သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောလိဝုဒ်မင်းသမီး Raquel Welch ကွယ်လွန် 


RAQUEL WELCH-DECESO

[[Zawgyi/Unicode]]

အမေရိကန်နာမည်ကျော် မော်ဒယ်နဲ့ရုပ်ရှင်မင်းသမီးကြီး Raquel Welch ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားကြောင်း သူ့ရဲ့ကိုယ်စားလှယ်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ရက်အနည်းငယ်ကြာ နေမကောင်းဖြစ်ပြီးနောက် ကွယ်လွန်သွားတာလို့ ဆိုပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ Raquel Welch ဟာ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဟောလီးဝုဒ်ရဲ့ ညှို့ငင်အားကောင်းသူအဖြစ် နိုင်ငံတကာမှာ ထင်ရှားကျော်ကြားခဲ့သူပါ။

၁၉၆၆ ခုနှစ်က One Million Years BC. ရုပ်ရှင်မှာ ဘီကီနီ ရေကူးဝတ်စုံဝတ်ပြီး ဂူအောင်း အမျိုးသမီးအဖြစ် သရုပ်ဆောင်ခဲ့တာကို လူအများကမှတ်မိနေကြပြီး ၁၉၇၄ ခုနှစ်မှာ သူရဲကောင်း ၃ ယောက် (The Three Musketeers) ရုပ်ရှင်ကားနဲ့လည်း ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့ပါတယ်။

သူဟာ သရုပ်ဆောင်အပြင် အဆိုနဲ့အကပိုင်းမှာလည်း ကျွမ်းကျင်ခဲ့ပြီး အနုပညာအကဲဖြတ်တွေကို အံ့အားသင့်စေခဲ့သူလည်း ဖြစ်ပါတယ်။

ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများစွာ ရိုက်ကူးခဲ့ပြီး သူ့ရဲ့ပုံရိပ်ကို မီဒီယာမျိုးစုံက ဖော်ပြခဲ့သလို နာမည်ကျော်အော်စကာဆုရ The Shawshank Redemption ရုပ်ရှင်ရဲ့ အထွဋ်အထိပ် ဇာတ်ဝင်ခန်းတခုမှာလည်း သူ့ပိုစတာပုံရိပ်ကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။

အိမ်ထောင် ၄ ဆက်ရှိခဲ့တဲ့ Raquel Welch ဟာ သားသမီး ၂ ယောက်ထွန်းကားခဲ့ပြီး သမီးဖြစ်သူ Tahnee Welch ကလည်း ရုပ်ရှင်သရုပ်ဆောင်တဦး ဖြစ်ပါတယ်။

ဟောလိဝုဒ်မင်းသမီး Raquel Welch ကွယ်လွန် .mp3
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

============

[[Unicode]]








XS
SM
MD
LG