ်သွားတာပေါ့၊ တိုက်ပွဲအတွင်းမှာ ကျနော်တို့ဘက်ကတော့ ထိခိုက် ကျဆုံးမှုမရှိဘူးဗျ၊ မြန်မာစစ်တပ်ဘက်ကတော့ ထိခိုက်ကျဆုံးမှုရှိတယ်လို့ ကျနော်တို့ သိရတာပေါ့၊ ဘယ်နှစ်ယောက်လဲဆိုတဲ့ အသေးစိတ်အချက်အလက်ကတော့ လောလောဆယ် ကျနော့်ဆီကိုတော့ မရောက်သေးဘူးဗျာ။”

တနင်္ဂနွေနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မီးတိုက်ကျေးရွာအနီး လက်ပန်တောင်ကြောမှာ ပြီးခဲ့တဲ့ ဖေဖော် ဝါရီလ ၄ ရက်နေ့ကက တိုက်ပွဲ စဖြစ်ခဲ့တာပါ။ ဒီနေ့မှာတော့ တိုက်ပွဲတွေ ရပ်နေတယ်လို့ ခိုင်သုခကပြောပါတယ်။

“ဒီနေ့မှာတော့ ဆက်ပြီးတော့ တိုက်ပွဲဖြစ်တာ အခုအချိန်ထိတော့ မရှိသေးဘူးဗျာ၊ ငြိမ်နေ တယ်လို့ ပြောလို့ရတာပေါ့၊ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာ ဒီ မောင်တောမြို့နယ် မီးတိုက်ရွာရဲ့ အရှေ့မြောက်ဘက် ၃ ကီလိုမီတာခွဲလောက် အကွာမှာရှိတဲ့ လက်ပန်တောင်ကြောမှာပေါ့နော်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း အဲဒီမှာ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်ဗျာ။”

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ AA အဖွဲ့တို့ကြား ၂ ဘက်နားလည်မှှုနဲ့ အပစ်ရပ်ထားခဲ့ပြီး တစ်နှစ် ကျော်ကြာချိန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ပထမဆုံးအကြိမ် တိုက်ပွဲတွေပြန်ဖြစ်ခဲ့တာပါ။ အဲဒီကတည်းက မောင်တောမြို့နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့ကြား စစ်ရေးတင်းမာနေပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ AA ပြောခွင့်ရ ခိုင်သုခက ခုလိုပြောပါတယ်။

“နေရာတိုင်းမှာ တင်းမာနေတယ်လို့တော့ ပြောလို့မရဘူးပေါ့နော်။ ဒါပေမယ့် တချို့နေရာ တွေမှာတော့ တင်းမာမှုတွေ ဆက်ပြီးတော့ ရှိနေတယ်လို့ ပြောရမှာပေါ့။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်ကနေ ၂၀၂၀ ခုနှစ် အောက် တိုဘာအထိ AA အဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့တာကြောင့် ဒေသခံ ၂ သိန်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ လက်ရှိအချိန်ထိလည်း စစ်ဘေးဒုက္ခသည် ၁ သိန်းနီးပါးနေရပ် မပြန်နိုင်ကြသေးပါဘူး။ အခုလည်း မောင်တောမြို့နယ်ထဲမှာ တိုက်ပွဲတွေပြန်ဖြစ်နေပြီး စစ်ရေးတင်းမာနေတာကြောင့် ရခိုင်ပြည်နယ်တခုလုံး အတာနဲ့ တိုက် ပွဲတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

============

XS
SM
MD
LG