သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



ဟောလိဝုဒ် အနုပညာလောကမှာ မြန်မာပြည်ဖွား အနုပညာရှင်တွေအတွက် နေရာတခုရဖို့ ခက်ခဲပေမဲ့ အနုပညာလုပ်ငန်းကို နှစ်သက်လွန်းတဲ့အတွက် အခက်အခဲတွေကြားကပဲ အောင်မြင်မှုရအောင် ကြိုးစားနေပါတယ်လို့ ချင်းလူမျိုး ရုပ်ရှင်မင်းသမီး Priscilla Bawicia က ပြောပါတယ်။ ဒီတပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။

(Zawgyi/Unicode)
=============================
[Unicode]
ဟောလိဝုဒ်ရောက် ချင်းအမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် Priscilla Bawicia (အမျိုးသမီးကဏ္ဍ)
ဟောလိဝုဒ် အနုပညာလောကမှာ မြန်မာပြည်ဖွား အနုပညာရှင်တွေအတွက် နေရာတခုရဖို့ ခက်ခဲပေမဲ့ အနုပညာလုပ်ငန်းကို နှစ်သက်တဲ့အတွက် အခက်အခဲတွေကြားကပဲ အောင်မြင်မှုရအောင် ကြိုးစားနေပါတယ်လို့ GodComplx ရုပ်ရှင်ဇာတ်လမ်း စီးရီးမှာ အဓိကသရုပ်ဆောင် တယောက်အဖြစ် ပါဝင်ခဲ့တဲ့ ချင်းလူမျိုး ရုပ်ရှင်မင်းသမီး Priscilla Bawicia (ဘွိုင်ချာ) က ပြောပါတယ်။ လတ်တလော ဟောလိဝုဒ် ရုပ်ရှင်ဇာတ်လမ်း စီးရီးတချို့နဲ့ မြန်မာဇာတ်လမ်းတချို့မှာ ပါဝင် သရုပ်ဆောင်ထားပြီး ကိုယ်တိုင် ဦးဆောင်တဲ့ ကိုယ်ပိုင်တီဗွီရှိုး တခု ရှိလာတဲ့အထိ ရည်ရွယ် ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။ Priscilla ရဲ့ အနုပညာ အိပ်မက်တွေနဲ့အတူ ဟောလိဝုဒ်မှာ သူ ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေ၊ ဒါတွေကို ဘယ်လိုကျော်ဖြတ်နေသလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

မှတ်ချက်များဖတ်ရန်

XS
SM
MD
LG